လက်ရှိတွဲနေတဲ့ ချစ်သူက ကိုယ့်ကိုတကယ်ချစ်ရဲ့လားဆိုတာ ဘယ်လိုနည်းလမ်းတွေနဲ့ သိနိုင်ပါမလဲ။ တခါတရံမှာ ကိုယ့်ကို တကယ်ချစ်လား၊ မချစ်ဘူးလားဆိုတာ အဖြေရှာဖို့ ခက်ပါတယ်။

မိန်းကလေးတွေက သူတို့ကို အမြဲပျော်ရွှင်အောင် ထားတတ်တဲ့ ချစ်သူကို လိုချင်တောင့်တတတ်ကြပါတယ်။ သင်လိုချင်တာထက်ကိုပိုပြီး ဖြည့်ဆည်းပေးတဲ့သူက သင့်ဘဝမှာ လက်မလွှတ်သင့်တဲ့သူပါပဲ။ "ဘယ်အရာကမှ မင်းလောက်အရေးမကြီးဘူး" ဆိုပြီး ပျော်ရွှင်အောင်ထားပေးတတ်သူကို မိန်းကလေးတွေက သဘောကျကြပါတယ်။

အရင်ခေတ်ကလူတွေက ချစ်ရတဲ့သူကို စကားလုံးတွေနဲ့ပဲ ဘယ်လောက်ချစ်ကြောင်း သိစေပါတယ်။ ယခုခေတ်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ တစ်ခါတလေမှာ အပြုအမူတွေက စကားလုံးတွေထက်ပိုပြီး ထိရောက်တယ်ဆိုတာ ယုံကြည်ဖို့လိုပါတယ်။

သင့်ကိုသူ ဘယ်လောက်ချစ်ကြောင်း နားလည်စေချင်ရင်တော့ သင့်အတွက် တစ်ခုခုကို အထူးတလည် ပြုလုပ်ပေးမှာပါ။ သင်ပြုံးနေနိုင်ဖို့ သူအလုပ်တွေ ကြိုးစားနေတယ်ဆိုတာလည်း သင့်ဘက်က နားလည်ပေးဖို့ လိုပါတယ်။ သူက သင်နဲ့အတူ အချိန်တွေလည်း အလဟဿမဖြစ်ချင်ပါဘူး။ ဒါပေမယ့် ယောကျ်ားလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

သင့်ချစ်သူက ကတိတွေပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သူက ရည်းစားပဲဖြစ်ချင်ရုံ မဟုတ်ပါဘူး။ သင်နဲ့တစ်ဘဝလုံးကို အတူတူဖြတ်သန်းချင်တာပါ။ သင့်ကို တစ်ဘဝလုံးစာ ကတိတွေပေးဖို့ အဆင်သင့်ဖြစ်နေသူက သင့်ကို တကယ်ချစ်တဲ့သူပါပဲ။

ယောကျ်ားတွေက ကတိမတည်တတ်တဲ့သူတွေပဲလို့ မိန်းကလေးတွေက ယုံကြည်နေကြပါတယ်။ အဲဒီအတွက် သံသယဖြစ်စရာမလိုပါဘူး။ တခြားဘက်က စဉ်းစားကြည့်ရင်လည်း မိန်းကလေးတွေရဲ့ ခံစားချက်ကို အလေးအနက်ထားပြီး တန်ဖိုးထားတတ်တဲ့သူဆိုတာ ရှိပါသေးတယ်နော်။ အဲဒီတော့ သင့်ကောင်လေးက သင့်အတွက်သီးသန့် ခမ်းခမ်းနားနား ၊ ဆန်းဆန်းပြားပြားအရာတွေနဲ့ ပျော်အောင်လုပ်ပေးမှာ မဟုတ်ဘူးလို့ မတွေးသင့်ပါဘူး။

အသေးအမွှားလေးကအစ ဂရုစိုက်ပြီး ဖြည့်ဆည်းပေးတဲ့သူဟာ သင့်အတွက် အကောင်းဆုံးသူ၊ တကယ်ချစ်တဲ့သူပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တကယ်ချစ်ရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ ထားမသွားပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး ထားခဲ့တဲ့သူက တကယ်မချစ်လို့ပါပဲနော်။ ပြီးတော့ သင့်ချစ်သူက သူဖြစ်ချင်တာထက် သင်ဖြစ်ချင်တဲ့ဆန္ဒကို ဦးစားပေးပြုမူရင်တော့ တကယ်ချစ်တယ်ဆိုတာ မှားစရာမရှိတော့ပါဘူး။ အဲ့ဒီလိုချစ်သူမျိုးဆိုရင်တော့ သင်လက်မလွှတ်သင့်တဲ့သူပဲ ဖြစ်ပါတယ်နော်။

Zombie(LoveMedia)