ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက အမြဲတမ်း အရသာမရှိပါဘူး။ ဒါပေမယ့် ငှက်ပျောသီးကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာလည်း ရှိပါတယ်။

၁။ သွေးလွှတ်ကြောဖိအားကို ပုံမှန်ဖြစ်စေတယ်။

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် 420 မီလီဂရမ် ပါဝင်ပါတယ်။ အဲဒါကြောင့် သွေးဖိအား လျော့ကျစေပါတယ်။

၂။ ပိုနေတဲ့အဆီတွေကို လျော့ချပေးတယ်။

ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အစာစားချင်စိတ်ကို လျှော့ချပေးတဲ့ ကစီဓာတ်ပါဝင်ပါတယ်။ ကိုယ်အလေးချိန်တက်မှုကို ဟန့်တားပေးပါတယ်။ ငှက်ပျောသီးက သွေးတွင်းသကြားဓာတ်ကို လျှောချပေးပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ကို မြင့်တက်စေပါတယ်။

၃။ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်။

သွေးအားနည်းရောဂါက အသားအရေ ဖျော့တော့ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ သွေးနီဥဆဲလ်နည်းပါးခြင်းနဲ့ သွေးအတွင်း သံဓာတ်လျော့နည်းတဲ့အခါ သွေးအားနည်းလာပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့သံဓာတ်က သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင် B6 လည်း ပါဝင်ပါတယ်။ ဗီတာမင် B6 က သွေးတွင်းဂလူးဂိုစ့်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ငှက်ပျောသီးက သွေးအားနည်း ရောဂါသမားတွေနဲ့ သင့်တော်ပါတယ်။

© Depositphotos

၄။ အစာချေဖျက်မှုကို တိုးတက်စေတယ်။

ငှက်ပျောသီးက အစာကြေလွယ်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ခုခံအားရှိတဲ့ ကစီဓာတ်တွေကို အစာချေလို့မရဘဲ အူမကြီးထဲကို ဝင်ရောက်သွားပါတယ်။ အဲဒီ့အခါ ကျမ်းမာရေးအတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားအတွက် အာဟာရဖြစ်စေတဲ့ ကြားခံလေးဖြစ်သွားပါတယ်။ အစာအိမ်ရောင်ရမ်းနာဖြစ်တဲ့အခါ ၊ ရင်ပူတဲ့အခါ ငှက်ပျောသီးကို စားပေးနိုင်ပါတယ်။ ဝမ်းလျှော့ခြင်းကြောင့် ကုန်ဆုံးသွားတဲ့သတ္တုဓာတ်တွေကို ငှက်ပျောသီးက ပြန်လည် သိုလှောင်ပေးပါတယ်။

၅။ စိတ်ဓာတ်ကျမှုကို လျော့ကျစေတယ်။

ငှက်ပျောသီးက စိတ်ဓာတ်တက်ကြွစေ ပါတယ်။ ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေ ပါဝင်ပါတယ်။ ပျမ်းမျှအားဖြင့် ငှက်ပျောသီးတစ်လုံးမှာ မဂ္ဂနီဆီယမ် 27 မီလီဂရမ် ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် သတ္တုဓာတ်က စိတ်ကိုပျော်ရွှင်စေပြီး အိပ်ပျော်စေပါတယ်။

© Depositphotos

၆။ လိုအပ်နေတဲ့ဗီတာမင်တွေကို ဖြည့်စည်းပေးတယ်။

ငှက်ပျောသီးမှာ ဗီတာမင် B6ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပျမ်းမျှအားဖြင့် ငှက်ပျောသီးတစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် B6 20% ခန့် ပါဝင်ပါတယ်။ ဗီတာမင် B6 က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်ဆူလင်၊ သံဓာတ်၊ အမိုင်နိုအက်ဆစ်ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ လိမ္မော်သီးနဲ့ စတော်ဘယ်ရီသီးမှာပဲ ဗီတာမင်ဓာတ်အများဆုံး ပါဝင်တယ်လို့ပဲ ထင်ကြပါတယ်။ ငှက်ပျောသီးမှာလည်း နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် 15 % ပါဝင်ပါတယ်။ ဗီတာမင် 6 က သွေးကြောတွေကို ကျန်းမာစေပြီး ကော်လဂျင်တွေကို ထုတ်လုပ်ပေးပါတယ်။

၇။ ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို မြင့်တက်စေတယ်။

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က ကြွက်တက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ကစီဓာတ်က အားကစား ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမှာ တောင့်ခံနိုင်ဖို့ စွမ်းအင်တွေထုတ်ပေးပါတယ်။

Zombie (LoveMedia)

For Zawgyi

တေန႔ကို ငွက္ေပ်ာသီးႏွစ္လုံးစားရင္ သင့္ခႏၶာကိုယ္မွာ ဘာျဖစ္လာမလဲ

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြက အၿမဲတမ္း အရသာမရွိပါဘူး။ ဒါေပမယ့္ ငွက္ေပ်ာသီးကေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အရသာလည္း ရွိပါတယ္။

၁။ ေသြးလႊတ္ေၾကာဖိအားကို ပုံမွန္ျဖစ္ေစတယ္။

ငွက္ေပ်ာသီးမွာ ပိုတက္ဆီယမ္ 420 မီလီဂရမ္ ပါဝင္ပါတယ္။ အဲဒါေၾကာင့္ ေသြးဖိအား ေလ်ာ့က်ေစပါတယ္။

၂။ ပိုေနတဲ့အဆီေတြကို ေလ်ာ့ခ်ေပးတယ္။

ငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္ေတြႂကြယ္ဝစြာ ပါဝင္ပါတယ္။ ငွက္ေပ်ာသီးမွာ အစာစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးတဲ့ ကစီဓာတ္ပါဝင္ပါတယ္။ ကိုယ္အေလးခ်ိန္တက္မႈကို ဟန႔္တားေပးပါတယ္။ ငွက္ေပ်ာသီးက ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာခ်ေပးၿပီး ခႏၶာကိုယ္ရဲ႕ အင္ဆူလင္ကို ျမင့္တက္ေစပါတယ္။

၃။ ေသြးအားနည္းေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးတယ္။

ေသြးအားနည္းေရာဂါက အသားအေရ ေဖ်ာ့ေတာ့ျခင္း၊ ေမာပန္းျခင္း၊ အသက္ရႉမဝျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။ ေသြးနီဥဆဲလ္နည္းပါးျခင္းနဲ႔ ေသြးအတြင္း သံဓာတ္ေလ်ာ့နည္းတဲ့အခါ ေသြးအားနည္းလာပါတယ္။ ငွက္ေပ်ာသီးမွာ ပါတဲ့သံဓာတ္က ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္ဖို႔ လႈံ႕ေဆာ္ေပးပါတယ္။ ငွက္ေပ်ာသီးမွာ ဗီတာမင္ B6 လည္း ပါဝင္ပါတယ္။ ဗီတာမင္ B6 က ေသြးတြင္းဂလူးဂိုစ့္ကို ထိန္းညႇိေပးပါတယ္။ ဒါေၾကာင့္ ငွက္ေပ်ာသီးက ေသြးအားနည္း ေရာဂါသမားေတြနဲ႔ သင့္ေတာ္ပါတယ္။

၄။ အစာေခ်ဖ်က္မႈကို တိုးတက္ေစတယ္။

ငွက္ေပ်ာသီးက အစာေၾကလြယ္ပါတယ္။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ခုခံအားရွိတဲ့ ကစီဓာတ္ေတြကို အစာေခ်လို႔မရဘဲ အူမႀကီးထဲကို ဝင္ေရာက္သြားပါတယ္။ အဲဒီ့အခါ က်မ္းမာေရးအတြက္ အက်ိဳးျပဳတဲ့ ဘက္တီးရီးယားအတြက္ အာဟာရျဖစ္ေစတဲ့ ၾကားခံေလးျဖစ္သြားပါတယ္။ အစာအိမ္ေရာင္ရမ္းနာျဖစ္တဲ့အခါ ၊ ရင္ပူတဲ့အခါ ငွက္ေပ်ာသီးကို စားေပးႏိုင္ပါတယ္။ ဝမ္းေလွ်ာ့ျခင္းေၾကာင့္ ကုန္ဆုံးသြားတဲ့သတၱဳဓာတ္ေတြကို ငွက္ေပ်ာသီးက ျပန္လည္ သိုေလွာင္ေပးပါတယ္။

၅။ စိတ္ဓာတ္က်မႈကို ေလ်ာ့က်ေစတယ္။

ငွက္ေပ်ာသီးက စိတ္ဓာတ္တက္ႂကြေစ ပါတယ္။ ငွက္ေပ်ာသီးမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ေပ်ာ္႐ႊင္မႈေဟာ္မုန္းေတြ ပါဝင္ပါတယ္။ ပ်မ္းမွ်အားျဖင့္ ငွက္ေပ်ာသီးတစ္လုံးမွာ မဂၢနီဆီယမ္ 27 မီလီဂရမ္ ပါဝင္ပါတယ္။ မဂၢနီဆီယမ္ သတၱဳဓာတ္က စိတ္ကိုေပ်ာ္႐ႊင္ေစၿပီး အိပ္ေပ်ာ္ေစပါတယ္။

၆။ လိုအပ္ေနတဲ့ဗီတာမင္ေတြကို ျဖည့္စည္းေပးတယ္။

ငွက္ေပ်ာသီးမွာ ဗီတာမင္ B6ႂကြယ္ဝစြာ ပါဝင္ပါတယ္။ ပ်မ္းမွ်အားျဖင့္ ငွက္ေပ်ာသီးတစ္လုံးမွာ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ B6 20% ခန႔္ ပါဝင္ပါတယ္။ ဗီတာမင္ B6 က ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အင္ဆူလင္၊ သံဓာတ္၊ အမိုင္ႏိုအက္ဆစ္ထုတ္လုပ္ရာမွာ ကူညီေပးပါတယ္။ လိေမၼာ္သီးနဲ႔ စေတာ္ဘယ္ရီသီးမွာပဲ ဗီတာမင္ဓာတ္အမ်ားဆုံး ပါဝင္တယ္လို႔ပဲ ထင္ၾကပါတယ္။ ငွက္ေပ်ာသီးမွာလည္း ေန႔စဥ္လိုအပ္ေနတဲ့ ဗီတာမင္ 15 % ပါဝင္ပါတယ္။ ဗီတာမင္ 6 က ေသြးေၾကာေတြကို က်န္းမာေစၿပီး ေကာ္လဂ်င္ေတြကို ထုတ္လုပ္ေပးပါတယ္။

၇။ ခႏၶာကိုယ္ရဲ႕ စြမ္းအင္ေတြကို ျမင့္တက္ေစတယ္။

ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ပိုတက္ဆီယမ္က ႂကြက္တက္ျခင္းကေန ကာကြယ္ေပးပါတယ္။ ငွက္ေပ်ာသီးမွာပါဝင္တဲ့ ကစီဓာတ္က အားကစား ျပင္းျပင္းထန္ထန္ လုပ္တဲ့အခါမွာ ေတာင့္ခံႏိုင္ဖို႔ စြမ္းအင္ေတြထုတ္ေပးပါတယ္။

Zombie (LoveMedia)