သွေးတိုးခြင်းက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ သွေးတိုးကျဖို့အတွက်ဆိုရင် အပ်စိုက်ကုပညာရှင်အတွက် အိပ်တစ်ချောင်းပဲ လိုအပ်မှာပါ။ သွေးတိုးတာကို တစ်မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်း ရှိပါတယ်။ တစ်ခါတလေမှာ သွေးတိုးနေတာကို သတိထားမိဖို့ မလွယ်ကူပါဘူး။ တချို့က သွေးတိုးနေတာကို သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။

© Depositphotos.com

ဆရာဝန်တွေက သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ ခေါ်ကြပါတယ်။ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အန္တရာယ်အလွန်များလို့ပါ။ ဒါပေမယ့် သွေးတိုးရောဂါက အသက်အရွယ်မရွေးဖြစ်ပွားနေကြပါပြီ။ သွေးတိုးခြင်းရဲ့ လက္ခဏာတွေက တခြားရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။

သွေးတိုးခြင်းရဲ့လက္ခဏာများ

ခေါင်းကိုက်ခြင်း

© Depositphotos.com

နာတာရှည်သွေးတိုးတတ်သူတွေက ခဏခဏ ခေါင်းမကိုက်တတ်ကြပါဘူး။ဒါပေမယ့် ရုတ်တရက် သွေးက ဆောင့်တိုးတဲ့အခါ ခေါင်းအလွန်ကိုက်ပါတယ်။ ရုတ်တရက် သွေးဆောင့်တိုးခြင်းက နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေပါတယ်။ မျက်လုံးနီခြင်း၊ မျက်ရည်ပူကျခြင်း၊ အမြင်ဝေဝါးခြင်း စတဲ့ မျက်လုံးပြဿနာတွေကလည်း သွေးတိုးတာပါပဲ။ သွေးတိုးခြင်းက မျက်ကြောလွှာထဲက သွေးကြောတွေကို ပျက်စီးစေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

နားအူခြင်းနှင့် နှလုံးခုန်မြန်ခြင်း

အားကစားလုပ်ပြီးတဲ့အခါ နားအူခြင်းနဲ့ နှလုံးခုန်မြန်ခြင်း ပုံမှန်ဖြစ်တတ်ပါတယ်။ အနားယူလိုက်ရင် နှလုံးခုန်မြန်တာက တည်ငြိမ်သွားမှာပါ။ ဒါပေမယ့် ဘာအကြောင်းပြချက်မှမရှိဘဲ နားပူတာ၊ နှလုံးခုန်မြန်တာ ဖြစ်နေရင် ဆေးစစ်သင့်ပါတယ်။

သွေးတိုးခြင်း၏ နောက်ဆက်တွဲများ

© Depositphotos.com

သွေးတိုးခြင်းကို မကုသတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေက ကြောက်စရာကြီးပါပဲ။ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုအထိ ဖြစ်တတ်ပါတယ်။ ဆေးတွေဆောင်ထားတာပဲဖြစ်ဖြစ်၊ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ တိုင်းတာတာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

© Depositphotos.com

အထက်ပါဇယားကတော့ သွေးတိုးနေလား၊ ပုံမှန်လားဆိုတာကို ပြပေးမှာပါ။ဒါပေမယ့် ကျား၊ မ၊ အသက်အရွယ်အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

သွေးတိုးကျစေမယ့် နည်းလမ်း

လက်ခလယ်နှစ်ဖက်လုံးရဲ့ထိပ်က အမှတ်လေးတွေက သွေးတိုးကျစေမယ့် အဓိကအမှတ်တွေပါပဲ။ လက်ခလယ်ရဲ့ထိက်ကို ဘောပင်နဲ့ အနည်းဆုံးတစ်မိနစ်ကြာအောင် ဖိထားလိုက်ပြီး လွှတ်လိုက်ပါ။ဒါပေမယ့် ဒီနည်းလမ်းက အမြဲတမ်း သွေးတိုးနေတတ်တဲ့သူအတွက်တော့ မကုသနိုင်ပါဘူး။ ဆေးကုသလို့ မရနိုင်မယ့်နေရာမှာ အရေးပေါ်ကုသနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

နှစ်မိနစ်နဲ့ သွေးတိုးကျစေမယ့် နည်းလမ်း

© Depositphotos.com

နောက်ထပ် သွေးတိုးကျစေမယ့် အမှတ်တစ်ခုက ခြေထောက်မှာရှိပါတယ်။ ခြေမနဲ့ ခြေညှိုးကြားထဲကနေ တန်းတန်းမျဥ်းဆွဲလာပြီး အရိုးမရောက်ခင်နေရာမှာ ရပ်လိုက်ပါ။ အဲဒီနေရာကို 3 စက္ကန့်လောက်ဖိထားပြီး 5 စက္ကန့်လောက် နားပါ။ အဲဒီအတိုင်း နှစ်မိနစ်ကြာအောင် ပြုလုပ်ပါ။ ပြီးရင် ခြေထောက်နောက်တစ်ဖက် ပြောင်းပြီး ပြုလုပ်ပါ။

Zombie (LoveMedia)

For Zawgyi

တစ္မိနစ္အခ်ိန္ေပး႐ုံနဲ႔ ေသြးတိုးက်ေစမယ့္ နည္းလမ္း

ေသြးတိုးျခင္းက ခံစားရခက္တဲ့ ေဝဒနာတစ္ခုပါပဲ။ ေသြးတိုးက်ဖို႔အတြက္ဆိုရင္ အပ္စိုက္ကုပညာရွင္အတြက္ အိပ္တစ္ေခ်ာင္းပဲ လိုအပ္မွာပါ။ ေသြးတိုးတာကို တစ္မိနစ္အတြင္း သက္သာသြားေစမယ့္ နည္းလမ္း ရွိပါတယ္။ တစ္ခါတေလမွာ ေသြးတိုးေနတာကို သတိထားမိဖို႔ မလြယ္ကူပါဘူး။ တခ်ိဳ႕က ေသြးတိုးေနတာကို သူတို႔ကိုယ္တိုင္ေတာင္ မသိၾကပါဘူး။

ဆရာဝန္ေတြက ေသြးတိုးေရာဂါကို အသံတိတ္လူသတ္သမားလို႔ ေခၚၾကပါတယ္။ ေသြးတိုးေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက အႏၲရာယ္အလြန္မ်ားလို႔ပါ။ ဒါေပမယ့္ ေသြးတိုးေရာဂါက အသက္အ႐ြယ္မေ႐ြးျဖစ္ပြားေနၾကပါၿပီ။ ေသြးတိုးျခင္းရဲ႕ လကၡဏာေတြက တျခားေရာဂါေတြရဲ႕ လကၡဏာေတြနဲ႔ ဆင္တူပါတယ္။

ေသြးတိုးျခင္းရဲ႕လကၡဏာမ်ား

ေခါင္းကိုက္ျခင္း

နာတာရွည္ေသြးတိုးတတ္သူေတြက ခဏခဏ ေခါင္းမကိုက္တတ္ၾကပါဘူး။ဒါေပမယ့္ ႐ုတ္တရက္ ေသြးက ေဆာင့္တိုးတဲ့အခါ ေခါင္းအလြန္ကိုက္ပါတယ္။ ႐ုတ္တရက္ ေသြးေဆာင့္တိုးျခင္းက ႏွာေခါင္းေသြးယိုျခင္းကို ျဖစ္ေစပါတယ္။ မ်က္လုံးနီျခင္း၊ မ်က္ရည္ပူက်ျခင္း၊ အျမင္ေဝဝါးျခင္း စတဲ့ မ်က္လုံးျပႆနာေတြကလည္း ေသြးတိုးတာပါပဲ။ ေသြးတိုးျခင္းက မ်က္ေၾကာလႊာထဲက ေသြးေၾကာေတြကို ပ်က္စီးေစႏိုင္တယ္လို႔ ကြၽမ္းက်င္ပညာရွင္ေတြက ေျပာပါတယ္။

နားအူျခင္းႏွင့္ ႏွလုံးခုန္ျမန္ျခင္း

အားကစားလုပ္ၿပီးတဲ့အခါ နားအူျခင္းနဲ႔ ႏွလုံးခုန္ျမန္ျခင္း ပုံမွန္ျဖစ္တတ္ပါတယ္။ အနားယူလိုက္ရင္ ႏွလုံးခုန္ျမန္တာက တည္ၿငိမ္သြားမွာပါ။ ဒါေပမယ့္ ဘာအေၾကာင္းျပခ်က္မွမရွိဘဲ နားပူတာ၊ ႏွလုံးခုန္ျမန္တာ ျဖစ္ေနရင္ ေဆးစစ္သင့္ပါတယ္။

ေသြးတိုးျခင္း၏ ေနာက္ဆက္တြဲမ်ား

ေသြးတိုးျခင္းကို မကုသတဲ့အခါ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ေၾကာက္စရာႀကီးပါပဲ။ ေလျဖတ္ျခင္း၊ ႏွလုံးေရာဂါ၊ ဦးေႏွာက္ထိခိုက္ဒဏ္ရာရမႈအထိ ျဖစ္တတ္ပါတယ္။ ေဆးေတြေဆာင္ထားတာပဲျဖစ္ျဖစ္၊ ေသြးေပါင္ခ်ိန္တိုင္းကိရိယာနဲ႔ တိုင္းတာတာျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။

အထက္ပါဇယားကေတာ့ ေသြးတိုးေနလား၊ ပုံမွန္လားဆိုတာကို ျပေပးမွာပါ။ဒါေပမယ့္ က်ား၊ မ၊ အသက္အ႐ြယ္အေပၚမူတည္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။

ေသြးတိုးက်ေစမယ့္ နည္းလမ္း

လက္ခလယ္ႏွစ္ဖက္လုံးရဲ႕ထိပ္က အမွတ္ေလးေတြက ေသြးတိုးက်ေစမယ့္ အဓိကအမွတ္ေတြပါပဲ။ လက္ခလယ္ရဲ႕ထိက္ကို ေဘာပင္နဲ႔ အနည္းဆုံးတစ္မိနစ္ၾကာေအာင္ ဖိထားလိုက္ၿပီး လႊတ္လိုက္ပါ။ဒါေပမယ့္ ဒီနည္းလမ္းက အၿမဲတမ္း ေသြးတိုးေနတတ္တဲ့သူအတြက္ေတာ့ မကုသႏိုင္ပါဘူး။ ေဆးကုသလို႔ မရႏိုင္မယ့္ေနရာမွာ အေရးေပၚကုသႏိုင္မယ့္ နည္းလမ္းျဖစ္ပါတယ္။

ႏွစ္မိနစ္နဲ႔ ေသြးတိုးက်ေစမယ့္ နည္းလမ္း

ေနာက္ထပ္ ေသြးတိုးက်ေစမယ့္ အမွတ္တစ္ခုက ေျခေထာက္မွာရွိပါတယ္။ ေျခမနဲ႔ ေျခညႇိဳးၾကားထဲကေန တန္းတန္းမ်ဥ္းဆြဲလာၿပီး အ႐ိုးမေရာက္ခင္ေနရာမွာ ရပ္လိုက္ပါ။ အဲဒီေနရာကို 3 စကၠန္႔ေလာက္ဖိထားၿပီး 5 စကၠန္႔ေလာက္ နားပါ။ အဲဒီအတိုင္း ႏွစ္မိနစ္ၾကာေအာင္ ျပဳလုပ္ပါ။ ၿပီးရင္ ေျခေထာက္ေနာက္တစ္ဖက္ ေျပာင္းၿပီး ျပဳလုပ္ပါ။

Zombie (LoveMedia)