တချို့လူတွေက အချိန်မရှိခြင်း၊ သေချာတဲ့ အခွင့်အလမ်းမရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေကြောင့် ဘယ်လုပ်ငန်းမှာမဆို အောင်မြင်မှု မရနိုင်ပါဘူး။ ဒါတွေက အကြောင်းပြချက်တွေပါ။ ဆန္ဒပြင်းပြတဲ့လူအတွက်တော့ အောင်မြင်မှုရနိုင်ပါတယ်။ ခြေလက်အဂါင်္မပြည့်စုံခြင်းက အောင်မြင်မှုကို ဟန့်တားနိုင်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါကို သက်သေပြနိုင်တဲ့သူကတော့ အသက် 32 နှစ်အရွယ် Jessica Cox ဂျက်စီကာကော့ ဖြစ်ပါတယ်။

ဂျက်စီကာက မွေးရာပါ လက်မပါသူလေးပါ။ ဒါပေမယ့် ဖျတ်လတ်တက်ကြွပြီး ကျန်းမာတဲ့ မိန်းကလေးအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ သူမ ငယ်ငယ်တုန်းကဆိုရင် ရေကူးခြင်း၊ ကခြင်း၊ ကျွမ်းဘားကစားခြင်းတွေကိုတောင် စိတ်ဝင်စားခဲ့သူပါ။ အရင်တုန်းကတော့ ဂျက်စီကာက လက်အတုကို သုံးခဲ့ပါသေးတယ်။ အသက် 14 နှစ်ရောက်တော့ လက်အတုကို မသုံးတော့ဘဲ အရာရာကို ခြေထောက်နဲ့ လုပ်ဆောင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

အသက် 14 နှစ်မှာ ဂျက်စီကာက တိုက်ကွမ်ဒိုပြိုင်ပွဲမှာ ခါးပတ်အနက်တောင် ရခဲ့ပါသေးတယ်။ အခုတော့ ဂျက်စီကာက ခြေထောက်ကို သုံးပြီး အရာရာကို ပြုလုပ်နိုင်နေပါပြီ။ မျက်ကပ်မှန်တပ်ခြင်း၊ ဖုန်းနဲ့ message ပို့ခြင်း၊ ပီယာနိုတီးခြင်း စတာတွေကို ခြေထောက်နဲ့ပဲ လုပ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကားမောင်းတာနဲ့ လေယာဉ်မောင်းတာကိုလည်း သင်ယူခဲ့ပါသေးတယ်။ " လေယာဉ်မောင်းဖို့အတွက် ကျွန်မ အချိန်သုံးနှစ်ယူခဲ့ပါတယ်။ လေယာဉ်သုံးစင်းမှာ ဆရာသုံးယောက်နဲ့ သင်ခဲ့ပါတယ်။ ပြီးတော့ ပြည်နည်သုံးခုမှာ နာရီ 80 ကြာအောင် မောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်မဟာ တရားဝင် လက်မှတ်ရ လေယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါပြီ " လို့ ပြောပါတယ်။

2012 ခုနှစ်မှာ ဂျက်စီကာက တိုက်ကွမ်ဒိုသင်တန်းမှာ ဆုံတွေ့ခဲ့တဲ့ Pactrick Chamberlain ပက်ထရစ်ချန်ဘာလိမ် နဲ့ လက်ထပ်လိုက်ပါတယ်။ လက်မပါတဲ့အတွက် လူတွေက ဂျက်စီကာကို မသန်စွမ်းတစ်ယောက်လို့ သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် ဂျက်စီကာရဲ့ အားနည်းချက်က ပုံမှန်ဘဝ ရှင်သန်မှုအတွက် အတားအဆီး မဟုတ်ခဲ့ပါဘူး။

မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ ဂျက်စီကာ တစ်ယောက်တည်းကပဲ အထင်ကြီးလောက်တဲ့ အောင်မြင်မှုမျိူး ရခဲ့တာ မဟုတ်ပါဘူး။ အင်ဒိုနီးရှားနိုင်ငံက Achmad Dzulkarnain အားခ်မက်ဂျောခါနိမ် ဆိုသူဟာ မွေးရာပါ ခြေလက် မပါသူပါ။

ဒါပေမယ့် အားခ်မက်ဟာ အင်တာနက်တစ်ခွင်မှာ အလွန်အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အိပ်မက်တွေဆီလျှောက်တဲ့လမ်းမှာ မသန်စွမ်းတစ်ယောက် ဖြစ်နေခြင်းက အဟန့်အတားမဟုတ်ဘူး ဆိုတာ ဂျက်စီကာ နဲ့ အားခ်မက် တို့က သက်သေပါပဲ။

Zombie(LoveMedia)

Ref - fabiosa

For Zawgyi

ေမြးရာပါ လက္မပါေသာ္လည္း ေလယာဥ္မႉးျဖစ္ခဲ့သူ

တခ်ိဳ႕လူေတြက အခ်ိန္မရွိျခင္း၊ ေသခ်ာတဲ့ အခြင့္အလမ္းမရွိျခင္း၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မရွိျခင္းေတြေၾကာင့္ ဘယ္လုပ္ငန္းမွာမဆို ေအာင္ျမင္မႈ မရႏိုင္ပါဘူး။ ဒါေတြက အေၾကာင္းျပခ်က္ေတြပါ။ ဆႏၵျပင္းျပတဲ့လူအတြက္ေတာ့ ေအာင္ျမင္မႈရႏိုင္ပါတယ္။ ေျခလက္အဂါမၤျပည့္စုံျခင္းက ေအာင္ျမင္မႈကို ဟန႔္တားႏိုင္တဲ့ အေၾကာင္းျပခ်က္ မဟုတ္ပါဘူး။ ဒါကို သက္ေသျပႏိုင္တဲ့သူကေတာ့ အသက္ 32 ႏွစ္အ႐ြယ္ Jessica Cox ဂ်က္စီကာေကာ့ ျဖစ္ပါတယ္။

ဂ်က္စီကာက ေမြးရာပါ လက္မပါသူေလးပါ။ ဒါေပမယ့္ ဖ်တ္လတ္တက္ႂကြၿပီး က်န္းမာတဲ့ မိန္းကေလးအျဖစ္ ႀကီးျပင္းလာခဲ့ပါတယ္။ သူမ ငယ္ငယ္တုန္းကဆိုရင္ ေရကူးျခင္း၊ ကျခင္း၊ ကြၽမ္းဘားကစားျခင္းေတြကိုေတာင္ စိတ္ဝင္စားခဲ့သူပါ။ အရင္တုန္းကေတာ့ ဂ်က္စီကာက လက္အတုကို သုံးခဲ့ပါေသးတယ္။ အသက္ 14 ႏွစ္ေရာက္ေတာ့ လက္အတုကို မသုံးေတာ့ဘဲ အရာရာကို ေျခေထာက္နဲ႔ လုပ္ေဆာင္ႏိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။

အသက္ 14 ႏွစ္မွာ ဂ်က္စီကာက တိုက္ကြမ္ဒိုၿပိဳင္ပြဲမွာ ခါးပတ္အနက္ေတာင္ ရခဲ့ပါေသးတယ္။ အခုေတာ့ ဂ်က္စီကာက ေျခေထာက္ကို သုံးၿပီး အရာရာကို ျပဳလုပ္ႏိုင္ေနပါၿပီ။ မ်က္ကပ္မွန္တပ္ျခင္း၊ ဖုန္းနဲ႔ message ပို႔ျခင္း၊ ပီယာႏိုတီးျခင္း စတာေတြကို ေျခေထာက္နဲ႔ပဲ လုပ္ပါတယ္။

ဒါတင္မကေသးပါဘူး။ ကားေမာင္းတာနဲ႔ ေလယာဥ္ေမာင္းတာကိုလည္း သင္ယူခဲ့ပါေသးတယ္။ " ေလယာဥ္ေမာင္းဖို႔အတြက္ ကြၽန္မ အခ်ိန္သုံးႏွစ္ယူခဲ့ပါတယ္။ ေလယာဥ္သုံးစင္းမွာ ဆရာသုံးေယာက္နဲ႔ သင္ခဲ့ပါတယ္။ ၿပီးေတာ့ ျပည္နည္သုံးခုမွာ နာရီ 80 ၾကာေအာင္ ေမာင္းခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ကြၽန္မဟာ တရားဝင္ လက္မွတ္ရ ေလယာဥ္မႉးတစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ " လို႔ ေျပာပါတယ္။

2012 ခုႏွစ္မွာ ဂ်က္စီကာက တိုက္ကြမ္ဒိုသင္တန္းမွာ ဆုံေတြ႕ခဲ့တဲ့ Pactrick Chamberlain ပက္ထရစ္ခ်န္ဘာလိမ္ နဲ႔ လက္ထပ္လိုက္ပါတယ္။ လက္မပါတဲ့အတြက္ လူေတြက ဂ်က္စီကာကို မသန္စြမ္းတစ္ေယာက္လို႔ သတ္မွတ္ခဲ့တာပါ။ ဒါေပမယ့္ ဂ်က္စီကာရဲ႕ အားနည္းခ်က္က ပုံမွန္ဘဝ ရွင္သန္မႈအတြက္ အတားအဆီး မဟုတ္ခဲ့ပါဘူး။

မသန္စြမ္းတစ္ေယာက္ျဖစ္တဲ့ ဂ်က္စီကာ တစ္ေယာက္တည္းကပဲ အထင္ႀကီးေလာက္တဲ့ ေအာင္ျမင္မႈမ်ိဴး ရခဲ့တာ မဟုတ္ပါဘူး။ အင္ဒိုနီးရွားႏိုင္ငံက Achmad Dzulkarnain အားခ္မက္ေဂ်ာခါနိမ္ ဆိုသူဟာ ေမြးရာပါ ေျခလက္ မပါသူပါ။

ဒါေပမယ့္ အားခ္မက္ဟာ အင္တာနက္တစ္ခြင္မွာ အလြန္ေအာင္ျမင္တဲ့ ဓာတ္ပုံဆရာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အိပ္မက္ေတြဆီေလွ်ာက္တဲ့လမ္းမွာ မသန္စြမ္းတစ္ေယာက္ ျဖစ္ေနျခင္းက အဟန႔္အတားမဟုတ္ဘူး ဆိုတာ ဂ်က္စီကာ နဲ႔ အားခ္မက္ တို႔က သက္ေသပါပဲ။

Zombie(LoveMedia)

Ref - fabiosa