ဒီကိစ္စဟာ နိုင်ငံတစ်နိုင်ငံအတွက် ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ကျွန်မတို့ ကျောင်းဆရာမတွေထဲမှာ အပျိုကြီး ဆရာမတွေ ပိုပိုများလာတာ တွေ့ရပါတယ်။ တွေ့လိုက်ရတဲ့ အပျိုကြီး ဆရာမတိုင်းဟာ ရုပ်ရည်ချောမောပြေပြစ်ပြီး စားဝတ်နေရေး ပြည့်စုံ ကုံလုံတဲ့သူတွေ ချည်းပါပဲ။

ပညာတတ်တွေက သူတို့ရဲ့ မျိုးဆက်တွေ ချန်မထားခဲ့ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ်မှာ ဘယ်လိုမျိုးဆက်တွေနဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြမှာလဲ။ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုကတော အမြော်အမြင်ကြီးစွာပဲ ဘွဲ့ရပညာတတ်တွေ အိမ်ထောင်ပြုလို့ ကလေး ၂ယောက်မွေးရင် တစ်ယောက်ကို တာဝန်ယူပေးသတဲ့။

ဒီနိုင်ငံမှာတော့ ပညာတတ် မိဘတွေဟာ ကလေးတစ်ယောက်ကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူနိုင်ဖို့ ကိုယ့်အတိုင်းအတာနဲ့ ချင့်ချိန်ပြီး သားသမီးကို တစ်ယောက်စ နှစ်ယောက်စ လွန်ရော ကျွံရော သုံးလေးယောက်ထက် ပိုမယူကြတော့ဘူး။ ပိုဆိုးတာက ဘွဲ့ရပညာတတ်မိန်းမတွေ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်တဲ့ မိန်းမအတော်များများဟာ အိမ်ထောင် မပြုကြတော့တာပါပဲ။

စာစောင်တစ်ခုထဲမှာ မိန်းမဦးရေက ယောက်ျားဦးရေထက် နှစ်ဆနီးပါး ပိုများလာခဲ့တယ် လို့ ဖတ်လိုက်ရတယ်။ ဒီဘက်ခေတ်မှာ အရက်သောက် မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေ အများအပြား ရှိလာခဲ့တယ်။ လူမသိ သူမသိသေနေတာတွေလည်း အများအပြားပါပဲ။

တိုင်းပြည်မှာ အရက်နဲ့ မူးယစ်ဆေးဝါးကို အလွယ်တကူ ပေါပေါများများ သုံးစွဲခွင့်ရလာကြတာဟာ လူသားအရင်းအမြစ်တွေ ဆုံးရှုံးရတဲ့အပြင် နိုင်ငံသားကောင်းတွေလည်း ဆုံးရှုံးရတယ်။ ခေတ်အဆက်ဆက် နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခု ပြောင်းလဲတော့မယ် ဆိုရင် ပညာတတ် လူလတ်တန်းစားတွေရဲ့အားနဲ့ပဲ ပြောင်းလဲရသတဲ့။

ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော ပညာတတ် လူလတ်တန်းစားတွေက ဘယ်နေရာက ပါဝင်မလဲ။ ပညာကို တန်ဖိုးထားပြီး ပညာတတ်လူလတ်တန်းစားကို နေရာပေးတဲ့တစ်နေ့တော့ နိုင်ငံဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်လို့ ယူဆမိတယ်။

ခုလောလောဆယ်တော့ လူငယ်ရင်းမြစ်တွေ အဆက်မပြတ် ဆုံးရှုံးနေတဲ့ ပြဿနာနဲ့ အိမ်ထောင် မပြုကြပဲ တစ်ကိုယ်ရည် အဆင်ပြေအောင်ဖြစ်သလို နေထိုင်နေကြတဲ့ လူ့အဖွဲ့အစည်းအတွက် မျိုးဆက် ပြတ်သုန်းခြင်းများ ဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်မှုက စိတ်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့ပါတယ်။

( ဒီကနေ့ တွေးမိတဲ့ အတွေးတစပါ )

ကျောင်းဆရာမတစ်ဦး

For Zawgyi

ေက်ာင္းဆရာမေတြ ဘာေၾကာင့္ အိမ္ေထာင္မျပဳၾကတာလဲ

ဒီကိစၥဟာ ႏိုင္ငံတစ္ႏိုင္ငံအတြက္ ေကာင္းတဲ့ အလားအလာေတာ့ မဟုတ္ပါဘူး။ ကြၽန္မတို႔ ေက်ာင္းဆရာမေတြထဲမွာ အပ်ိဳႀကီး ဆရာမေတြ ပိုပိုမ်ားလာတာ ေတြ႕ရပါတယ္။ ေတြ႕လိုက္ရတဲ့ အပ်ိဳႀကီး ဆရာမတိုင္းဟာ ႐ုပ္ရည္ေခ်ာေမာေျပျပစ္ၿပီး စားဝတ္ေနေရး ျပည့္စုံ ကုံလုံတဲ့သူေတြ ခ်ည္းပါပဲ။

ပညာတတ္ေတြက သူတို႔ရဲ႕ မ်ိဳးဆက္ေတြ ခ်န္မထားခဲ့ဘူးဆိုရင္ ႏိုင္ငံရဲ႕အနာဂတ္မွာ ဘယ္လိုမ်ိဳးဆက္ေတြနဲ႔ ႏိုင္ငံတစ္ႏိုင္ငံကို ထူေထာင္ၾကမွာလဲ။ စကၤာပူဝန္ႀကီးခ်ဳပ္ လီကြမ္ယုကေတာ အေျမာ္အျမင္ႀကီးစြာပဲ ဘြဲ႕ရပညာတတ္ေတြ အိမ္ေထာင္ျပဳလို႔ ကေလး ၂ေယာက္ေမြးရင္ တစ္ေယာက္ကို တာဝန္ယူေပးသတဲ့။

ဒီႏိုင္ငံမွာေတာ့ ပညာတတ္ မိဘေတြဟာ ကေလးတစ္ေယာက္ကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ ေမြးျမဴႏိုင္ဖို႔ ကိုယ့္အတိုင္းအတာနဲ႔ ခ်င့္ခ်ိန္ၿပီး သားသမီးကို တစ္ေယာက္စ ႏွစ္ေယာက္စ လြန္ေရာ ကြၽံေရာ သုံးေလးေယာက္ထက္ ပိုမယူၾကေတာ့ဘူး။ ပိုဆိုးတာက ဘြဲ႕ရပညာတတ္မိန္းမေတြ ကိုယ့္အားကိုယ္ကိုးၿပီး ရပ္တည္ႏိုင္တဲ့ မိန္းမအေတာ္မ်ားမ်ားဟာ အိမ္ေထာင္ မျပဳၾကေတာ့တာပါပဲ။

စာေစာင္တစ္ခုထဲမွာ မိန္းမဦးေရက ေယာက္်ားဦးေရထက္ ႏွစ္ဆနီးပါး ပိုမ်ားလာခဲ့တယ္ လို႔ ဖတ္လိုက္ရတယ္။ ဒီဘက္ေခတ္မွာ အရက္ေသာက္ မူးယစ္ေဆးဝါး သုံးစြဲတဲ့ လူငယ္ေတြ အမ်ားအျပား ရွိလာခဲ့တယ္။ လူမသိ သူမသိေသေနတာေတြလည္း အမ်ားအျပားပါပဲ။

တိုင္းျပည္မွာ အရက္နဲ႔ မူးယစ္ေဆးဝါးကို အလြယ္တကူ ေပါေပါမ်ားမ်ား သုံးစြဲခြင့္ရလာၾကတာဟာ လူသားအရင္းအျမစ္ေတြ ဆုံးရႈံးရတဲ့အျပင္ ႏိုင္ငံသားေကာင္းေတြလည္း ဆုံးရႈံးရတယ္။ ေခတ္အဆက္ဆက္ ႏိုင္ငံတစ္ႏိုင္ငံမွာ စနစ္တစ္ခု ေျပာင္းလဲေတာ့မယ္ ဆိုရင္ ပညာတတ္ လူလတ္တန္းစားေတြရဲ႕အားနဲ႔ပဲ ေျပာင္းလဲရသတဲ့။

ဒီႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကိုေရာ ပညာတတ္ လူလတ္တန္းစားေတြက ဘယ္ေနရာက ပါဝင္မလဲ။ ပညာကို တန္ဖိုးထားၿပီး ပညာတတ္လူလတ္တန္းစားကို ေနရာေပးတဲ့တစ္ေန႔ေတာ့ ႏိုင္ငံဟာ တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားမယ္လို႔ ယူဆမိတယ္။

ခုေလာေလာဆယ္ေတာ့ လူငယ္ရင္းျမစ္ေတြ အဆက္မျပတ္ ဆုံးရႈံးေနတဲ့ ျပႆနာနဲ႔ အိမ္ေထာင္ မျပဳၾကပဲ တစ္ကိုယ္ရည္ အဆင္ေျပေအာင္ျဖစ္သလို ေနထိုင္ေနၾကတဲ့ လူ႔အဖြဲ႕အစည္းအတြက္ မ်ိဳးဆက္ ျပတ္သုန္းျခင္းမ်ား ျဖစ္သြားမလား ဆိုတဲ့ စိုးရိမ္မႈက စိတ္ထဲမွာ တႏုံ႔ႏုံ႔ျဖစ္ေစခဲ့ပါတယ္။

( ဒီကေန႔ ေတြးမိတဲ့ အေတြးတစပါ )

ေက်ာင္းဆရာမတစ္ဦး