မိန်းခလေးတွေ သေချာဖတ်

ဒီခေတ်မှာ မိန်းကလေးတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ ဆိုတာ ရှားသွားပြီ။ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ ချစ်ဖို့ဆိုတာ ဟာသ တစ်ပုဒ်လိုတောင် ဖြစ်နေပြီ။

ရည်းစားထားတာ အလှထိုင်ကြည့်ပြီး ဘာလုပ်ရမှာလဲ။ ကိုယ်မစားလည်း သူများစားမှာပဲ ဆိုတာတွေက ပါသေးတယ်။ သူများသုံးပြီးသား ညစ်နွမ်းနေတဲ့ ပုဝါလိုမျိုး အရင်လူနဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကို တန်ဖိုးကြီး ပစ္စည်းလို တန်ဖိုးထားနေလည်း အလကားပဲ ဆိုတဲ့ လူတွေနဲ့... ဒီလိုခေတ်ထဲမှာ မိန်းမဖြစ်ရတာ လူသုံးကုန် ပစ္စည်းတစ်ခုလိုပဲ...

ပိုက်ဆံတတ်နိုင်တဲ့သူတွေက  သူတို့လိုအတ္တကို ပိုက်ဆံပေးပြီး ဝယ်တယ်။ တမင် ယုတ်မာတဲ့သူတွေက အချစ်ဆိုတာကို အသုံးချပြီး ကိုယ်လိုချင်တာကို ရအောင်ယူတယ်၊ ကတိတွေပေးတယ် မျှော်လင့်ချက်တွေ ပေးတယ်၊ တစ်ဖက်မိန်းကလေးရဲ့ အနာဂတ်တွေကို အိပ်မက်တွေပေးပြီး စိတ်ကြိုက်ခြယ်လှယ်နေတာ။

ပြည့်တန်ဆာနဲ့ အိပ်တတ်တဲ့ ယောက်ျားတွေက မယုတ်မာဘူး၊ တန်ရာတန်ကြေးပေးပြီး သူတို့လိုအပ်တာကို ဝယ်တာ၊ ချစ်ပါတယ်ဆိုပြီး အတူအိပ်ချင်ကြတဲ့ ယောက်ျားတွေကတော့ ပိုပြီး ယုတ်မာတယ်။ ပိုက်ဆံပေးစရာ မလိုတဲ့အပြင် လူတစ်ယောက်ရဲ့ ဘဝရော နှလုံးသားရော သေအောင် သတ်သွားတာမျိုးပေါ့။

မိန်းခလေးဖြစ်ပြီး အညှာလွယ်တာကိုး အယုံလွယ်တာကိုးလို့ ပစ်စလတ်ခတ် ပြောချင်ရင် ကိုယ်တိုင်ကရော တကယ်ချစ်ရင် ဘဝပေးပြီး သက်သေပြပါလို့...၊ ကိုယ်လုပ်ချင်တာ လုပ်ပြီးသွားတော့မှ အရင်လူတွေနဲ့  ပတ်သက်ခဲ့မျှ နွားအဖြစ် မခံနိုင်ဘူး ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရှောင်ထွက်မယ် ဆိုလည်း အစတည်းက အခွင့်အရေး မယူကြနဲ့။

ပြောချင်တာက မိန်းခလေးတစ်ယောက်ကို တကယ်မချစ်ပဲ အသုံးမချပါနဲ့၊ မြတ်နိုးတဲ့ စိတ်နဲ့ချစ်ပါ၊ တန်ဖိုးထားတဲ့ စိတ်နဲ့ချစ်ပါ၊ မိန်းမသားတွေကို ကိုယ့်မျက်လုံးထဲမှာ အားနွဲ့တဲ့ လူသားတွေလို့မြင်ပါ၊ ကိုယ့်ကို အားကိုးတတ်တဲ့ ကိုယ့်ညီမလေးတွေလို မြင်ပါ။

ဘယ်လိုပဲ ရင်ဘောင်တန်းပါစေ မိန်းမက မိန်းမပါပဲ၊ တခြားအရာတွေ ယှဉ်လို့ရချင်ရမယ်။ ကြေလွယ် နွမ်းလွယ်တဲ့ နေရာမှာတော့ မယှဉ်နိုင်အောင် ထိခိုက်လွယ်ပါတယ်။ ခြေသုတ်ပုဝါလို့ လူတွေ သတ်မှတ်ထားတဲ့ ပုဝါတစ်ခုကို ခြေသုတ်တာ ကိုယ့်အပစ် မဟုတ်ဘူး၊ လက်ကိုင်ပုဝါတစ်ခုကို ခြေသုတ်ပြီး နောက်လူတွေပါ ထပ်သုတ်အောင် စွန့်ပစ်ခဲ့ရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပြီ...၊

ကိုယ့်ကြောင့် ညစ်နွမ်းခဲ့မယ် ဆိုရင်လည်း အဲဒီ လက်ကိုင်ပုဝါလေးကို လွှတ်မချပဲ တစ်သက်လုံး မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထား သိမ်းဆည်းတတ်ပါစေ...။

Crd : လေးစားလျှက်ပါ

For Zawgyi

မိန္းကေလးတစ္ေယာက္ကို တကယ္မခ်စ္ပဲ အသုံးမခ်ပါနဲ႔

မိန္းခေလးေတြ ေသခ်ာဖတ္

ဒီေခတ္မွာ မိန္းကေလးတစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုးနဲ႔ အခ်စ္ခံရဖို႔ ဆိုတာ ရွားသြားၿပီ။ မခူးရက္တဲ့ ပန္းေလးတစ္ပြင့္ကို အရိပ္တၾကည့္ၾကည့္နဲ႔ ထိုင္ၾကည့္ေနသလို ျမတ္ႏိုးမႈမ်ိဳးနဲ႔ ခ်စ္ဖို႔ဆိုတာ ဟာသ တစ္ပုဒ္လိုေတာင္ ျဖစ္ေနၿပီ။

ရည္းစားထားတာ အလွထိုင္ၾကည့္ၿပီး ဘာလုပ္ရမွာလဲ။ ကိုယ္မစားလည္း သူမ်ားစားမွာပဲ ဆိုတာေတြက ပါေသးတယ္။ သူမ်ားသုံးၿပီးသား ညစ္ႏြမ္းေနတဲ့ ပုဝါလိုမ်ိဳး အရင္လူနဲ႔ ျဖစ္ခ်င္တိုင္းျဖစ္ခဲ့တာကို တန္ဖိုးႀကီး ပစၥည္းလို တန္ဖိုးထားေနလည္း အလကားပဲ ဆိုတဲ့ လူေတြနဲ႔... ဒီလိုေခတ္ထဲမွာ မိန္းမျဖစ္ရတာ လူသုံးကုန္ ပစၥည္းတစ္ခုလိုပဲ...

ပိုက္ဆံတတ္ႏိုင္တဲ့သူေတြက  သူတို႔လိုအတၱကို ပိုက္ဆံေပးၿပီး ဝယ္တယ္။ တမင္ ယုတ္မာတဲ့သူေတြက အခ်စ္ဆိုတာကို အသုံးခ်ၿပီး ကိုယ္လိုခ်င္တာကို ရေအာင္ယူတယ္၊ ကတိေတြေပးတယ္ ေမွ်ာ္လင့္ခ်က္ေတြ ေပးတယ္၊ တစ္ဖက္မိန္းကေလးရဲ႕ အနာဂတ္ေတြကို အိပ္မက္ေတြေပးၿပီး စိတ္ႀကိဳက္ျခယ္လွယ္ေနတာ။

ျပည့္တန္ဆာနဲ႔ အိပ္တတ္တဲ့ ေယာက္်ားေတြက မယုတ္မာဘူး၊ တန္ရာတန္ေၾကးေပးၿပီး သူတို႔လိုအပ္တာကို ဝယ္တာ၊ ခ်စ္ပါတယ္ဆိုၿပီး အတူအိပ္ခ်င္ၾကတဲ့ ေယာက္်ားေတြကေတာ့ ပိုၿပီး ယုတ္မာတယ္။ ပိုက္ဆံေပးစရာ မလိုတဲ့အျပင္ လူတစ္ေယာက္ရဲ႕ ဘဝေရာ ႏွလုံးသားေရာ ေသေအာင္ သတ္သြားတာမ်ိဳးေပါ့။

မိန္းခေလးျဖစ္ၿပီး အညႇာလြယ္တာကိုး အယုံလြယ္တာကိုးလို႔ ပစ္စလတ္ခတ္ ေျပာခ်င္ရင္ ကိုယ္တိုင္ကေရာ တကယ္ခ်စ္ရင္ ဘဝေပးၿပီး သက္ေသျပပါလို႔...၊ ကိုယ္လုပ္ခ်င္တာ လုပ္ၿပီးသြားေတာ့မွ အရင္လူေတြနဲ႔  ပတ္သက္ခဲ့မွ် ႏြားအျဖစ္ မခံႏိုင္ဘူး ဆိုတဲ့ စကားတစ္ခြန္းနဲ႔ ေရွာင္ထြက္မယ္ ဆိုလည္း အစတည္းက အခြင့္အေရး မယူၾကနဲ႔။

ေျပာခ်င္တာက မိန္းခေလးတစ္ေယာက္ကို တကယ္မခ်စ္ပဲ အသုံးမခ်ပါနဲ႔၊ ျမတ္ႏိုးတဲ့ စိတ္နဲ႔ခ်စ္ပါ၊ တန္ဖိုးထားတဲ့ စိတ္နဲ႔ခ်စ္ပါ၊ မိန္းမသားေတြကို ကိုယ့္မ်က္လုံးထဲမွာ အားႏြဲ႕တဲ့ လူသားေတြလို႔ျမင္ပါ၊ ကိုယ့္ကို အားကိုးတတ္တဲ့ ကိုယ့္ညီမေလးေတြလို ျမင္ပါ။

ဘယ္လိုပဲ ရင္ေဘာင္တန္းပါေစ မိန္းမက မိန္းမပါပဲ၊ တျခားအရာေတြ ယွဥ္လို႔ရခ်င္ရမယ္။ ေၾကလြယ္ ႏြမ္းလြယ္တဲ့ ေနရာမွာေတာ့ မယွဥ္ႏိုင္ေအာင္ ထိခိုက္လြယ္ပါတယ္။ ေျခသုတ္ပုဝါလို႔ လူေတြ သတ္မွတ္ထားတဲ့ ပုဝါတစ္ခုကို ေျခသုတ္တာ ကိုယ့္အပစ္ မဟုတ္ဘူး၊ လက္ကိုင္ပုဝါတစ္ခုကို ေျခသုတ္ၿပီး ေနာက္လူေတြပါ ထပ္သုတ္ေအာင္ စြန္႔ပစ္ခဲ့ရင္ေတာ့ ကိုယ့္အျပစ္ျဖစ္သြားၿပီ...၊

ကိုယ့္ေၾကာင့္ ညစ္ႏြမ္းခဲ့မယ္ ဆိုရင္လည္း အဲဒီ လက္ကိုင္ပုဝါေလးကို လႊတ္မခ်ပဲ တစ္သက္လုံး ျမတ္ျမတ္ႏိုးႏိုးနဲ႔ တန္ဖိုးထား သိမ္းဆည္းတတ္ပါေစ...။

Crd : ေလးစားလွ်က္ပါ