အပူအစပ်တွေကို ခဏခဏစားနေရင် ခန္ဓါကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ

မြန်မာလူမျိုးတွေက ပူပူစပ်စပ်အရသာတွေကို သဘောကျကြပါတယ်။ အစပ်တွေစားတဲ့အခါ ခန္ဓါကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာ lovemedia ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဝိတ်ကျလာခြင်း

© shutterstock.com, © depositphotos.com

ပူပူစပ်စပ် အစားအစာတွေက အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ လွယ်ကူတဲ့ နည်းလမ်းပါပဲ။ အဆီပိုတွေကို လောင်ကျွမ်းစေတယ် ဆိုပေမယ့် လေ့ကျင့်ခန်းလုပ်ပြီး အစားဆင်ခြင် စားသလောက်တော့ အဆီပိုတွေ ကျမှာမဟုတ်ပါဘူး။

၂။ နာကျင်မှုဝေဒနာတွေကို တောင့်ခံလာနိုင်ခြင်း

© shutterstock.com, © depositphotos.com, © depositphotos.com

ဒီအချက်ကတော့ ငရုတ်သီးကြိုက်သူတွေအတွက် သတင်းကောင်းပါပဲ။ အပူအစပ်တွေ စားတတ်သူက ခန္ဓါကိုယ် အနှံ့အပြားက နာကျင်မှုတွေကို တောင့်ခံလာနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

၃။ ကိုယ်ခံအားစနစ်ကောင်းလာခြင်း

© shutterstock.com, © depositphotos.com, © shutterstock.com

ပူပူစပ်စပ် အစားအစာတွေကို စားတဲ့အခါ ခန္ဓါကိုယ်မှာ အင်တီအောက်ဆီးဒင့်တွေ ပိုရလာပါတယ်။ တုပ်ကွေးတွေ အဖြစ်များတဲ့အချိန်မှာ အင်တီအောက်ဆီးဒင့်တွေက ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ ရာသီဥတုအေးပြီး နေမကောင်းဖြစ်ချင်သလို ခံစားရတဲ့အခါ ချွေးထွက်စေတဲ့ အစားအစာတွေကို စားလိုက်ပါ။

၄။ အသက်ရှည်စေခြင်း

© shutterstock.com, © shutterstock.com

အစပ်တွေကို နေ့တိုင်းနီးပါး စားတဲ့သူတွေက သေဆုံးနိုင်ချေ ၁၄ ရာခိုင်နှုန်း နည်းသွားတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် အစပ်ကို အလွန်အကျွံ မစားဖို့တော့ လိုအပ်ပါတယ်။

၅။ သကြားစားသုံးမှု နည်းလာခြင်း

© shutterstock.com, © depositphotos.com, © depositphotos.com

သကြားက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမယ့် သကြားကို ဖြတ်ပစ်လိုက်လို့လည်း မရပါဘူး။ အစားအသောက်တွေထဲမှာ အပူအစပ်တွေကို ထည့်စားခြင်းက သကြားလျှော့စားလိုသူတွေအတွက် အကူအညီဖြစ်စေမှာပါ။

၆။ အရသာဖုများ စပ်လာခြင်း

© depositphotos.com© shutterstock.com

အစပ်တွေ အရမ်းစားရင် အခြားအရသာတွေကို ခဏကြာ ခံစားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ပူစရာတော့ မရှိပါဘူး။ မိနစ်ပိုင်းအတွင်းမှာပဲ အရသာဖုတွေက အရသာတွေကို ပြန်ခံစားနိုင်တော့မှာပါ။

၇။ ဓါတ်မတည့်မှု ဖြစ်စေခြင်း

အချို့လူတွေက ညစာကို အပူအစပ်တွေစားပြီးရင် မနက်ရောက်တဲ့အခါ မျက်နှာတွေရောင်ရမ်းတာ၊ ယားတာတွေ ဖြစ်လာတတ်ပါတယ်။ ငရုတ်ကောင်းလိုမျိုး အပူအစပ်တွေက ဓါတ်မတည့်မှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါက တချို့တွေအတွက်တော့ ခန္ဓါကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုပါ။

၈။ ဝမ်းဗိုက်ပြဿနာများ ပိုဆိုးလာခြင်း

© depositphotos.com© depositphotos.com

သင်က မကြာခဏ ဗိုက်အောင့်ဗိုက်နာတတ်သူ ဆိုရင်တော့ အပူအစပ်တွေကို ရှောင်သင့်ပါတယ်။ အစာအိမ်နဲ့ပတ်သက်ပြီး ပြဿနာရှိသူတွေကတော့ အပူအစပ်ကို မမြည်းစမ်းတာ အကောင်းဆုံးပါ။

၉။ ရင်ပူခြင်း

ငရုတ်ကောင်းမှာ အက်စစ်တွေ စုပေါင်းပါဝင်တာကြောင့် ငရုတ်ကောင်းကို များများစားရင် အစာအိမ်နံရံတွေ စပြီးပူလောင်လာမှာပါ။ ဒီအခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ သင်က မကြာခဏ ရင်ပူတတ်သူဆိုရင်တော့ နွားနို့သောက်တာ၊ ရေခဲမုန့်စားတာတွေနဲ့ ရင်ပူတာကို ဖြေဖျောက်လို့ ရပါတယ်။

Zombie (Lovemedia)

For Zawgyi

အပူအစပ္ေတြကို ခဏခဏစားေနရင္ ခႏၶါကိုယ္မွာ ဘာေတြ ျဖစ္လာမလဲ

ျမန္မာလူမ်ိဳးေတြက ပူပူစပ္စပ္အရသာေတြကို သေဘာက်ၾကပါတယ္။ အစပ္ေတြစားတဲ့အခါ ခႏၶါကိုယ္မွာ ဘယ္လိုေျပာင္းလဲလာမလဲ ဆိုတာ lovemedia ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ဝိတ္က်လာျခင္း

ပူပူစပ္စပ္ အစားအစာေတြက အဆီပိုေတြကို ေလာင္ကြၽမ္းေစတဲ့ လြယ္ကူတဲ့ နည္းလမ္းပါပဲ။ အဆီပိုေတြကို ေလာင္ကြၽမ္းေစတယ္ ဆိုေပမယ့္ ေလ့က်င့္ခန္းလုပ္ၿပီး အစားဆင္ျခင္ စားသေလာက္ေတာ့ အဆီပိုေတြ က်မွာမဟုတ္ပါဘူး။

၂။ နာက်င္မႈေဝဒနာေတြကို ေတာင့္ခံလာႏိုင္ျခင္း

ဒီအခ်က္ကေတာ့ င႐ုတ္သီးႀကိဳက္သူေတြအတြက္ သတင္းေကာင္းပါပဲ။ အပူအစပ္ေတြ စားတတ္သူက ခႏၶါကိုယ္ အႏွံ႔အျပားက နာက်င္မႈေတြကို ေတာင့္ခံလာႏိုင္တယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။

၃။ ကိုယ္ခံအားစနစ္ေကာင္းလာျခင္း

ပူပူစပ္စပ္ အစားအစာေတြကို စားတဲ့အခါ ခႏၶါကိုယ္မွာ အင္တီေအာက္ဆီးဒင့္ေတြ ပိုရလာပါတယ္။ တုပ္ေကြးေတြ အျဖစ္မ်ားတဲ့အခ်ိန္မွာ အင္တီေအာက္ဆီးဒင့္ေတြက ေရာဂါပိုးေတြကို ကာကြယ္ေပးပါတယ္။ ရာသီဥတုေအးၿပီး ေနမေကာင္းျဖစ္ခ်င္သလို ခံစားရတဲ့အခါ ေခြၽးထြက္ေစတဲ့ အစားအစာေတြကို စားလိုက္ပါ။

၄။ အသက္ရွည္ေစျခင္း

အစပ္ေတြကို ေန႔တိုင္းနီးပါး စားတဲ့သူေတြက ေသဆုံးႏိုင္ေခ် ၁၄ ရာခိုင္ႏႈန္း နည္းသြားတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ အစပ္ကို အလြန္အကြၽံ မစားဖို႔ေတာ့ လိုအပ္ပါတယ္။

၅။ သၾကားစားသုံးမႈ နည္းလာျခင္း

သၾကားက က်န္းမာေရးအတြက္ မေကာင္းပါဘူး။ ဒါေပမယ့္ သၾကားကို ျဖတ္ပစ္လိုက္လို႔လည္း မရပါဘူး။ အစားအေသာက္ေတြထဲမွာ အပူအစပ္ေတြကို ထည့္စားျခင္းက သၾကားေလွ်ာ့စားလိုသူေတြအတြက္ အကူအညီျဖစ္ေစမွာပါ။

၆။ အရသာဖုမ်ား စပ္လာျခင္း

အစပ္ေတြ အရမ္းစားရင္ အျခားအရသာေတြကို ခဏၾကာ ခံစားႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္ပူစရာေတာ့ မရွိပါဘူး။ မိနစ္ပိုင္းအတြင္းမွာပဲ အရသာဖုေတြက အရသာေတြကို ျပန္ခံစားႏိုင္ေတာ့မွာပါ။

၇။ ဓါတ္မတည့္မႈျဖစ္ေစျခင္း

အခ်ိဳ႕လူေတြက ညစာကို အပူအစပ္ေတြစားၿပီးရင္ မနက္ေရာက္တဲ့အခါ မ်က္ႏွာေတြေရာင္ရမ္းတာ၊ ယားတာေတြ ျဖစ္လာတတ္ပါတယ္။ င႐ုတ္ေကာင္းလိုမ်ိဳး အပူအစပ္ေတြက ဓါတ္မတည့္မႈေတြ ျဖစ္ေစတတ္ပါတယ္။ ဒါက တခ်ိဳ႕ေတြအတြက္ေတာ့ ခႏၶါကိုယ္ရဲ႕ သဘာဝတုံ႔ျပန္မႈပါ။

၈။ ဝမ္းဗိုက္ျပႆနာမ်ား ပိုဆိုးလာျခင္း

သင္က မၾကာခဏ ဗိုက္ေအာင့္ဗိုက္နာတတ္သူ ဆိုရင္ေတာ့ အပူအစပ္ေတြကို ေရွာင္သင့္ပါတယ္။ အစာအိမ္နဲ႔ပတ္သက္ၿပီး ျပႆနာရွိသူေတြကေတာ့ အပူအစပ္ကို မျမည္းစမ္းတာ အေကာင္းဆုံးပါ။

၉။ ရင္ပူျခင္း

င႐ုတ္ေကာင္းမွာ အက္စစ္ေတြ စုေပါင္းပါဝင္တာေၾကာင့္ င႐ုတ္ေကာင္းကို မ်ားမ်ားစားရင္ အစာအိမ္နံရံေတြ စၿပီးပူေလာင္လာမွာပါ။ ဒီအေျခအေနက ပိုဆိုးလာႏိုင္ပါတယ္။ သင္က မၾကာခဏ ရင္ပူတတ္သူဆိုရင္ေတာ့ ႏြားႏို႔ေသာက္တာ၊ ေရခဲမုန႔္စားတာေတြနဲ႔ ရင္ပူတာကို ေျဖေဖ်ာက္လို႔ ရပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments