ကိုဗစ်က သေနိုင်လား မသေနိုင်လားတော့ မသိဘူးဗျာ။ စီးပွါးရေး ကျပ်တည်းလွန်းရင်တော့ လူတွေ စိတ်ကျရောဂါနဲ့ သေနိုင်တယ်။ အထူးသဖြင့် လက်လုပ်လက်စားထက် လုပ်ငန်းကြီးသမားတွေ ပိုပီး အထိနာနေတယ် လို့သုံးသပ်မိတယ်။

ကျနော်တို့ တအား ကြောက်နေလို့ မရသေးဘူး ကျနော်တို့ မိသားစု ဘဝတွေ ရှိသေးတယ်။ ကျနော်တို့ တင်နေတဲ့ အကြွေးတွေ ရှိသေးတယ်။ ကျနော်တို့နောက်မှာ မှီခိုနေတဲ့ အလုပ်သမား ဘဝတွေ ရှိသေးတယ်။ ကျနော်တို့ လုပ်ငန်းလည်ပတ် မှု့မရှိပဲ သုံးဆွဲနေတာတွေက ကျနော်တို့ အရင်းငွေတွေ ဖြစ်တယ်။

ပထမအစ ကိုဗစ်ဖြစ်တုန်းက သုံးခဲ့တဲ့ ငွေတွေဟာ ကျနော်တို့ လူလတ်တန်းစားတွေ အတွက် တော်တော် အထိနာပီးပါပီ။ အစိုးရ ထောက်ပံ့တဲ့ထဲလဲမပါ လူမှု့ထောက်ပံ့ထဲလဲ မပါ လူချမ်းသာလဲ မဟုတ် လူဆင်းရဲလဲ မဟုတ်ခဲ့ တော့...

ကျနော်တို့ဟာ အရင်းအနှီး လက်ဆုတ်လက်ကိုင်လေးနဲ့ လုပ်ငန်းနေရာရ ခါစ လူလတ်တန်းစား လေးတွေပေါ့။ ကိုဗစ်လဲ ဖြစ်လိုက်ရော လက်ဆုတ် လက်ကိုင်က ငွေအရင်းနှီးတွေပဲ ရှိခဲ့တော့ အလုပ်လက်မဲ့ ၅ လလောက်ထိုင်သုံးလိုက်ခြင်းဟာ ကျနော်တို့အဖို့ ပြန်လည်ပတ်အောင် တော်တော် ရုန်းကန်ရပါတော့မယ်။

ဒီတော့ ၅ လနဲ့ရောဂါပြတ်သွားခဲ့ရင် ကုန်ခဲ့တာတွေကို ပြန်ရှာဖို့ စိတ်ရောလူရောကြိုးစားလိုက်ရုံနဲ့ အဆင်ပြေနိုင်တယ်လို့ အားမွေးခဲ့ပေမယ့် ခုတော့...

ဒုတိယလှိုင်း... ပြန်ရပ်တန့်ခဲ့ရင် ကျနော်တို့ နလံမထူနိုင် တဲ့အပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်တာမို့ အားလုံး ကပ်ဆိုး ရောဂါဆိုးများမှ ကင်းဝေးကြပါစေ 😢

Crd

For Zawgyi

အစိုးရထောက်ပံ့တဲ့ထဲလဲမပါ လူချမ်းသာလဲမဟုတ်







Crd