ခန္ဓာကိုယ် သွယ်လျတာဟာ ကျန်းမာရေးအတွက် အကျိုးရှိလို့ လူအများစုက ပိန်ပိန်သွယ်သွယ်လေးတွေ ဖြစ်ချင်ကြပါတယ်။ ပိန်ပိန်သွယ်သွယ်ဖြစ်ခြင်းက ကျန်းမာရေးအတွက် ကောင်းရုံတင် မကပါဘူး။ ကြည့်လို့လည်း ကောင်းစေပါတယ်။ ကျန်းမာပြီး ပိန်သွယ်နေခြင်းက မိမိကိုယ်ကို တန်ဖိုးထားခြင်းပါပဲ။ ခန္ဓာကိုယ်လှပခြင်းက မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်။

သင့်ရဲ့ ကောက်ကြောင်းလေးတွေပေါ်ပြီးလှနေတဲ့အခါ စိတ်အားငယ်တာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေ လျော့သွားပါလိမ့်မယ်။ ခန္ဓာကိုယ် သွယ်လျပြီး ကျန်းမာခြင်းက သင်ဘဝမှာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ဒါပေမယ့် မလိုချင်တဲ့ အဆီပိုတွေကို လျှောပစ်ဖို့တော့ ခက်ပါတယ်နော်။ ရက်သတ္တပတ် အနည်းငယ်တွင်းမှာတောင် ဆုံးဖြတ်ချက်တွေမှားပြီး စားမိစားရာစားရင် အနည်းငယ်ဝလာမှာပါ။

အစားတွေ ပြင်းပြင်းထန်ထန် လျှော့စားပြီး အလေးကျအောင် လုပ်တာထက် အလေးချိန်တက်ဖို့က ပိုလွယ်ပါတယ်။ တကယ်တော့ နေ့စဉ်လုပ်ရမယ့် နည်းလမ်းလေးတွေပဲ လိုတာပါ။ နေ့စဉ်မှန်မှန်လုပ်ရင်တော့ အလေးချိန်တွေ ကျသွားမှာ သေချာပါတယ်။ အလေးချိန်ကျသွားတာ ပျော်စရာ ကောင်းပါတယ်။ အစားကို အပြင်းအထန် လျှော့စားစရာမလိုဘဲ အလေးချိန်ကျစေမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ကြရအောင်။

1. သင်စားနေကျ အစားအစာပမာဏကို အများကြီး လျှော့ချပစ်စရာ မလိုပါဘူး။

ကိုယ်အလေးချိန် ကျစေမယ့် အစားအစာတွေကို စားဖို့လိုတာပါ။ ပူစပ်စပ် အစားအစာတွေကို ပိုစားပါ။ ပူစပ်စပ် အစားအစာတွေကို စားတဲ့အခါ ရေများများ သောက်ချင်လာပါလိမ့်မယ်။ ရေများများသောက်တဲ့အခါ ဗိုက်ပြည့်သလို ခံစားရပါတယ်။ အစပ်တွေမှာပါတဲ့ ငရုတ်မျိုးက ခန္ဓာကိုယ်ရဲ့ အစားစားချင်စိတ်ကို လျှော့ကျစေပါတယ်။

2. ခန္ဓာကိုယ်မှာ ပိန်ချင်တဲ့နေရာတွေကို ဆံပင်လေမှုတ်စက်နဲ့ အပူပေးပါ။

လူအများစုက ဒီနည်းလမ်းကို မသိကြပါဘူး။ သင့်ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ ရေဓာတ်က ကိုယ်အလေးချိန်ကို များစေပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကျချင်တယ် ဆိုရင် တစ်ခါတလေမှာ ချွေးထွက်ဖို့လိုပါတယ်။ ခန္ဓာကိုယ်က ပိန်ချင်တဲ့နေရာတွေကို ဆံပင်လေမှုတ်စက်နဲ့ အပူပေးပါ။ ဒီနည်းလမ်းက အမြဲတမ်းဝိတ်ကျစေမယ့်နည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခဏတာအတွင်း ဝိတ်ကျချင်ရင်တော့ ဒီနည်းက အကျိုးရှိပါတယ်။ ဥပမာအားဖြင့် တစ်ညလောက် ကိုယ်ကျပ် အင်္ကျီဝတ်ချင်လို့ ဒီနည်းကို သုံးမယ်ဆိုရင် အဆင်ပြေပါတယ်။

3. ပန်းကန်ပြားရွေးချယ်ရာမှာ သတိထားပါ။

ကိုယ်အလေးချိန် လျှော့ရာမှာ ပန်းကန်ပြားနဲ့ မဆိုင်ဘူးလို့ သင်ထင်နေပါလိမ့်မယ်။ တကယ်တော့ ဆိုင်ပါတယ်။ သင်စားတဲ့ ပန်းကန်ပြားထဲမှာ စားစရာများလေ သင်ဟာပိုပြီး စားမိလေလေပါပဲ။ ပန်းကန်ပြား သေးသေးလေးထဲမှာ စားစရာတွေထည့်ထားရင် ကောင်းကောင်းစားပြီးပြီလို့ သင့်ကိုယ်သင် ထင်မိမှာပါ။

4. သစ်ကြံပိုးခေါက်ကို များများစားပါ။

သစ်ကြံပိုးခေါက်က အရသာရှိပြီး ရနံ့မွှေးရုံတင် မကပါဘူး။ သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းပါတယ်။ သစ်ကြံပိုးခေါက်က အစားစားချင်စိတ်ကို လျှော့ကျစေတဲ့အတွက် မလိုအပ်ဘဲ မစားမိတော့ပါဘူး။ သစ်ကြံပိုးခေါက်က အစာချေဖျက်မှုကို မြန်စေတဲ့အတွက် သင်အနားယူနေတဲ့ အချိန်တောင်မှ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

5. အေရိုးဗစ်လေ့ကျင့်ခန်းတွေရော အေရိုးဗစ်မဟုတ်တဲ့ လေ့ကျင့်ခန်းတွေကိုပါ လုပ်ပါ။

ကိုယ်အလေးချိန်ကျဖို့အတွက် နေ့စဉ်တက်နေတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လိုပါတယ်။ ကယ်လိုရီတွေ များများလောင်ကျွမ်းရင် အဆီလည်းကျမှာပါ။ ကယ်လိုရီလျော့အောင် ကိုယ်လက်လှုပ်ရှားမှု လိုပါတယ်။ အလေးချိန်ကျဖို့အတွက် လှုပ်လှုပ်ရှားရှားနေတာ ပိုထိရောက်ပါတယ်။ အလေးချိန် ကျပြီဆိုရင် အစားစားချင်စိတ်ကိုလည်း ထိန်းနိုင်သွားမှာပါ။

6. ကျန်းမာတဲ့လူတွေအနားမှာ နေပါ။

ကျန်းမာတဲ့လူတွေရဲ့နေထိုင်မှုပုံစံကို သင်သိလာတဲ့အခါ သင်လည်း သူတို့လို ပြုမူနေထိုင် တတ်လာပါလိမ့်မယ်။

7. အိပ်ရေးဝဝအိပ်ပါ။

24 နာရီအတွင်း တက်နေတဲ့ ကယ်လိုရီတွေက အိပ်နေတဲ့အချိန်မှာ အများဆုံး လောင်ကျွမ်းပါတယ်။ သင့်အိပ်စက်မှုပုံစံက မှားယွင်းနေတယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အစာချေဖျက်မှုက ရှုပ်ထွေးသွားနိုင်ပါတယ်။

Zombie(LoveMedia)

For Zawgyi

အစားေလွ်ာ့စားစရာ မလိုဘဲ ပိန္သြယ္ေစမယ့္ နည္းလမ္း (7) ခု

ခႏၶာကိုယ္ သြယ္လ်တာဟာ က်န္းမာေရးအတြက္ အက်ိဳးရွိလို႔ လူအမ်ားစုက ပိန္ပိန္သြယ္သြယ္ေလးေတြ ျဖစ္ခ်င္ၾကပါတယ္။ ပိန္ပိန္သြယ္သြယ္ျဖစ္ျခင္းက က်န္းမာေရးအတြက္ ေကာင္း႐ုံတင္ မကပါဘူး။ ၾကည့္လို႔လည္း ေကာင္းေစပါတယ္။ က်န္းမာၿပီး ပိန္သြယ္ေနျခင္းက မိမိကိုယ္ကို တန္ဖိုးထားျခင္းပါပဲ။ ခႏၶာကိုယ္လွပျခင္းက မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ရွိေစပါတယ္။

သင့္ရဲ႕ ေကာက္ေၾကာင္းေလးေတြေပၚၿပီးလွေနတဲ့အခါ စိတ္အားငယ္တာ၊ စိတ္ဖိစီးတာ၊ စိုးရိမ္ပူပန္တာေတြ ေလ်ာ့သြားပါလိမ့္မယ္။ ခႏၶာကိုယ္ သြယ္လ်ၿပီး က်န္းမာျခင္းက သင္ဘဝမွာ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ကို ေလ်ာ့နည္းေစပါတယ္။ ဒါေပမယ့္ မလိုခ်င္တဲ့ အဆီပိုေတြကို ေလွ်ာပစ္ဖို႔ေတာ့ ခက္ပါတယ္ေနာ္။ ရက္သတၱပတ္ အနည္းငယ္တြင္းမွာေတာင္ ဆုံးျဖတ္ခ်က္ေတြမွားၿပီး စားမိစားရာစားရင္ အနည္းငယ္ဝလာမွာပါ။

အစားေတြ ျပင္းျပင္းထန္ထန္ ေလွ်ာ့စားၿပီး အေလးက်ေအာင္ လုပ္တာထက္ အေလးခ်ိန္တက္ဖို႔က ပိုလြယ္ပါတယ္။ တကယ္ေတာ့ ေန႔စဥ္လုပ္ရမယ့္ နည္းလမ္းေလးေတြပဲ လိုတာပါ။ ေန႔စဥ္မွန္မွန္လုပ္ရင္ေတာ့ အေလးခ်ိန္ေတြ က်သြားမွာ ေသခ်ာပါတယ္။ အေလးခ်ိန္က်သြားတာ ေပ်ာ္စရာ ေကာင္းပါတယ္။ အစားကို အျပင္းအထန္ ေလွ်ာ့စားစရာမလိုဘဲ အေလးခ်ိန္က်ေစမယ့္ နည္းလမ္းေလးေတြကို ၾကည့္လိုက္ၾကရေအာင္။

1. သင္စားေနက် အစားအစာပမာဏကို အမ်ားႀကီး ေလွ်ာ့ခ်ပစ္စရာ မလိုပါဘူး။

ကိုယ္အေလးခ်ိန္ က်ေစမယ့္ အစားအစာေတြကို စားဖို႔လိုတာပါ။ ပူစပ္စပ္ အစားအစာေတြကို ပိုစားပါ။ ပူစပ္စပ္ အစားအစာေတြကို စားတဲ့အခါ ေရမ်ားမ်ား ေသာက္ခ်င္လာပါလိမ့္မယ္။ ေရမ်ားမ်ားေသာက္တဲ့အခါ ဗိုက္ျပည့္သလို ခံစားရပါတယ္။ အစပ္ေတြမွာပါတဲ့ င႐ုတ္မ်ိဳးက ခႏၶာကိုယ္ရဲ႕ အစားစားခ်င္စိတ္ကို ေလွ်ာ့က်ေစပါတယ္။

2. ခႏၶာကိုယ္မွာ ပိန္ခ်င္တဲ့ေနရာေတြကို ဆံပင္ေလမႈတ္စက္နဲ႔ အပူေပးပါ။

လူအမ်ားစုက ဒီနည္းလမ္းကို မသိၾကပါဘူး။ သင့္ခႏၶာကိုယ္ထဲမွာ ပိုလွ်ံေနတဲ့ ေရဓာတ္က ကိုယ္အေလးခ်ိန္ကို မ်ားေစပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္က်ခ်င္တယ္ ဆိုရင္ တစ္ခါတေလမွာ ေခြၽးထြက္ဖို႔လိုပါတယ္။ ခႏၶာကိုယ္က ပိန္ခ်င္တဲ့ေနရာေတြကို ဆံပင္ေလမႈတ္စက္နဲ႔ အပူေပးပါ။ ဒီနည္းလမ္းက အၿမဲတမ္းဝိတ္က်ေစမယ့္နည္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ခဏတာအတြင္း ဝိတ္က်ခ်င္ရင္ေတာ့ ဒီနည္းက အက်ိဳးရွိပါတယ္။ ဥပမာအားျဖင့္ တစ္ညေလာက္ ကိုယ္က်ပ္ အက်ႌဝတ္ခ်င္လို႔ ဒီနည္းကို သုံးမယ္ဆိုရင္ အဆင္ေျပပါတယ္။

3. ပန္းကန္ျပားေ႐ြးခ်ယ္ရာမွာ သတိထားပါ။

ကိုယ္အေလးခ်ိန္ ေလွ်ာ့ရာမွာ ပန္းကန္ျပားနဲ႔ မဆိုင္ဘူးလို႔ သင္ထင္ေနပါလိမ့္မယ္။ တကယ္ေတာ့ ဆိုင္ပါတယ္။ သင္စားတဲ့ ပန္းကန္ျပားထဲမွာ စားစရာမ်ားေလ သင္ဟာပိုၿပီး စားမိေလေလပါပဲ။ ပန္းကန္ျပား ေသးေသးေလးထဲမွာ စားစရာေတြထည့္ထားရင္ ေကာင္းေကာင္းစားၿပီးၿပီလို႔ သင့္ကိုယ္သင္ ထင္မိမွာပါ။

4. သစ္ႀကံပိုးေခါက္ကို မ်ားမ်ားစားပါ။

သစ္ႀကံပိုးေခါက္က အရသာရွိၿပီး ရနံ႔ေမႊး႐ုံတင္ မကပါဘူး။ သင့္ခႏၶာကိုယ္အတြက္လည္း ေကာင္းပါတယ္။ သစ္ႀကံပိုးေခါက္က အစားစားခ်င္စိတ္ကို ေလွ်ာ့က်ေစတဲ့အတြက္ မလိုအပ္ဘဲ မစားမိေတာ့ပါဘူး။ သစ္ႀကံပိုးေခါက္က အစာေခ်ဖ်က္မႈကို ျမန္ေစတဲ့အတြက္ သင္အနားယူေနတဲ့ အခ်ိန္ေတာင္မွ အဆီပိုေတြကို ေလာင္ကြၽမ္းေစပါတယ္။

5. ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြေရာ ေအ႐ိုးဗစ္မဟုတ္တဲ့ ေလ့က်င့္ခန္းေတြကိုပါ လုပ္ပါ။

ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ ေန႔စဥ္တက္ေနတဲ့ ကယ္လိုရီေတြ ေလာင္ကြၽမ္းဖို႔ လိုပါတယ္။ ကယ္လိုရီေတြ မ်ားမ်ားေလာင္ကြၽမ္းရင္ အဆီလည္းက်မွာပါ။ ကယ္လိုရီေလ်ာ့ေအာင္ ကိုယ္လက္လႈပ္ရွားမႈ လိုပါတယ္။ အေလးခ်ိန္က်ဖို႔အတြက္ လႈပ္လႈပ္ရွားရွားေနတာ ပိုထိေရာက္ပါတယ္။ အေလးခ်ိန္ က်ၿပီဆိုရင္ အစားစားခ်င္စိတ္ကိုလည္း ထိန္းႏိုင္သြားမွာပါ။

6. က်န္းမာတဲ့လူေတြအနားမွာ ေနပါ။

က်န္းမာတဲ့လူေတြရဲ႕ေနထိုင္မႈပုံစံကို သင္သိလာတဲ့အခါ သင္လည္း သူတို႔လို ျပဳမူေနထိုင္ တတ္လာပါလိမ့္မယ္။

7. အိပ္ေရးဝဝအိပ္ပါ။

24 နာရီအတြင္း တက္ေနတဲ့ ကယ္လိုရီေတြက အိပ္ေနတဲ့အခ်ိန္မွာ အမ်ားဆုံး ေလာင္ကြၽမ္းပါတယ္။ သင့္အိပ္စက္မႈပုံစံက မွားယြင္းေနတယ္ဆိုရင္ ခႏၶာကိုယ္ရဲ႕ အစာေခ်ဖ်က္မႈက ရႈပ္ေထြးသြားႏိုင္ပါတယ္။

Zombie(LoveMedia)