လူသားတွေက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ သားရေအသုံးအဆောင် ပစ္စည်းတွေကို အချိန်များစွာကြာ ကြိုးစားထုတ်လုပ်ခဲ့ကြပါတယ်။ မက္ကဆီကိုနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၂ ဦးက ရှားစောင်းပင်က သားရေထုတ်လုပ်နိုင်မယ့် နည်းလမ်းကို တီထွင်ခဲ့ကြပါတယ်။ ရှားစောင်းပင်က ထွက်တဲ့သားရေက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့အပြင် တကယ့်သားရေအစစ်နဲ့လည်း ဆင်တူပါသေးတယ်။

© desserto.com

Adrián López Velarde နဲ့ Marte Cázarez တို့ဟာ ရှားစောင်းပင်ကနေ သားရေထုတ်လုပ်ဖို့အတွက် ကြံဆခဲ့ကြပါတယ်။ ရှားစောင်းပင်ကနေ ထုတ်လုပ်တဲ့သားရေကို Desserto လို့ ခေါ်ပါတယ်။ ရှားစောင်းပင်ကနေ ထုတ်လုပ်တဲ့ Desserto ကို ဖိနပ်ကစလို့ ပိုက်ဆံအိတ်အဆုံး အသုံးပြုလို့ရပါတယ်။

© desserto.pelle / Instagram

ရှားစောင်းပင်က ဖိအားဆွဲအားတွေကို ခံနိုင်ရည်ရှိပါတယ်။ ရှားစောင်းပင်က ဆောင်းရာသီမှာ အပူချိန်ကျနေရင်တောင် မသေဘဲ ရှင်သန်နိုင်ပါသေးတယ်။ ရင့်လာတဲ့အရွက်တွေကို မပျက်စီးအောင် သေချာရွေးချယ်ခူးကြောင်း သူတို့ရဲ့ website မှာ ဖော်ပြထားပါတယ်။ ရှားစောင်းပင်ကို ၆လကနေ ၈လကြာ စိုက်ပျိုးထားပါတယ်။ သူတို့ရဲ့ကုမ္ပဏီက ရှားစောင်းသားရေကို လက်ကိုင်အိတ်၊ ကားထိုင်ခုံ၊ ဖိနပ်နဲ့ အဝတ်အစားတွေမှာတောင် အသုံးပြုကြပါတယ်။ အဲဒါကြောင့် အဲဒီအသုံးအဆောင်ပစ္စည်းတွေက လုံးဝ organic စစ်စစ်ပါပဲ။

© desserto.com

ရှားစောင်းသားရေ လုပ်ဖို့အတွက် ရင့်နေတဲ့ရှားစောင်းရွက်တွေကို ခူးပြီး တိကျတဲ့ စိုထိုင်းဆရဖို့အတွက် ၃ ရက်ကြာ နေလှန်းပါတယ်။ အဲဒီနောက်မှာတော့ ရှားစောင်းသားရေဖြစ်လာဖို့ သားရေနည်းပညာအဆင့်ဆင့်နဲ့ ဆက်လက်ထုတ်လုပ်ပါတယ်။ ရှားစောင်းသားရေက ဘက်တီးရီးယားပိုးတွေကြောင့် တစ်စိတ်တစ်ဒေသသာ ဆွေးမြည့်ပျက်စီးနိုင်ပါတယ်။ ရှားစောင်းသားရေမှာ ပလက်စတစ် လုံးဝမပါပါဘူး။ အဲဒါကြောင့် ရှားစောင်းသားရေက ပိုပြီးတန်ဖိုးရှိလာပါတယ်။

© ADRIANO DI MARTI / Youtube

ရာသီဥတု အအေးဒဏ်ကို သေချာခံနိုင်တဲ့ ရှားစောင်းသားရေကို တိရစ္ဆာန်ကနေ ထုတ်လုပ်တဲ့ သားရေနေရာမှာ အစားထိုးသုံးလို့ ရပါတယ်။ လောလောဆယ်မှာတော့ သူတို့ရဲ့ကုန်ပစ္စည်းကို အသေးစားနဲ့ အလတ်စားစီးပွားရေးအဖြစ် ချဲ့ထွင်လာဖို့ ဆွေးနွေးနေကြပါတယ်။ ရှားစောင်းသားရေကြောင့် တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ခံရမှုလည်း နည်းပါးလာတော့မှာပါ။ Adrian နဲ့ Maret ရဲ့ နည်းပညာတွေက အော်ဂဲနစ်စစ်စစ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတာကြောင့် လူအများက စိတ်ဝင်စားနေကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ရွားေစာင္းပင္က သားေရထုတ္လုပ္ဖို႔ တီထြင္ခဲ့ၾကတဲ့ မကၠဆီကိုကုမၸဏီ

လူသားေတြက သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့ သားေရအသုံးအေဆာင္ ပစၥည္းေတြကို အခ်ိန္မ်ားစြာၾကာ ႀကိဳးစားထုတ္လုပ္ခဲ့ၾကပါတယ္။ မကၠဆီကိုႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္ ၂ ဦးက ရွားေစာင္းပင္က သားေရထုတ္လုပ္ႏိုင္မယ့္ နည္းလမ္းကို တီထြင္ခဲ့ၾကပါတယ္။ ရွားေစာင္းပင္က ထြက္တဲ့သားေရက သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့အျပင္ တကယ့္သားေရအစစ္နဲ႔လည္း ဆင္တူပါေသးတယ္။

Adrián López Velarde နဲ႔ Marte Cázarez တို႔ဟာ ရွားေစာင္းပင္ကေန သားေရထုတ္လုပ္ဖို႔အတြက္ ႀကံဆခဲ့ၾကပါတယ္။ ရွားေစာင္းပင္ကေန ထုတ္လုပ္တဲ့သားေရကို Desserto လို႔ ေခၚပါတယ္။ ရွားေစာင္းပင္ကေန ထုတ္လုပ္တဲ့ Desserto ကို ဖိနပ္ကစလို႔ ပိုက္ဆံအိတ္အဆုံး အသုံးျပဳလို႔ရပါတယ္။

ရွားေစာင္းပင္က ဖိအားဆြဲအားေတြကို ခံႏိုင္ရည္ရွိပါတယ္။ ရွားေစာင္းပင္က ေဆာင္းရာသီမွာ အပူခ်ိန္က်ေနရင္ေတာင္ မေသဘဲ ရွင္သန္ႏိုင္ပါေသးတယ္။ ရင့္လာတဲ့အ႐ြက္ေတြကို မပ်က္စီးေအာင္ ေသခ်ာေ႐ြးခ်ယ္ခူးေၾကာင္း သူတို႔ရဲ႕ website မွာ ေဖာ္ျပထားပါတယ္။ ရွားေစာင္းပင္ကို ၆လကေန ၈လၾကာ စိုက္ပ်ိဳးထားပါတယ္။ သူတို႔ရဲ႕ကုမၸဏီက ရွားေစာင္းသားေရကို လက္ကိုင္အိတ္၊ ကားထိုင္ခုံ၊ ဖိနပ္နဲ႔ အဝတ္အစားေတြမွာေတာင္ အသုံးျပဳၾကပါတယ္။ အဲဒါေၾကာင့္ အဲဒီအသုံးအေဆာင္ပစၥည္းေတြက လုံးဝ organic စစ္စစ္ပါပဲ။

ရွားေစာင္းသားေရ လုပ္ဖို႔အတြက္ ရင့္ေနတဲ့ရွားေစာင္း႐ြက္ေတြကို ခူးၿပီး တိက်တဲ့ စိုထိုင္းဆရဖို႔အတြက္ ၃ ရက္ၾကာ ေနလွန္းပါတယ္။ အဲဒီေနာက္မွာေတာ့ ရွားေစာင္းသားေရျဖစ္လာဖို႔ သားေရနည္းပညာအဆင့္ဆင့္နဲ႔ ဆက္လက္ထုတ္လုပ္ပါတယ္။ ရွားေစာင္းသားေရက ဘက္တီးရီးယားပိုးေတြေၾကာင့္ တစ္စိတ္တစ္ေဒသသာ ေဆြးျမည့္ပ်က္စီးႏိုင္ပါတယ္။ ရွားေစာင္းသားေရမွာ ပလက္စတစ္ လုံးဝမပါပါဘူး။ အဲဒါေၾကာင့္ ရွားေစာင္းသားေရက ပိုၿပီးတန္ဖိုးရွိလာပါတယ္။

ရာသီဥတု အေအးဒဏ္ကို ေသခ်ာခံႏိုင္တဲ့ ရွားေစာင္းသားေရကို တိရစာၦန္ကေန ထုတ္လုပ္တဲ့ သားေရေနရာမွာ အစားထိုးသုံးလို႔ ရပါတယ္။ ေလာေလာဆယ္မွာေတာ့ သူတို႔ရဲ႕ကုန္ပစၥည္းကို အေသးစားနဲ႔ အလတ္စားစီးပြားေရးအျဖစ္ ခ်ဲ႕ထြင္လာဖို႔ ေဆြးေႏြးေနၾကပါတယ္။ ရွားေစာင္းသားေရေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ေတြ သတ္ျဖတ္ခံရမႈလည္း နည္းပါးလာေတာ့မွာပါ။ Adrian နဲ႔ Maret ရဲ႕ နည္းပညာေတြက ေအာ္ဂဲနစ္စစ္စစ္ျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတာေၾကာင့္ လူအမ်ားက စိတ္ဝင္စားေနၾကပါတယ္။

Zombie (Lovemedia)