လေယာဉ် ခရီးစဉ်တွင် ခရီးသည် ၉၉ ဦးနှင့်အတူ လိုက်ပါစီးနင်းခဲ့

ရန်ကုန်၊ စက်တင်ဘာလ ၄ ရက်။

ဗဟန်းမြို့နယ်မှ ကိုဗစ်-19 ပိုးတွေ့လူနာ အမျိုးသား (Case-1077) သည် ဆေးစစ်ချက် အဖြေမထွက်မီတွင် စစ်တွေမြို့သို့ ပြန်သွားခဲ့ကြောင်း ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဦးထွန်းမြင့်က Myanmar Harp သို့ပြောသည်။

၎င်းသည် အခြားပိုးတွေ့လူနာ (Case-1076) ဖြစ်သည့် သံဃာတော်တစ်ပါး နှင့်အတူ စစ်တွေမြို့မှ ရန်ကုန်သို့ သြဂုတ်လ ၂၇ ရက်တွင် လာရောက်ခဲ့ပြီး ဗဟန်းမြို့နယ် ၊ရေတာရှည်လမ်းဟောင်းရှိ မင်္ဂလာကံယုံ ဘုန်းကြီးကျောင်းတိုက်၌ တည်းခိုခဲ့ကြောင်း ဦးထွန်းမြင့်က ပြောသည်။

" သူတို့ကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးထားစဉ် ကာလအတွင်းမှာ ကျောင်းတိုက်မှာပဲ ၁၄ ရက် Home Q နေထိုင်ဖို့အတွက်ကို ညွှန်ကြားတယ်။ ညွှန်ကြားထားသော်လည်း ဆေးစစ်ချက် အဖြေမထွက်ခင်မှာ လူနာနံပါတ်-1077 က သူ့သဘောနဲ့သူ ရန်ကုန်-စစ်တွေ လေယာဉ်နဲ့ ပြန်သွားခဲ့တယ်။

ကျွန်တော်တို့ဘက်က သူ့ကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဘယ်မှ မသွားဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလာရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားထားပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာ (Case - 1077) အား စစ်တွေမြို့တွင်သာ ဆေးကုသမှု ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၎င်း ပြန်သွားခဲ့သည့် လေယာဉ်ခရီးစဉ်တွင်လည်း လူ ၉၉ ဦးပါဝင်ခဲ့ကြောင်း ဦးထွန်းမြင့်က ပြောသည်။

အဆိုပါ ပိုးတွေ့လူနာနှစ်ဦး နေထိုင်ခဲ့သည့် မင်္ဂလာကံယုံကျောင်းတိုက်နှင့် လမ်းအား စက်တင်ဘာ ၃ ရက် ညပိုင်းတွင် လော့ဒေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်တွင်လည်း အဆိုပါ ဗဟန်းမြို့နယ် ၊ရေတာရှည်လမ်းဟောင်းတွင် ခွင့်ပြုချက်မဲ့ ရောင်းချနေသည့် လမ်းဘေးဈေးသည် များကို အသိပေးရှင်းလင်း၍ ဖယ်ရှားခဲ့ကြောင်း ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

crd-မင်းမောင် Myanmar Harp

For Zawgyi

ဗဟန္းမွ ကိုဗစ္-19 ပိုးေတြ႕လူနာသည္ ေဆးစစ္ခ်က္ အေျဖမထြက္မီ စစ္ေတြၿမိဳ႕သို႔ ေလေၾကာင္းခရီးျဖင့္ ျပန္သြား

ေလယာဥ္ ခရီးစဥ္တြင္ ခရီးသည္ ၉၉ ဦးႏွင့္အတူ လိုက္ပါစီးနင္းခဲ့

ရန္ကုန္၊ စက္တင္ဘာလ ၄ ရက္။

ဗဟန္းၿမိဳ႕နယ္မွ ကိုဗစ္-19 ပိုးေတြ႕လူနာ အမ်ိဳးသား (Case-1077) သည္ ေဆးစစ္ခ်က္ အေျဖမထြက္မီတြင္ စစ္ေတြၿမိဳ႕သို႔ ျပန္သြားခဲ့ေၾကာင္း ဗဟန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္၊ ဦးထြန္းျမင့္က Myanmar Harp သို႔ေျပာသည္။

၎သည္ အျခားပိုးေတြ႕လူနာ (Case-1076) ျဖစ္သည့္ သံဃာေတာ္တစ္ပါး ႏွင့္အတူ စစ္ေတြၿမိဳ႕မွ ရန္ကုန္သို႔ ၾသဂုတ္လ ၂၇ ရက္တြင္ လာေရာက္ခဲ့ၿပီး ဗဟန္းၿမိဳ႕နယ္ ၊ေရတာရွည္လမ္းေဟာင္းရွိ မဂၤလာကံယုံ ဘုန္းႀကီးေက်ာင္းတိုက္၌ တည္းခိုခဲ့ေၾကာင္း ဦးထြန္းျမင့္က ေျပာသည္။

" သူတို႔ကို ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးထားစဥ္ ကာလအတြင္းမွာ ေက်ာင္းတိုက္မွာပဲ ၁၄ ရက္ Home Q ေနထိုင္ဖို႔အတြက္ကို ၫႊန္ၾကားတယ္။ ၫႊန္ၾကားထားေသာ္လည္း ေဆးစစ္ခ်က္ အေျဖမထြက္ခင္မွာ လူနာနံပါတ္-1077 က သူ႔သေဘာနဲ႔သူ ရန္ကုန္-စစ္ေတြ ေလယာဥ္နဲ႔ ျပန္သြားခဲ့တယ္။

ကြၽန္ေတာ္တို႔ဘက္က သူ႔ကို ဖုန္းနဲ႔ ဆက္သြယ္ၿပီးေတာ့ ဘယ္မွ မသြားဖို႔နဲ႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြလာရင္လည္း ပူးေပါင္းေဆာင္႐ြက္ဖို႔ ေျပာၾကားထားပါတယ္" ဟု ၎က ေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာ (Case - 1077) အား စစ္ေတြၿမိဳ႕တြင္သာ ေဆးကုသမႈ ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ၎ ျပန္သြားခဲ့သည့္ ေလယာဥ္ခရီးစဥ္တြင္လည္း လူ ၉၉ ဦးပါဝင္ခဲ့ေၾကာင္း ဦးထြန္းျမင့္က ေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာႏွစ္ဦး ေနထိုင္ခဲ့သည့္ မဂၤလာကံယုံေက်ာင္းတိုက္ႏွင့္ လမ္းအား စက္တင္ဘာ ၃ ရက္ ညပိုင္းတြင္ ေလာ့ေဒါင္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ယေန႔နံနက္တြင္လည္း အဆိုပါ ဗဟန္းၿမိဳ႕နယ္ ၊ေရတာရွည္လမ္းေဟာင္းတြင္ ခြင့္ျပဳခ်က္မဲ့ ေရာင္းခ်ေနသည့္ လမ္းေဘးေဈးသည္ မ်ားကို အသိေပးရွင္းလင္း၍ ဖယ္ရွားခဲ့ေၾကာင္း ဗဟန္းၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

crd-မင္းေမာင္ Myanmar Harp