Source: China Press

ခွေးတွေက လူတွေအပေါ် သစ္စာရှိပြီး သူတို့ရဲ့သခင်တွေကို စောင့်ရှောက်တတ် ကြပါတယ်။ ကြောင်တွေက တစ်ခါတရံမှာ သီးခြားနေတတ် ကြပါတယ်။ ဒါပေမယ့် ကြောင်တွေ ကလည်း သခင်တွေအပေါ်မှာ သစ္စာရှိပါတယ်။

ဒီအဖြစ်အပျက် ကတော့ တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ အိမ်မှာ လေးဘက်သွား ကလေးလေး တစ်ယောက်နဲ့ ကြောင်လေး တကောင်ပဲ ကျန်ခဲ့တဲ့အချိန်မှာ လေးဘက်သွားကလေးလေးက လှေကားဆီကို သွားပါတယ်။ အဲဒီအချိန်မှာ ကြောင်လေးက ကလေးကို လှေကားပေါ် ကနေ ပြုတ်မကျအောင် ကယ်တင်လိုက် နိုင်ပါတယ်။

Source: China Press

ကလေးက အသက်တစ်နှစ်လောက်တောင် မရှိသေးပါဘူး။ လမ်းလည်း မလျှောက်တတ်သေးလို့ ဧည့်ခန်းထဲမှာ လေးဘက်သွားနေပါတယ်။ ကြောင်လေးက ဆိုဖာပေါ်မှာရှိနေပြီး ကလေးလေးကို စောင့်ကြည့်နေတဲ့ပုံပါပဲ။

ကလေးက ကြမ်းပြင်ပေါ်လေးဘက်သွားရင် လှေကားဆီ ရောက်သွားပါတယ်။ လှေကားကလည်း အတော်မတ်ပါတယ်။ အဲဒီအချိန်မှာ ကြောင်လေးက ဆိုဖာပေါ်ကနေ မြန်မြန်ခုန်ဆင်းပြီး ကလေးလေးဆီ ပြေးသွားပါတယ်။

Source: China Press

ကြောင်လေးက သူ့ရဲ့လက်သေးသေးလေးတွေနဲ့ ကလေးပြုတ်မကျအောင် ကြမ်းပြင်ရှိတဲ့ ဘက်ကို တွန်းပါတယ်။ ကြောင်လေး ကယ်လိုက်နိုင်လို့ ကလေးလေးက လှေကားပေါ်ကနေ ပြုတ်မကျဘဲ ဧည့်ခန်းထဲ ပြန်ရောက် သွားပါတယ်။ ကလေးကို ဘာ့ကြောင့် အိမ်မှာ တယောက်တည်း ထားခဲ့လဲ ဆိုတာကိုတော့ မဖော်ပြထား ပါဘူး။

ရုပ်သံကြည့်ရန်

Zombie (LoveMedia)

For Zawgyi

ေလွကားေပၚက ျပဳတ္က်ေတာ့မယ့္ ကေလးကို ကယ္တင္လိုက္တဲ့ ေၾကာင္ေလး (႐ုပ္သံ)

ေခြးေတြက လူေတြအေပၚ သစၥာရွိၿပီး သူတို႔ရဲ႕သခင္ေတြကို ေစာင့္ေရွာက္တတ္ ၾကပါတယ္။ ေၾကာင္ေတြက တစ္ခါတရံမွာ သီးျခားေနတတ္ ၾကပါတယ္။ ဒါေပမယ့္ ေၾကာင္ေတြ ကလည္း သခင္ေတြအေပၚမွာ သစၥာရွိပါတယ္။

ဒီအျဖစ္အပ်က္ ကေတာ့ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ခဲ့တာပါ။ အိမ္မွာ ေလးဘက္သြား ကေလးေလး တစ္ေယာက္နဲ႔ ေၾကာင္ေလး တေကာင္ပဲ က်န္ခဲ့တဲ့အခ်ိန္မွာ ေလးဘက္သြားကေလးေလးက ေလွကားဆီကို သြားပါတယ္။ အဲဒီအခ်ိန္မွာ ေၾကာင္ေလးက ကေလးကို ေလွကားေပၚ ကေန ျပဳတ္မက်ေအာင္ ကယ္တင္လိုက္ ႏိုင္ပါတယ္။

ကေလးက အသက္တစ္ႏွစ္ေလာက္ေတာင္ မရွိေသးပါဘူး။ လမ္းလည္း မေလွ်ာက္တတ္ေသးလို႔ ဧည့္ခန္းထဲမွာ ေလးဘက္သြားေနပါတယ္။ ေၾကာင္ေလးက ဆိုဖာေပၚမွာရွိေနၿပီး ကေလးေလးကို ေစာင့္ၾကည့္ေနတဲ့ပုံပါပဲ။

ကေလးက ၾကမ္းျပင္ေပၚေလးဘက္သြားရင္ ေလွကားဆီ ေရာက္သြားပါတယ္။ ေလွကားကလည္း အေတာ္မတ္ပါတယ္။ အဲဒီအခ်ိန္မွာ ေၾကာင္ေလးက ဆိုဖာေပၚကေန ျမန္ျမန္ခုန္ဆင္းၿပီး ကေလးေလးဆီ ေျပးသြားပါတယ္။

ေၾကာင္ေလးက သူ႔ရဲ႕လက္ေသးေသးေလးေတြနဲ႔ ကေလးျပဳတ္မက်ေအာင္ ၾကမ္းျပင္ရွိတဲ့ ဘက္ကို တြန္းပါတယ္။ ေၾကာင္ေလး ကယ္လိုက္ႏိုင္လို႔ ကေလးေလးက ေလွကားေပၚကေန ျပဳတ္မက်ဘဲ ဧည့္ခန္းထဲ ျပန္ေရာက္ သြားပါတယ္။ ကေလးကို ဘာ့ေၾကာင့္ အိမ္မွာ တေယာက္တည္း ထားခဲ့လဲ ဆိုတာကိုေတာ့ မေဖာ္ျပထား ပါဘူး။

Zombie (LoveMedia)