ရန်ကုန်မှာ ကိုယ့်သဘောနဲ့ကိုယ် Q လာဝင်တဲ့ ဧရာဝတီသား.. အတုယူဖွယ်မို့ post တင်မိပါတယ်။

နေ့လည် (၄) နာရီခွဲလောက် ၊ အားလုံး ပြိုင်းကုန်ကြပီ ခနတဖြုတ် ကိုယ့်အခန်းကိုယ် အနားပြန်ယူ အိပ်သူကအိပ် (မနက်က swab ယူတဲ့နေ့မို့ စောစောထရတာကိုး)။ အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့ (၁) ယောက် ရောက်လာတယ် အားလုံးအလုပ်ရှုပ် ယောက်ယှက် ခပ်ကုန်ကြရော ၊ဘာလို့ဆို သူက သူ့အစီစဉ်နဲ့သူ ရောက်လာတာ..

ကိုယ်ကတော့ သူ့ကို စပ်စု လိုက်မိတယ် ။ စစ်တွေက ပြန်လာတာတဲ့ လမ်းမှာကားနဲ့ (၁) ရက် ကြာတယ်တဲ့။ ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာ အလုပ် သွားလုပ်တာတဲ့။ သူပြန်လာပီး အနောက်မှာ နောက်နေ့ လော့ဒေါင်းတဲ့ သူကလည်း ကူးစက်ပိုး ကြားကြားချင်း အခြေနေမဆိုးခင် လူပြန်လာရှာတာ ရန်ကုန်အရောက် ဟိုကလော့ဒေါင်း ကြေငြာ..

သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်း ဝင်ပီးမှ အိမ်ပြန်လာပါတဲ့။ တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ (၁)ယောက်ရဲ့ အသိစိတ်လေး ဘလောက်ချစ်ဖို့ ကောင်းသလဲ။ သူ့ယောကျားကို ကွာရန်တင်း နေဖို့ သိသလောက် ဖုန်းနဲ့ ပြောပြနေတာရယ်။

ကဲ ပြောချင်တဲ့လိုရင်းက အခုမှ စမှာ ။

အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်္ဂလာ ကားကြီးကွင်း၊ သူက ပေါ့စတစ် များနေသည့် အရပ်က ပြန်လာတာ ဒါပေမယ့် mask အနွမ်းလေးတော့ တပ်လျက်ပါ။ ပီးတော့ လက်ဖျား ခါလောက်မိပါရဲ့။ အံ့သြမှု့ (၁) ခုကလေ ဒီညီလေး (ကိုယ့်ထက် ငယ်ပုံပါ အလုပ်ကြမ်းဒဏ်ကြောင့် အသက်ကြီးပုံ)

သူက သူစစ်တွေက ပြန်လာကြောင်း ကွာရန်တင်း သွားဝင်ရမှာ ဖြစ်သည့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောရှာပီး taxi တွေကို ငှါးတယ်တဲ့။ အဲသလို ပြောတော့ ဘယ် taxi က လိုက်မှာတုန်း (ပို့မှာတုန်း) ဒီအစီးတွေ မရရင် နောက်အစီးတွေကျ လိမ်ညာ ငှါးလို့ရပါလျှက် ခုလိုပဲ အမှန်တိုင်းပြော ငှါးရှာတယ်။

ဒီလိုနဲ့ပဲ မနက် (၈)နာရီလောက်က လမ်းလျှောက်လာလိုက်တာ ညနေ (၄)နာရီ စွန်းစွန်းမှာ ကျတော်ရှိတဲ့ လှိုင်တက္ကသိုလ်ဝန်း ဟိုးလမ်း၁ပတ်ကြီး ရှိတဲ့ စင်တာဂိတ်ဆုံးဆီ ရောက်လာခဲ့တယ်။ ဗိုက် အရမ်းဆာ နေရှာပုံပါပဲ။ ရော့.. ညီလေး ဒီထမင်းဗူးလေး အရင်စား အဲဒီနားမှာပဲ အဲဒီဘေးက ပုံးထဲ ဗူးခွံပစ်နော် ညီလေး.. ဆိုပီး ခပ်လှမ်းလှမ်းကနေ အကာအကွယ် ဝတ်စုံ ဝတ်ထားပီး သူ့ကို လှမ်းပေးလိုက်တယ်။ ဟုတ်အကိုရီးတဲ့ စားနေလိုက်တာ ခေါင်းမဖော်ဘူးရယ်။

ကျောပိုးအိတ်လေး (၁)လုံးရယ် ၊ လျှာထိုးဦးထုပ်လေး ဆောင်းပီး ဆွဲသားဘောင်းဘီ ကြပ်ကြပ်နဲ့ ကွင်းထိုး ဖနပ်မဲလေးစီး အင်္ကျီကွက် လက်ရှည်လေး ဝတ်ထားတဲ့ အဆင်အယင်ဟာ မြန်မာပလာဇာ (၁)ခုရဲ့ အတွင်းထဲမှာ တွေ့မိကြရင် လူကုန်ထံတွေကြား တောသားလေးအတွက် အထင်သေးစရာ အကြည့်တွေအောက် ရောက်နေမှာ ကျိန်ပြောရဲပါတယ်။ ရန်ကုန်မှာ တချို့ ဝတ်ကောင်းစားလှတွေ ဝတ်ပီး Mask လေးတပ်ဖို့ ခဲယဉ်းနေချိန်မှာ ဒီတောသားလေးရဲ့ အသိစိတ်လေးကို ချစ်လိုက်တာ။ ပီးတော့ သူ့မိန်းမ တောသူမလေးကလည်း အသိစိတ်လေး ကောင်းလိုက်တာ။

ဟိုး....အောင်မင်္ဂလာကနေ ဒီ လှိုင်တက္ကသိုလ် အဝန်းထဲမက အတွင်းလမ်းမ တဆုံးအထိ ဝိုင်ဘီအက်မစီးပဲ taxiတွေကို မလိမ်ညာပဲ ငှါးမရလို့ လမ်းလျှောက် လာခဲ့ရှာသတဲ့ သူပြောတာ နားထောင်ပီး တကယ်ဘုရားစူး ကျတော် မျက်ရည်ဝဲမိတာ (PPE ဝတ်စုံက ဖုံးကွယ် ထားပေးတယ်)

ကျတော်တို့အားလုံး ဒီတောသားလေး လင်မယားရဲ့ အသိစိတ်လေးမျိုး မွေးကြရအောင်ကွာ ....

(သူ့ကို ကျတော်ကိုယ်တိုင် အခန်းလိုက်ပြပေး အဲကွန်းဖွင့်ပေး ရေမီးအစုံ အခင်း ခေါင်းအုံး စောင် ရေချိုးဆပ်ပြာ ဆပ်ပြာမှုန့် သေသေချာချာ အခန်းထဲ ထည့်ပေးလိုက်ပါတယ်)

ပိုးမရှိပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်..

Crd ပေးပါတယ်ဗျ