ကိုယ်ရေးကိုယ်တာ လုံခြုံရေးဟာ လူတစ်ယောက်အတွက် အလွန့်အလွန် အရေးကြီးပါတယ်။ ကိုယ့်ရဲ့ပြုမူ လှုပ်ရှားပုံတွေကို ဘယ်သူကမှ ချောင်းကြည့်တာ မခံလိုကြပါဘူး။ အချို့အခန်းတွေမှာ hidden cameras တွေ တပ်ဆင်ထားတတ်ကြပါတယ်။ အဝတ်လဲခန်းတွေမှာလည်း hidden camera တွေ ရှိနိုင်ပါတယ်။ ခိုးတပ်ထားတဲ့ hidden cameras တွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မယ့် နည်းလမ်းတွေကို lovemedia ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မသင်္ကာစရာကောင်းတဲ့ အရာတွေကို စေ့စေ့စပ်စပ်လိုက်ကြည့်ပါ။
© depositphotos.com
Hidden camera တွေကို အလွယ်ဆုံးရှာလို့ရမယ့် နည်းလမ်းကတော့ ကိုယ့်ဘေးနားက အရာတွေကို စေ့စေ့စပ်စပ် လိုက်ကြည့်တာပါ။ အထူးသဖြင့် နံရံအလှဆင်စက္ကူ၊ မီးအိမ်၊ စာအုပ်စင်၊ ဝါယာကြိုး၊ စတဲ့နေရာတွေမှာ hidden camera တွေ ရှိတတ်ပါတယ်။
၂။ Wi-fi ချိတ်ပါ။
© depositphotos.com
Hidden camera တွေကို wi-fi နဲ့ ချိတ်ထားတတ်ပါတယ်။ အဲဒါကြောင့် hidden camera တပ်ထားတယ်လို့ သံသယဖြစ်ရင် wi-fi ကို ဖွင့်လိုက်ပါ။ တကယ်လို့ hidden camera တပ်ထားရင် wi-fi တစ်ခု မိနေတာကို တွေ့ရမှာပါ။ Wi-fi မှာ IP camera ဒါမှမဟုတ် camera နာမည်ပေါ်နေပါတယ်။
၃။ ဖုန်းရဲ့ flash မီးကို သုံးပါ။
© depositphotos.com
အဝတ်လဲခန်းတွေမှာ hidden camera တွေကို ခိုးတပ်ထားဖို့ အလွယ်ဆုံးနေရာကတော့ မှန်ပါပဲ။ အဲဒါကြောင့် အဝတ်လဲခန်းထဲက မှန်တွေကိုလည်း သေချာကြည့်ဖို့လိုပါတယ်။ အဝတ်လဲခန်းထဲက မီးကိုပိတ်လိုက်ပြီး မှန်ကို flash မီးနဲ့ ထိုးလိုက်ပါ။ မှန်မှာ အလင်းပြန်ပြီး မှန်ရဲ့တခြားတစ်ဖက်မှာ တပ်ထားတဲ့ hidden camera ကို မြင်ရနိုင်ပါတယ်။
၄။ မှန်ကို စိုက်ကြည့်ပါ။
© shutterstock.com
နှစ်ဖက်ကြည့်လို့ရတဲ့ မှန်တွေကို အဝတ်လဲခန်းတွေထဲမှာ တပ်ထားတတ်ကြပါတယ်။ မှန်ရဲ့တစ်ဖက်က လင်းနေပြီး တစ်ဖက်မှာ မှောင်နေမှာပါ။ နှစ်ဖက်ကြည့်လို့ရတဲ့မှန် ဟုတ်လားဆိုတာ သိနိုင်ဖို့ မှန်ကို မျက်နှာနဲ့ကပ်ပြီး ကြည့်ပါ။ အခြားတစ်ဖက်ကို မြင်နေရရင် ကိုယ်အဝတ်လဲတာကို ချောင်းကြည့်နေနိုင်ပါတယ်။
၅။ မှန်ကို ထိကြည့်ပါ။
© depositphotos.com
ပုံမှန် မှန်တစ်ချပ်ကို ထိကြည့်လိုက်မယ်ဆိုရင် ကိုယ့်လက်ချောင်းနဲ့ မှန်ထဲက ပေါ်နေတဲ့လက်ချောင်းကြားမှာ နည်းနည်းလေးကွာနေတာကို အမြဲတွေ့ရမှာပါ။ အဲဒီလိုဆိုရင်တော့ တစ်ဖက်တည်း ကြည့်လို့ရတဲ့မှန် ဖြစ်တာကြောင့် စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် မှန်ကို ထိကြည့်တဲ့အခါ ကိုယ့်လက်ချောင်းနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းက ထိနေတယ် ဆိုရင်တော့ အဲဒါက နှစ်ဖက်မြင်ရတဲ့မှန်ပါပဲ။
Zombie (Lovemedia)
For Zawgyi
Hidden camera တပ်ထားရင် အလျင်မြန်ဆုံး ရှာတွေ့နိုင်မယ့်နည်းလမ်း (၅)ခု
၂။ Wi-fi ချိတ်ပါ။
၎။ မှန်ကို စိုက်ကြည့်ပါ။
၅။ မှန်ကို ထိကြည့်ပါ။
Zombie (Lovemedia)