ကိန်းဂဏန်းတွေအရ ကမ္ဘာ့လူဦးရေ 5% ကနေ 60% ဟာ အမျိုးမျိုးသော အကြောင်းတွေကြောင့် ခံတွင်းနံ့ ဆိုးခြင်းကို နေ့စဉ်ကြုံတွေ့နေရပါတယ်။ ခံတွင်းကို နေ့စဉ် ဂရုစိုက်ရင်တောင်၊ ကြက်သွန်ဖြူတွေ အများကြီး မစားရင်တောင် တစ်ခါတရံမှာ ခံတွင်းက အနံ့ဆိုးနေတတ် ပါတယ်။ ဒါပေမယ့် သင့်မှာ ပီကေမရှိတဲ့ အခါ၊ အရေးပေါ် လိုအပ်တဲ့ အခါ ခံတွင်းနံ့ ဆိုးပျောက်အောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

ဘာ့ကြောင့် ခံတွင်းနံ့ ဆိုးတာလဲ။

© The Big Bang Theory / Warner Bros. Television

အဓိကကတော့ ခံတွင်းကို သေချာဂရုမစိုက်တဲ့ အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ခံတွင်းနံ့ဆိုးရခြင်း ဖြစ်ပါတယ်။ ခံတွင်းနံ့ မဆိုးဖို့အတွက် ခံတွင်းသန့်ရှင်းရေး၊ လျှာသန့်ရှင်းရေး၊ သွားသန့်ရှင်းရေးတို့ကို အထူး ဂရုစိုက်ပြီး ပြုလုပ်ဖို့ လိုပါတယ်နော်။ ခံတွင်းနံ့ ဆိုးရတဲ့အကြောင်းအရင်းအမျိုးမျိုးကတော့

1. ဆာလဖာကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို အများအပြားစားခြင်း

2. ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း

3. ခံတွင်းမသန့်ရှင်းခြင်း

4. သွားဖုံးအနာဖြစ်ခြင်း

5. စိတ်ဖိစီးမှုများခြင်းနှင့် စိုးရိမ်သောကများခြင်း

6. ခံတွင်းတွင် အနာဖြစ်ခြင်း

7. သွားပိုးစားခြင်း

ခံတွင်းနံ့ဆိုးတာကို ချက်ချင်းဖယ်ရှားဖို့အတွက် သွားတိုက်ဆေးတွေ၊ သွားတိုက်တံတွေ မလိုအပ်ပါဘူး။ အနံ့တွေကို ဖယ်ရှားနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

1. ရေသောက်ပါ။

flickr.com

ခံတွင်းထဲက ဘက်တီးရီးယားတွေက မကောင်းတဲ့ အနံ့တွေကို ထုတ်လွှတ်ပေးပြီး တံတွေးက အနံ့ဆိုးတွေ မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ ခန္ဓါကိုယ်မှာ ရေဓါတ်ပြည့်လေလေ၊ ခံတွင်းနံ့ဆိုးတာ သက်သာလေလေပါပဲ။ ခံတွင်းက ခြောက်နေတယ်ဆိုရင် ရေတစ်ဖန်ခွက်ကို သောက်လိုက်ပါ။

2. ပူဒီနာ၊ တရုတ်နံနံ၊ ပင်စိမ်းတို့လို ဆေးဖက်ဝင်အပင်တွေကို ဝါးစားပါ။

pixabay.com

ပါတီရောက်နေတယ် ဆိုရင် ပူဒီနာလို ဆေးဖက်ဝင် အရွက်တွေကို ဝါးစားလိုက်ပါ။ အဲဒီလိုအရွက်တွေက သွားတွေကို ချက်ချင်း သန့်ရှင်းသွားစေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနံ့အသက် ဆိုးကိုတော့ လောလောဆယ် အချိန်မှာ ပျောက်သွားစေမှာဖြစ်လို့ အလွန် ထိရောက်ပါတယ်။

3. ပန်းသီးစားပါ။

Calin Niculescu/EyeEm/Getty Images

အပြင်သွားမယ် ဆိုရင် ပန်းသီးတစ်လုံး အမြဲဆောင်သွားပါ။ ပန်းသီးက ခံတွင်းအနံ့ဆိုးတွေကို အနံ့ပျယ် သွားစေပါတယ်။ ဒါ့အပြင် ပန်းသီးက သွားတွေကိုလည်း သန့်ရှင်းစေပါတယ်။

4. သံပရိုရည် သောက်ပါ။

pixy.org

သံပရိုသီးက ခန္ဓါကိုယ်ကျန်းမာရေး အတွက်သာမက ခံတွင်းအနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခံတွင်းအနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို သံပရိုသီးက တိုက်ခိုက်ပေးနိုင်ပါတယ်။ သံပရိုသီးကို ညှစ်ပြီး ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်ရုံဖြစ်လို့ အလွန်လွယ်ကူပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားပြီးတဲ့အချိန်တွေမှာလည်း သံပရိုသီးသောက်ရင် အနံ့ဆိုးတွေ မထွက်စေတော့ပါဘူး။

5. ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပေးတဲ့ဂျယ်လ်ကို ဆောင်ထားပါ။

alibaba.com

ခံတွင်းအနံဆိုးတွေကို ချက်ချင်းပျောက်ဖို့ဆိုရင် ပူရှိန်းအနံ့လိုမျိုး ပါဝင်တဲ့ ခံတွင်းနံ့ဆိုး ဖယ်ရှားပေးတဲ့ဂျယ်လ်ကို ဆောင်ထားပါ။ ကြွက်သားအားနည်းသူတွေ၊ ပီကေမဝါးနိုင်တဲ့ သူတွေအတွက် ဂျယ်လ်လေးဆောင်ထားရင် အဆင်ပြေပါတယ်။

Zombie (Lovemedia)

For Zawgyi

ခံတြင္းနံ႔ဆိုးေတြကို ငါးမိနစ္အတြင္း ဖယ္ရွားႏိုင္မယ့္ အလြယ္ဆုံးနည္းလမ္း (5) ခု

ကိန္းဂဏန္းေတြအရ ကမာၻ႔လူဦးေရ 5% ကေန 60% ဟာ အမ်ိဳးမ်ိဳးေသာ အေၾကာင္းေတြေၾကာင့္ ခံတြင္းနံ႔ ဆိုးျခင္းကို ေန႔စဥ္ႀကဳံေတြ႕ေနရပါတယ္။ ခံတြင္းကို ေန႔စဥ္ ဂ႐ုစိုက္ရင္ေတာင္၊ ၾကက္သြန္ျဖဴေတြ အမ်ားႀကီး မစားရင္ေတာင္ တစ္ခါတရံမွာ ခံတြင္းက အနံ႔ဆိုးေနတတ္ ပါတယ္။ ဒါေပမယ့္ သင့္မွာ ပီေကမရွိတဲ့ အခါ၊ အေရးေပၚ လိုအပ္တဲ့ အခါ ခံတြင္းနံ႔ ဆိုးေပ်ာက္ေအာင္ လုပ္လို႔ရမယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။

ဘာ့ေၾကာင့္ ခံတြင္းနံ႔ ဆိုးတာလဲ။

အဓိကကေတာ့ ခံတြင္းကို ေသခ်ာဂ႐ုမစိုက္တဲ့ အခါ ဘက္တီးရီးယားေတြ ေပါက္ဖြားလာၿပီး ခံတြင္းနံ႔ဆိုးရျခင္း ျဖစ္ပါတယ္။ ခံတြင္းနံ႔ မဆိုးဖို႔အတြက္ ခံတြင္းသန႔္ရွင္းေရး၊ လွ်ာသန႔္ရွင္းေရး၊ သြားသန႔္ရွင္းေရးတို႔ကို အထူး ဂ႐ုစိုက္ၿပီး ျပဳလုပ္ဖို႔ လိုပါတယ္ေနာ္။ ခံတြင္းနံ႔ ဆိုးရတဲ့အေၾကာင္းအရင္းအမ်ိဳးမ်ိဳးကေတာ့

1. ဆာလဖာႂကြယ္ဝစြာပါဝင္တဲ့ အစားအစာမ်ားကို အမ်ားအျပားစားျခင္း

2. ေဆးလိပ္ေသာက္ျခင္းႏွင့္ အရက္ေသာက္ျခင္း

3. ခံတြင္းမသန႔္ရွင္းျခင္း

4. သြားဖုံးအနာျဖစ္ျခင္း

5. စိတ္ဖိစီးမႈမ်ားျခင္းႏွင့္ စိုးရိမ္ေသာကမ်ားျခင္း

6. ခံတြင္းတြင္ အနာျဖစ္ျခင္း

7. သြားပိုးစားျခင္း

ခံတြင္းနံ႔ဆိုးတာကို ခ်က္ခ်င္းဖယ္ရွားဖို႔အတြက္ သြားတိုက္ေဆးေတြ၊ သြားတိုက္တံေတြ မလိုအပ္ပါဘူး။ အနံ႔ေတြကို ဖယ္ရွားႏိုင္မယ့္ ထိေရာက္တဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။

1. ေရေသာက္ပါ။

ခံတြင္းထဲက ဘက္တီးရီးယားေတြက မေကာင္းတဲ့ အနံ႔ေတြကို ထုတ္လႊတ္ေပးၿပီး တံေတြးက အနံ႔ဆိုးေတြ မျဖစ္လာေအာင္ ကာကြယ္ေပးပါတယ္။ ခႏၶါကိုယ္မွာ ေရဓါတ္ျပည့္ေလေလ၊ ခံတြင္းနံ႔ဆိုးတာ သက္သာေလေလပါပဲ။ ခံတြင္းက ေျခာက္ေနတယ္ဆိုရင္ ေရတစ္ဖန္ခြက္ကို ေသာက္လိုက္ပါ။

2. ပူဒီနာ၊ တ႐ုတ္နံနံ၊ ပင္စိမ္းတို႔လို ေဆးဖက္ဝင္အပင္ေတြကို ဝါးစားပါ။

ပါတီေရာက္ေနတယ္ ဆိုရင္ ပူဒီနာလို ေဆးဖက္ဝင္ အ႐ြက္ေတြကို ဝါးစားလိုက္ပါ။ အဲဒီလိုအ႐ြက္ေတြက သြားေတြကို ခ်က္ခ်င္း သန႔္ရွင္းသြားေစမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အနံ႔အသက္ ဆိုးကိုေတာ့ ေလာေလာဆယ္ အခ်ိန္မွာ ေပ်ာက္သြားေစမွာျဖစ္လို႔ အလြန္ ထိေရာက္ပါတယ္။

3. ပန္းသီးစားပါ။

အျပင္သြားမယ္ ဆိုရင္ ပန္းသီးတစ္လုံး အၿမဲေဆာင္သြားပါ။ ပန္းသီးက ခံတြင္းအနံ႔ဆိုးေတြကို အနံ႔ပ်ယ္ သြားေစပါတယ္။ ဒါ့အျပင္ ပန္းသီးက သြားေတြကိုလည္း သန႔္ရွင္းေစပါတယ္။

4. သံပ႐ိုရည္ ေသာက္ပါ။

သံပ႐ိုသီးက ခႏၶါကိုယ္က်န္းမာေရး အတြက္သာမက ခံတြင္းအနံ႔ဆိုးေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ခံတြင္းအနံ႔ဆိုးေစတဲ့ ဘက္တီးရီးယားေတြကို သံပ႐ိုသီးက တိုက္ခိုက္ေပးႏိုင္ပါတယ္။ သံပ႐ိုသီးကို ညႇစ္ၿပီး ေရတစ္ဖန္ခြက္နဲ႔ ေဖ်ာ္ေသာက္႐ုံျဖစ္လို႔ အလြန္လြယ္ကူပါတယ္။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေတြ စားၿပီးတဲ့အခ်ိန္ေတြမွာလည္း သံပ႐ိုသီးေသာက္ရင္ အနံ႔ဆိုးေတြ မထြက္ေစေတာ့ပါဘူး။

5. ခံတြင္းအနံ႔ဆိုးေတြကို ဖယ္ရွားေပးတဲ့ဂ်ယ္လ္ကို ေဆာင္ထားပါ။

ခံတြင္းအနံဆိုးေတြကို ခ်က္ခ်င္းေပ်ာက္ဖို႔ဆိုရင္ ပူရွိန္းအနံ႔လိုမ်ိဳး ပါဝင္တဲ့ ခံတြင္းနံ႔ဆိုး ဖယ္ရွားေပးတဲ့ဂ်ယ္လ္ကို ေဆာင္ထားပါ။ ႂကြက္သားအားနည္းသူေတြ၊ ပီေကမဝါးႏိုင္တဲ့ သူေတြအတြက္ ဂ်ယ္လ္ေလးေဆာင္ထားရင္ အဆင္ေျပပါတယ္။

Zombie (Lovemedia)