ကလေးတွေကို social media သုံးဖို့ ခွင့်ပြုပေးခြင်းက သူတို့ရဲ့ ဖွံ့ဖြိုးမှုတွေအပေါ် လွှမ်းမိုးမှုတွေ ရှိလာနိုင်ပါတယ်။ ကလေးတွေကို socail media သုံးဖို့ ခွင့်ပြုပေးလိုက်တဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါတယ်။ ၁၃ နှစ်အောက်ကလေးတွေ social media သုံးတဲ့အခါ ဖြစ်လာမယ့် ဆိုးကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Social media ပေါ်က လူတွေကို အားကျလာခြင်း
ဆယ်ကျော်သက် အရွယ်ကလေးတွေက ဖက်ရှင်ကို စတင်စိတ်ဝင်စား လာကြပြီး ထင်ပေါ်ချင် လာကြပါတယ်။ အဲဒါကြောင့် လူအများရဲ့စိတ်ဝင်စားမှု ရရှိတဲ့သူတွေကို အားကျလာပါလိမ့်မယ်။ အဲဒီကနေ Social media နဲ့ပြင်ပလောကရဲ့ ကွာခြားမှုတွေကို မခွဲခြားတတ် တော့ပါဘူး။
၂။ အလွန် share ခြင်း
အသက် ၁၃ နှစ်အောက်ကလေးတွေ social media သုံးပြီဆိုရင် သူတို့ရိုက်သမျှ ပုံတွေကို တစ်ကမ္ဘာလုံးသိအောင် share ချင်လာပါတော့တယ်။ အဲဒီကနေ ကလေးတွေရဲ့ မှတ်ပုံတင်၊ ဘဏ်ကတ်၊ နေရပ်လိပ်စာတွေကို လူအများက သိသွားရင် အန္တရာယ် ဖြစ်လာနိုင်ပါတယ်။
၃။ Online မှာ အနိုင်ကျင့်ခံရခြင်း
Online မှာ အနိုင်ကျင့်ခံရတာက ပြင်ပမှာ အနိုင်ကျင့်ခံရတာထက် ပိုဆိုးပါတယ်။ အနိုင်ကျင့်တဲ့သူကို လွတ်လွတ်လပ်လပ် အနိုင်ကျင့်နိုင်သလို တစ်ခါတရံမှာ အနိုင်ကျင့်သူကိုတောင် မသိနိုင်လို့ပါ။ အတင်းအဖျင်း စကားတွေ၊ ရန်ပွားစေတဲ့ စကားတွေကြောင့် ကလေးတွေက စိတ်ဓါတ်ကျ လာနိုင်ပါတယ်။ Cyberbullying က ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။
၄။ စိုးရိမ်သောက များလာခြင်း
သတင်းအမှားတွေ၊ online ကနေ အနိုင်ကျင့်မှုတွေကြောင့် ဆယ်ကျော်သက် အရွယ်ကလေးတွေမှာ စိုးရိမ်သောကတွေ များလာပါတယ်။ ဆယ်ကျော်သက်အရွယ် ဖြစ်တာကြောင့် စိတ်ဓါတ်က အလွန် မကြံ့ခိုင်သေးပါဘူး။ အဲဒါကြောင့် ၁၃ နှစ်အောက် ကလေးတွေကို ဝါသနာပါတဲ့အရာတွေ လုပ်ဖို့ပဲ ခွင့်ပြုပေးသင့်ပါတယ်။
၅။ အန္တရာယ်ဇုန်ထဲ ကျရောက်နိုင်ခြင်း
ကလေးတွေက socail media သုံးတဲ့အခါ ဖက်ရှင်၊ အက၊ ဂိမ်းစတဲ့အရာတွေကို အလွန်အမင်း စွဲလမ်းလာတတ်ပါတယ်။ အဲဒီကနေ မခန့်မှန်းနိုင်တဲ့၊ မတွေးရဲလောက်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
၆။ သူခိုးတွေရဲ့ ပြစ်မှတ်ဖြစ်လာနိုင်ခြင်း
သူခိုးတွေက ကလေးတွေကို ပစ်မှတ်ထား တတ်ပါတယ်။ ကလေးတွေက ချေးငွေလည်း မယူသလို အကြွေးဝယ်ကတ်လည်း မရှိပါဘူး။ ဘေလ်လည်း ပေးစရာမလိုပါဘူး။ ကလေးတွေ social media သုံးခြင်းကို သူခိုးတွေက ကောင်းကောင်းကြီးအသုံးချပြီး လိမ်လို့ရလာပါတယ်။
Zombie (Lovemedia)
source - brightside
For Zawgyi
အသက် ၁၃ နှစ်အောက်ကလေးတွေ social media သုံးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ
၂။ အလွန် share ခြင်း
Zombie (Lovemedia)
source - brightside
0 Comments