ယခုခေတ်မှာတော့ လူအများစုဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိတွေ ကြွယ်ဝကြတာကြောင့် ကြားဖူးနားဝ ဆေးမြီးတိုတွေနဲ့ မကုသကြတော့ပါဘူး။ ဒါပေမယ့် တချိူ့နေရာတွေမှာလည်း ရောဂါတွေကို အန္တရာယ်ရှိတဲ့ နည်းလမ်းတွေနဲ့ ကုသနေကြဆဲပါပဲ။

ဝက်ဝံခြေထောက်ကိုစားတာ၊ ကျားရဲ့အစွယ်ကို ဆွဲကြိုးလုပ်ဝတ်တာ စတဲ့နည်းလမ်းတွေဟာ ကျန်းမာရေးအတွက် ကောင်းစေတယ် လို့ သုတေသန အထောက်အထား မရှိတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါတယ်။

အင်ဒိုနီးရှားနိုင်၊ အနောက်ဂျာဗားပြည်နယ်၊ Rawa Buaya စီရင်စုမှာတော့ ရွာသားတွေဟာ ရထားလမ်းပေါ် အိပ်ပြီး ဆေးကုတဲ့ ကုထုံးကို ပြုလုပ်နေကြပါတယ်။ ဒီကုသနည်းကို ပြုလုပ်ဖို့ကတော့ မွန်းလွဲပိုင်းကနေ ညနေခင်းအထိ ရထားသံလမ်းပေါ်မှာ အိပ်ရမှာပါ။ ရွာသားတွေရဲ့ အဆိုအရတော့ ရထားသံလမ်းပေါ်မှာ ပြေးနေတဲ့ လျှပ်စစ်စီးကြောင်းက အဖျားရောဂါကို ပျောက်စေတယ်လို့ ပြောပါတယ်။

ရထားသံလမ်းပေါ်မှာ ပြေးနေတဲ့ လျှပ်စစ်ဗို့အား ပမာဏကို တိတိကျကျ မသိနိုင်တာကြောင့် ခန္ဓါကိုယ်ကိုလည်း ထိခိုက်စေမှာပါ။ အဲဒါကြောင့် အာဏာပိုင်တွေက ဒီလိုကုသနည်းကို တားမြစ်ထားပါတယ်။ ပြီးတော့ ဒီနည်းလမ်းက အဖျားပျောက်စေဖို့ မသေချာပေမယ့် ရထားလာရင်တော့ အန္တရာယ်ရှိမှာ အသေအချာပါပဲ။

အင်တာနက် သုံးစွဲသူတွေကတော့ ရထားသံလမ်းပေါ်မှာ အိပ်ပြီး အဖျားကုသတဲ့ ကုထုံးကို ပြစ်တင်ဝေဖန် နေကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ရထားသံလမ္းေပၚမွာ အိပ္ၿပီး အဖ်ားေရာဂါကို ကုသေနၾကသည့္႐ြာသားမ်ား

ယခုေခတ္မွာေတာ့ လူအမ်ားစုဟာ က်န္းမာေရးနဲ႔ပတ္သက္ၿပီး အသိေတြ ႂကြယ္ဝၾကတာေၾကာင့္ ၾကားဖူးနားဝ ေဆးၿမီးတိုေတြနဲ႔ မကုသၾကေတာ့ပါဘူး။ ဒါေပမယ့္ တခ်ိဴ႕ေနရာေတြမွာလည္း ေရာဂါေတြကို အႏၲရာယ္ရွိတဲ့ နည္းလမ္းေတြနဲ႔ ကုသေနၾကဆဲပါပဲ။

ဝက္ဝံေျခေထာက္ကိုစားတာ၊ က်ားရဲ႕အစြယ္ကို ဆြဲႀကိဳးလုပ္ဝတ္တာ စတဲ့နည္းလမ္းေတြဟာ က်န္းမာေရးအတြက္ ေကာင္းေစတယ္ လို႔ သုေတသန အေထာက္အထား မရွိတဲ့အျပင္ သဘာဝပတ္ဝန္းက်င္ကိုလည္း ထိခိုက္ေစပါတယ္။

အင္ဒိုနီးရွားႏိုင္၊ အေနာက္ဂ်ာဗားျပည္နယ္၊ Rawa Buaya စီရင္စုမွာေတာ့ ႐ြာသားေတြဟာ ရထားလမ္းေပၚ အိပ္ၿပီး ေဆးကုတဲ့ ကုထုံးကို ျပဳလုပ္ေနၾကပါတယ္။ ဒီကုသနည္းကို ျပဳလုပ္ဖို႔ကေတာ့ မြန္းလြဲပိုင္းကေန ညေနခင္းအထိ ရထားသံလမ္းေပၚမွာ အိပ္ရမွာပါ။ ႐ြာသားေတြရဲ႕အဆိုအရေတာ့ ရထားသံလမ္းေပၚမွာ ေျပးေနတဲ့ လွ်ပ္စစ္စီးေၾကာင္းက အဖ်ားေရာဂါကို ေပ်ာက္ေစတယ္လို႔ ေျပာပါတယ္။

ရထားသံလမ္းေပၚမွာ ေျပးေနတဲ့ လွ်ပ္စစ္ဗို႔အား ပမာဏကို တိတိက်က် မသိႏိုင္တာေၾကာင့္ ခႏၶါကိုယ္ကိုလည္း ထိခိုက္ေစမွာပါ။ အဲဒါေၾကာင့္ အာဏာပိုင္ေတြက ဒီလိုကုသနည္းကို တားျမစ္ထားပါတယ္။ ၿပီးေတာ့ ဒီနည္းလမ္းက အဖ်ားေပ်ာက္ေစဖို႔ မေသခ်ာေပမယ့္ ရထားလာရင္ေတာ့ အႏၲရာယ္ရွိမွာ အေသအခ်ာပါပဲ။

အင္တာနက္ သုံးစြဲသူေတြကေတာ့ ရထားသံလမ္းေပၚမွာ အိပ္ၿပီး အဖ်ားကုသတဲ့ ကုထုံးကို ျပစ္တင္ေဝဖန္ ေနၾကပါတယ္။

Zombie (Lovemedia)