ထိုင်ဝမ်အမျိုးသား Lian က သွေးလှူရတာကို နှစ်သက်သူဖြစ်ပါတယ်။ သူ့သွေးတွေနဲ့ သူစိမ်းတစ်ယောက်ရဲ့ဘဝကို ကယ်တင်နိုင်မယ်လို့ ယုံကြည်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ရဲ့အနာဂတ် ဇနီးလောင်း ဖြစ်လာမယ့်သူကို သွေးလှူမိမယ်လို့ သူ မထင်ထားပါဘူး။

Lim လို့ခေါ်တဲ့ ထိုင်ဝမ်အမျိုးသမီးတစ်ယောက်က လွန်ခဲ့တဲ့ 11 နှစ်တုန်းက ပြင်းထန်တဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်ထဲက သွေးထွက်လွန်ပြီး သွေးခဲစေတဲ့ အစိတ်အပိုင်းကလည်း အလုပ်မလုပ်တော့လို့ သေမလိုဖြစ်ခဲ့ရပါတယ်။ ကံကောင်းတာကတော့ သွေးဆယ်ပုလင်းနဲ့ သွေးထွက်လွန်တာကို ရပ်စေတဲ့ ကလာပ်စည်းနှစ်ပုလင်း သွင်းပြီးတဲ့အခါ အခြေအနေက တည်ငြိမ်သွားပါတယ်။

ဒီလိုဖြစ်ခဲ့ပြီး ခုနစ်နှစ်အကြာမှာ Lim က မိသားစုစီးပွားရေးလုပ်ငန်းကို လွှဲပြောင်းယူဖို့ ထိုင်ဝမ်ရဲ့မြောက်ဘက်မှာရှိတဲ့ Hsinchu မြို့ကို ပြန်လာပါတယ်။ အဲဒီအခါမှာ Lim ဟာ ကောက်ညှင်းဖက်ထုပ်ရောင်းတဲ့ Lian နဲ့ စတင်တွေ့သွားပါတယ်။ ဘယ်သူက စပြီးလှုပ်ရှားလဲတော့ မသိဘူးနော်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ဆက်ဆံရေးအဆင်ပြေပြီး မကြာခင်မှာပဲ ချစ်သူတွေ ဖြစ်သွားကြပါတယ်။

Source: China Times

တစ်နေ့မှာတော့ သူတို့နှစ်ယောက်က သေမလိုဖြစ်ခဲ့တဲ့ ကိုယ်စီအတွေ့အကြုံတွေကို ပြောကြပါတယ်။ အဲဒီအချိန်မှာ Lim က လွန်ခဲ့တဲ့ဆယ်နှစ်က သူမအသက်ကို ကယ်ခဲ့တဲ့ သွေးလှူရှင်ကို ရှာဖို့ ရုတ်တရက် စိတ်ဝင်စားသွားပါတယ်။

Lim တစ်ယောက် ဆေးရုံတွေနဲ့ သွေးလှူစင်တာတွေကို ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမယ့် သွေးလှူရှင်ရဲ့ကိုယ်ရေးအချက်အလက်တွေက လျှို့ဝှက်ထားတဲ့ကိစ္စ ဖြစ်တယ်လို့ပဲ Lim ကို အကြောင်းပြန်ပါတယ်။

Lim က ဝန်ထမ်းတစ်ယောက်ကို စည်းရုံးပြီး သွေးလှူရှင်ရဲ့ မှတ်ပုံတင်နံပါတ်ကိုပဲ သိချင်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီဝန်ထမ်းက နောက်ဆုံးမှာတော့ သွေးလှူရှင်ရဲ့ မိသားစုနာမည်က Lian ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ Lim က သူမခင်ပွန်းလောင်းရဲ့မှတ်ပုံတင်ကို တစ်ခါတည်း ရွတ်ပြလိုက်တဲ့ အခါ ဝန်ထမ်းက အံ့ဩသွားပါတယ်။

Source: China Times

" ခင်ဗျား ဘယ်လိုလုပ် သိတာလဲ"လို့ ဝန်ထမ်းက မေးပါတယ်။ တကယ်တော့ Lian က သွေးနဲ့သွေးခဲစေတဲ့ ကလာပ်စည်းကို လွန်ခဲ့တဲ့ နှစ် 20 ကတည်းက စတင်လှူလာခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ နှစ်နှစ်ကြာ မြတ်မြတ်နိုးနိုး ချစ်ခဲ့ကြပြီး လက်ထပ်လိုက်ကြပါတယ်။

အရာရာကို ကံတရားက စီမံပေးသလိုပါပဲ။ ဒီဇာတ်လမ်းလေးက ပျံ့နှံ့သွားပြီးနောက်မှာ Lim က လူတိုင်းကို သွေးလှူဒါန်းဖို့ တိုက်တွန်းပါတယ်။ Lian ကတော့ သွေးလှူရင် မိန်းမတစ်ယောက်ရမယ် လို့ နောက်ပြောင်နေပါတယ်။

Zombie (LoveMedia)

Ref - Worldofbuzz

For Zawgyi

ေသြးလွဴပီး ၁၁ ႏွစ္အၾကာမွာ မိန္းမတစ္ေယာက္ ရခဲ့တဲ့သူ

ထိုင္ဝမ္အမ်ိဳးသား Lian က ေသြးလႉရတာကို ႏွစ္သက္သူျဖစ္ပါတယ္။ သူ႔ေသြးေတြနဲ႔ သူစိမ္းတစ္ေယာက္ရဲ႕ဘဝကို ကယ္တင္ႏိုင္မယ္လို႔ ယုံၾကည္လို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ေန႔မွာ သူ႔ရဲ႕အနာဂတ္ ဇနီးေလာင္း ျဖစ္လာမယ့္သူကို ေသြးလႉမိမယ္လို႔ သူ မထင္ထားပါဘူး။

Lim လို႔ေခၚတဲ့ ထိုင္ဝမ္အမ်ိဳးသမီးတစ္ေယာက္က လြန္ခဲ့တဲ့ 11 ႏွစ္တုန္းက ျပင္းထန္တဲ့ ကားမေတာ္တဆမႈ ျဖစ္ခဲ့ပါတယ္။ သူမရဲ႕ခႏၶာကိုယ္ထဲက ေသြးထြက္လြန္ၿပီး ေသြးခဲေစတဲ့ အစိတ္အပိုင္းကလည္း အလုပ္မလုပ္ေတာ့လို႔ ေသမလိုျဖစ္ခဲ့ရပါတယ္။ ကံေကာင္းတာကေတာ့ ေသြးဆယ္ပုလင္းနဲ႔ ေသြးထြက္လြန္တာကို ရပ္ေစတဲ့ ကလာပ္စည္းႏွစ္ပုလင္း သြင္းၿပီးတဲ့အခါ အေျခအေနက တည္ၿငိမ္သြားပါတယ္။

ဒီလိုျဖစ္ခဲ့ၿပီး ခုနစ္ႏွစ္အၾကာမွာ Lim က မိသားစုစီးပြားေရးလုပ္ငန္းကို လႊဲေျပာင္းယူဖို႔ ထိုင္ဝမ္ရဲ႕ေျမာက္ဘက္မွာရွိတဲ့ Hsinchu ၿမိဳ႕ကို ျပန္လာပါတယ္။ အဲဒီအခါမွာ Lim ဟာ ေကာက္ညႇင္းဖက္ထုပ္ေရာင္းတဲ့ Lian နဲ႔ စတင္ေတြ႕သြားပါတယ္။ ဘယ္သူက စၿပီးလႈပ္ရွားလဲေတာ့ မသိဘူးေနာ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ ဆက္ဆံေရးအဆင္ေျပၿပီး မၾကာခင္မွာပဲ ခ်စ္သူေတြ ျဖစ္သြားၾကပါတယ္။

တစ္ေန႔မွာေတာ့ သူတို႔ႏွစ္ေယာက္က ေသမလိုျဖစ္ခဲ့တဲ့ ကိုယ္စီအေတြ႕အႀကဳံေတြကို ေျပာၾကပါတယ္။ အဲဒီအခ်ိန္မွာ Lim က လြန္ခဲ့တဲ့ဆယ္ႏွစ္က သူမအသက္ကို ကယ္ခဲ့တဲ့ ေသြးလႉရွင္ကို ရွာဖို႔ ႐ုတ္တရက္ စိတ္ဝင္စားသြားပါတယ္။

Lim တစ္ေယာက္ ေဆး႐ုံေတြနဲ႔ ေသြးလႉစင္တာေတြကို ဖုန္းဆက္ခဲ့ပါတယ္။ ဒါေပမယ့္ ေသြးလႉရွင္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြက လွ်ိဳ႕ဝွက္ထားတဲ့ကိစၥ ျဖစ္တယ္လို႔ပဲ Lim ကို အေၾကာင္းျပန္ပါတယ္။

Lim က ဝန္ထမ္းတစ္ေယာက္ကို စည္း႐ုံးၿပီး ေသြးလႉရွင္ရဲ႕ မွတ္ပုံတင္နံပါတ္ကိုပဲ သိခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။ အဲဒီဝန္ထမ္းက ေနာက္ဆုံးမွာေတာ့ ေသြးလႉရွင္ရဲ႕ မိသားစုနာမည္က Lian ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ Lim က သူမခင္ပြန္းေလာင္းရဲ႕မွတ္ပုံတင္ကို တစ္ခါတည္း ႐ြတ္ျပလိုက္တဲ့ အခါ ဝန္ထမ္းက အံ့ဩသြားပါတယ္။

" ခင္ဗ်ား ဘယ္လိုလုပ္ သိတာလဲ"လို႔ ဝန္ထမ္းက ေမးပါတယ္။ တကယ္ေတာ့ Lian က ေသြးနဲ႔ေသြးခဲေစတဲ့ ကလာပ္စည္းကို လြန္ခဲ့တဲ့ ႏွစ္ 20 ကတည္းက စတင္လႉလာခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ႏွစ္ၾကာ ျမတ္ျမတ္ႏိုးႏိုး ခ်စ္ခဲ့ၾကၿပီး လက္ထပ္လိုက္ၾကပါတယ္။

အရာရာကို ကံတရားက စီမံေပးသလိုပါပဲ။ ဒီဇာတ္လမ္းေလးက ပ်ံ႕ႏွံ႔သြားၿပီးေနာက္မွာ Lim က လူတိုင္းကို ေသြးလႉဒါန္းဖို႔ တိုက္တြန္းပါတယ္။ Lian ကေတာ့ ေသြးလႉရင္ မိန္းမတစ္ေယာက္ရမယ္ လို႔ ေနာက္ေျပာင္ေနပါတယ္။

Zombie (LoveMedia)

Ref - Worldofbuzz