မအိပ်ရတဲ့ ညတွေအကြောင်းကို ငယ်ရွယ်သေးတဲ့ မိဘတွေထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ ကလေးငိုပြီဆိုရင် မိဘတွေက တစ်နာရီပြည့်အောင်တောင် မအိပ်ရတော့ပါဘူး။ နည်းအမျိုးမျိုးနဲ့ ချော့သိပ်ရတော့တာပါပဲ။
ကလေးအိပ်ပျော်စေဖို့ တချို့မိဘတွေက သီချင်းဆိုပြ ကြပါတယ်။ တချို့က ပဝါလေးတစ်ထည်ကို ကလေးမျက်နှာနားမှာ ဝေ့ရမ်းကြပါတယ်။ တချို့မိဘတွေဆို ရေချိုးပေးတဲ့နည်းကို သုံးနေဆဲပါပဲ။ တကယ်တော့ ပိုလွယ်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒီနည်းကို သမီးလေးကို ချော့ဖို့အတွက် အဖေတစ်ယောက်က တီထွင်ခဲ့ပါတယ်။
spass / Shutterstock.com
အဖေနာမည်က Daniel Eisenman ဖြစ်ပြီး California ပြည်နယ်မှာ နေပါတယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိလို့ ပျော်ရွှင်နေသူပါ။ ကလေးကို တုန်နေအောင် ချစ်တယ်ဆိုရင်တောင် ကလေး အငိုမတိတ်တော့ဘူး ဆိုရင် စိတ်ကသိကအောက် ဖြစ်လာတာပါပဲ။
ကံကောင်းတာကတော့ Danielမှာ နည်းလမ်းတစ်ခု ရှိပါတယ်။ ဒီနည်းကတော့ အမြဲအလုပ်ဖြစ်ပါတယ်။ Daniel ရဲ့ သမီးလေးက စငိုပြီဆိုစင် 'O-m-m-m' လို့ အော်ပါတယ်။ ငါးစက္ကန့်ကြာရင်တော့ မငိုတော့ပါဘူး။ Videoမှာ ကြည့်ပါ။
Daniel ရဲ့ သမီးလေးက ကြားနေကျ အသံမဟုတ်ရင် အငိုရပ်ပါတယ်။ Daniel က ဒီ video ကို Facebook မှာ တင်လိုက်တာ Like ပေါင်း 273000 နဲ့ share သူ 407000 ရှိခဲ့ပါတယ်။ Daniel က ရှင်းပြပါတယ် ။
'O-m-m-m' လို့ အော်ခြင်းဟာ ကလေးက မိခင်ဗိုက်ထဲမှာ နေတုန်းက မိခင်အသံ ကြားရသလို ပုံစံကို အတုယူလိုက်ခြင်းပါ။ ဘယ်အသံမဆို ဖုန်စုပ်စက်ရဲ့ အသံကြားရင်တောင်မှ ကလေးက မိခင်ရဲ့ နှလုံးခုန်သံကို မှတ်မိပါတယ်။ ဒီလိုအသံကို အသုံးပြုကတည်းက ကလေးတွေငိုရင် ချက်ချင်း အငိုတိတ်သွားပါတယ်။
ရုပ်သံကြည့်ရန်
အခုဆိုရင် ကလေးအငိုတိတ်မယ့် နည်းလမ်းကို သိပါပြီ။ သင်ကော ဘယ်လိုနည်းလမ်းတွေကို သုံးနေပါသလဲ။
Zombie (LoveMedia)
Ref - fabiosa
For Zawgyi
ကလေးအငိုတိတ်အောင် လုပ်နိုင်တဲ့နည်းတွေ့ခဲ့တဲ့ ဉာဏ်ကောင်းတဲ့ဖေဖေ (ရုပ်သံ)
Zombie (LoveMedia)
Ref - fabiosa