မန်နေဂျာအပါအဝင် ဝန်ထမ်း စုစုပေါင်း ၁၀၀ ကျော်ရှိ
ကိုဗစ်-19 ပိုးတွေ့လူနာ အမျိုးသမီးနှစ်ဦး အလုပ်လုပ် ကိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ Music Zone KTV အား ယမန်နေ့ (စက်တင်ဘာ ၃ရက်) ညပိုင်းက Lockdown ချထားကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။
သုဝဏ္ဏသင်တန်းကျောင်းမှာ Quaratine Center ဖွင့်ထားတယ်။ အဲဒီမှာ ၅၂ ဦးရှိတယ်။ အာခေါင်ဖတ်၊ နှာခေါင်းဖတ် လာယူနေပါပြီ" ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၃ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅၉၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် (၇၅) ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
ယနေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-19 အတည်ပြုလူနာ ၁၁၃၃ ဦးနှင့် သေဆုံးသူ ၇ ဦးရှိခဲ့သည်။
မင်းမောင်-Myanmar Harp
For Zawgyi
ကိုဗစ်-19 ပိုးတွေ့သူနှစ်ဦး အလုပ်လုပ်သည့် Music Zone KTV အား Lockdown ချ