နေ့စဥ်ဘဝမှာ ဖုန်းတွေက မရှိမဖြစ် အရေးပါတဲ့အရာ ဖြစ်လာပါပြီ။ အလုပ်ရှာဖို့၊ အချက်အလက်တွေရှာဖွေဖို့၊ နေစရာရှာဖွေဖို့ စတဲ့စတဲ့အကြောင်းအရာတွေမှာ ဖုန်းက အလွန်အရေးပါလာပါတယ်။ ဖုန်းမရှိတော့ရင် နေတတ်ထိုင်တတ်မှာ မဟုတ်လောက်တဲ့အထိ ဖုန်းတွေက လူတွေရဲ့ဘဝမှာ နေရာယူလာပါတယ်။ နောက်ပိုင်းမှာ ဖုန်းကို alarm အနေနဲ့ပါ အသုံးပြုလာကြပါတယ်။ ဒါပေမယ့် ဖုန်းမှာ alarm ပေးထားတာက ဆိုးကျိုးတွေ ရှိပါတယ်။

၁။ အိပ်စက်မှုကို ထိခိုက်စေခြင်း

© shutterstock.com© depositphotos.com

ဖုန်းကို alarm အဖြစ် အသုံးပြုတဲ့အခါ ညဘက်မှာ တော်တော်နဲ့မအိပ်ဘဲ social media မှာ အချိန်ကုန် သွားတတ်ပါတယ်။အိပ်ချိန်ကို နည်းစေရုံ မကသေးပါဘူး။ ဖုန်းကထွက်တဲ့ အပြာရောင် အလင်းတန်းတွေက မျက်စိကို ထိခိုက်စေပါတယ်။ ဖုန်းက ထုတ်လွှတ်တဲ့လှိုင်းတွေကြောင့် ရေရှည်မှာ ခေါင်းကိုက်လာပါတယ်။ အဲဒါကြောင့် ညအိပ်တော့မယ်ဆိုရင် ဖုန်းကိုအိပ်ယာနဲ့ ဝေးဝေးမှာထားပြီး နာရီ alarm ကိုသာ အသုံးပြုသင့်ပါတယ်နော်။

၂။ မနက်ဘက်မှာ အချိန်ကုန်စေခြင်း

© depositphotos.com© depositphotos.com

Alarm မြည်လို့ အိပ်ရာနိုးလာတဲ့အခါ ချက်ချင်းမထသေးဘဲ email တွေ၊ message တွေ စစ်ကြပါတယ်။ အဲဒီကနေ တခြား social mediaတွေကို ကြည့်မိပြီး အချိန်တွေ ကုန်သထက် ကုန်သွားပါတယ်။

၃။ Alarm သံကြားရန် ခက်ခဲခြင်း

© shutterstock.com© shutterstock.com

ဖုန်းမှာပေးထားတဲ့ alarm အသံက နာရီက နှိုးစက်အသံလောက် မကျယ်ပါဘူး။ ဒါ့အပြင် alarm ကို မြန်မြန်ပိတ်ဖို့ လွယ်နေတာကြောင့် မထဖြစ်တော့ပါဘူး။

၄။ ဖုန်းအားကုန်သွားနိုင်ခြင်း

© depositphotos.com

ဖုန်းမှာအားကုန်သွားပြီး power ပိတ်သွားတဲ့အခါ alarm ကမမြည်နိုင်တော့ပါဘူး။ဒါကြောင့် မနက်မှာ အရေးကြီးလုပ်စရာတွေ ရှိနေရင် နာရီမှာပဲ alarm ပေးထားသင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ဖုန္းမွာ Alarm မေပးသင့္တဲ့ အေၾကာင္းအရင္း (၄)ခ်က္

ေန႔စဥ္ဘဝမွာ ဖုန္းေတြက မရွိမျဖစ္ အေရးပါတဲ့အရာ ျဖစ္လာပါၿပီ။ အလုပ္ရွာဖို႔၊ အခ်က္အလက္ေတြရွာေဖြဖို႔၊ ေနစရာရွာေဖြဖို႔ စတဲ့စတဲ့အေၾကာင္းအရာေတြမွာ ဖုန္းက အလြန္အေရးပါလာပါတယ္။ ဖုန္းမရွိေတာ့ရင္ ေနတတ္ထိုင္တတ္မွာ မဟုတ္ေလာက္တဲ့အထိ ဖုန္းေတြက လူေတြရဲ႕ဘဝမွာ ေနရာယူလာပါတယ္။ ေနာက္ပိုင္းမွာ ဖုန္းကို alarm အေနနဲ႔ပါ အသုံးျပဳလာၾကပါတယ္။ ဒါေပမယ့္ ဖုန္းမွာ alarm ေပးထားတာက ဆိုးက်ိဳးေတြ ရွိပါတယ္။

၁။ အိပ္စက္မႈကို ထိခိုက္ေစျခင္း

ဖုန္းကို alarm အျဖစ္ အသုံးျပဳတဲ့အခါ ညဘက္မွာ ေတာ္တာ္နဲ႔မအိပ္ဘဲ social media မွာ အခ်ိန္ကုန္ သြားတတ္ပါတယ္။အိပ္ခ်ိန္ကို နည္းေစ႐ုံ မကေသးပါဘူး။ ဖုန္းကထြက္တဲ့ အျပာေရာင္ အလင္းတန္းေတြက မ်က္စိကို ထိခိုက္ေစပါတယ္။ ဖုန္းက ထုတ္လႊတ္တဲ့လႈိင္းေတြေၾကာင့္ ေရရွည္မွာ ေခါင္းကိုက္လာပါတယ္။ အဲဒါေၾကာင့္ ညအိပ္ေတာ့မယ္ဆိုရင္ ဖုန္းကိုအိပ္ယာနဲ႔ ေဝးေဝးမွာထားၿပီး နာရီ alarm ကိုသာ အသုံးျပဳသင့္ပါတယ္ေနာ္။

၂။ မနက္ဘက္မွာ အခ်ိန္ကုန္ေစျခင္း

Alarm ျမည္လို႔ အိပ္ရာႏိုးလာတဲ့အခါ ခ်က္ခ်င္းမထေသးဘဲ email ေတြ၊ message ေတြ စစ္ၾကပါတယ္။ အဲဒီကေန တျခား social mediaေတြကို ၾကည့္မိၿပီး အခ်ိန္ေတြ ကုန္သထက္ ကုန္သြားပါတယ္။

၃။ Alarm သံၾကားရန္ ခက္ခဲျခင္း

ဖုန္းမွာေပးထားတဲ့ alarm အသံက နာရီက ႏႈိးစက္အသံေလာက္ မက်ယ္ပါဘူး။ ဒါ့အျပင္ alarm ကို ျမန္ျမန္ပိတ္ဖို႔ လြယ္ေနတာေၾကာင့္ မထျဖစ္ေတာ့ပါဘူး။

၄။ ဖုန္းအားကုန္သြားႏိုင္ျခင္း

ဖုန္းမွာအားကုန္သြားၿပီး power ပိတ္သြားတဲ့အခါ alarm ကမျမည္ႏိုင္ေတာ့ပါဘူး။ဒါေၾကာင့္ မနက္မွာ အေရးႀကီးလုပ္စရာေတြ ရွိေနရင္ နာရီမွာပဲ alarm ေပးထားသင့္ပါတယ္။

Zombie (Lovemedia)