ကြောင်လေးတွေကို ချစ်တတ်ပါသလား?
မိသားစု အတော်များများက အိမ်မှာကြောင်မွေးတာကို သဘောကျပါတယ်။  ကြောင်လေးတွေက ချစ်စရာကောင်းတဲ့ ခြေလေးချောင်းသတ္တဝါ ဖြစ်ရုံသာမက ကလေးတွေရဲ့ သူငယ်ချင်းကောင်းလေးတွေလည်း ဖြစ်ကြပါတယ်။
Lubava / Shutterstock.com
ကြောင်လေးတွေနဲ့ ကလေးတွေ ဆော့နေတာလေးတွေက ချစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ကြောင်ပိုင်ရှင်လေးက ဘယ်သူဖြစ်နိုင်မလဲ?? ။ ဒီပဟေဠိလေးက ပြောပြပေးပါလိမ့်မယ်။
frantic00 / Shutterstock.com
ပုံထဲမှာ ချစ်စရာကောင်းတဲ့ ကောင်မလေး ၃ ယောက် ရှိပါတယ်။  ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်က မိန်းကလေး ၃ ယောက်ရှေ့မှာ ကစားနေပါတယ်။ ကြောင်လေးရဲ့ပိုင်ရှင်က မိန်းကလေး ၃ ယောက်ထဲက တစ်ယောက်ပါ။ ဘယ်သူပါလိမ့်နော်? ။
mambee
ပဟေဠိတွေက နည်းနည်းတော့ အငြင်းပွားစရာတွေပါပဲ။ ပုံလေးတစ်ပုံကို ကြည့်ပြီး ပိုင်ရှင်ကို ဘယ်လိုခန့်မှန်းကြမလဲ?? ။ ပုံလေးကို အနီးကပ်ကြည့်ရင်တော့ အဖြေတွေ့မယ် ဆိုတာ အာမခံပါတယ်။  သေသေချာချာကြည့်ကြည့်နော်။
ကြောင်ပိုင်ရှင်လေးကို သိပြီလား?? ။ ကြောင်ပိုင်ရှင်လေးကတော့ အလယ်က မိန်းကလေးပါ။ ပုံကိုပြန်ကြည့်လိုက်တဲ့ အခါ  မိန်းကလေးရဲ့ ခေါင်းစည်းကြိုးနဲ့ ကြောင်လေးရဲ့ လည်စီးလေးနဲ့က တူပါတယ်။
mambee
အလယ်မှာ ရပ်နေတဲ့ မိန်းကလေးက ဆံပင်တစ်ဖက်ပဲ စည်းထားပြီး ခေါင်းစည်းကြိုးကို ကြောင်လေးကို ပေးလိုက်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒါကြောင့် အလယ်က မိန်းကလေးနဲ့ ကြောင်လေးက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြောင်း သိနိုင်ပါတယ်။ ဒီပဟေဠိလေးကိုဖြေပြီး ပျော်ရွှင်သွားမယ်လို့ မျှော်လင့်ပါတယ်။
MikhinaN / Shutterstock.com
Zombie (LoveMedia)
Ref-Mambee
For Zawgyi
ကြောင်ကလေးရဲ့သခင်မလေးက ဘယ်သူဖြစ်မလဲ ?
Zombie (LoveMedia)
Ref-Mambee