အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ကြောင်က ချစ်စရာ အကောင်းဆုံးထဲ ပါဝင်ပါတယ်။ ကြောင်တွေက ဉာဏ်ကောင်းပြီး လူတွေရဲ့အရိပ်အကဲကိုလည်း နားလည်ပါတယ်။ လူတွေအတွက် သူငယ်ချင်းကောင်းဖြစ်စေသလို ပျော်ရွှင်စရာတွေလည်း ပြုလုပိပေးတတ်ပါတယ်။ မလေးရှားနိုင်ငံက ကြောင်လေး Oren အိုရမ်ရဲ့ ပိုင်ရှင်က Dira ဒိုင်ယာဖြစ်ပါတယ်။
ဒိုင်ယာက မနေ့ညက Twitter မှာ post တစ်ခု တင်ခဲ့ပါတယ်။ အဲဒီ post က လူကြိုက်များတဲ့ post ဖြစ်ခဲ့ပါတယ်။ အဲဒီ post လေးမှာတော့ ကြောင်လေး အိုရမ်က ဒိုင်ယာရဲ့ကောင်လေးနဲ့ Video call ခေါ်တဲ့အကြောင်း ရေးထားပါတယ်။ ဒိုင်ယာရဲ့ကောင်လေးက ကားတွေကြပ်နေချိန်မှာ ဒိုင်ယာနဲ့ Video call ပြောနေခဲ့ပါတယ်။
ဒိုင်ယာက ဘုရားရှိခိုးချိန် ရောက်တဲ့အခါ ကြောင်လေး အိုရမ်ကို သူမရဲ့ကောင်လေးနဲ့ video call ဆက်ပြောဖို့ ပြောလိုက်ပါတယ်။ ကြောင်လေး အိုရမ်က ဓါတ်ပုံတွေ ကြည့်ရတာ မကြိုက်လို့ ဖုန်းကို သူ့လက်လေးနဲ့ လှမ်းရိုက်တတ်ပါတယ်။ ဒါပေမယ့် ဒိုင်ယာက ကြောင်လေးကို video call ဆက်ပြောဖို့ ပြောတဲ့အခါ ကြောင်လေးက နားထောင်ပါတယ်။
ဖုန်းရှေ့မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဒိုင်ယာရဲ့ကောင်လေးကို အဖော် လုပ်ပေးနေပါတယ်။ အဲဒီနောက် video call ခေါ်ရင်းနဲ့ ကြောင်လေး အိပ်ပျော်သွားပါတော့တယ်။ ဒိုင်ယာက ဘုရားရှိခိုးပြီးတော့ ကြောင်လေးကို နှိုးလိုက်တဲ့အခါ ကြောင်လေးက ချက်ချင်းထပြီး ဖုန်းရှေ့မှာ သွားနေ နေပါတယ်။ လိမ္မာလိုက်တာနော်။
ကြောင်လေးက အရမ်းလိမ္မာပြီး အမျိုးသမီးတွေကို ချစ်ပြီး ချွဲတတ်ကြောင်း ဒိုင်ယာက ပြောပြပါတယ်။ အိုရမ်ကို ချစ်လိုက်တာလို့ ပြောရင် လက်ကို လျှာနဲ့လျက်ပေးတယ်လို့ ဒိုင်ယာက ပြောပြပါသေးတယ်။ တကယ်တော့ ကြောင်လေးတွေက အံ့သြစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေပါပဲ။
ရုပ်သံကြည့်ရန်
Oren licks my fingers everytime I said I love you to him and this time he licked all my fingers huhu I feel so loved 😭😭😭😭 pic.twitter.com/pDTeN7rRiG
— dira 🇲🇾 (@dyradyre) April 20, 2019
zombie (lovemedia)
For Zawgyi
ပိုင္ရွင္ရဲ႕ခ်စ္သူနဲ႔ video call ေျပာတဲ့ ေၾကာင္ေလးအိုရမ္ (ရုပ္သံ)
အိမ္ေမြးတိရစာၦန္ေတြထဲမွာ ေၾကာင္က ခ်စ္စရာ အေကာင္းဆုံးထဲ ပါဝင္ပါတယ္။ ေၾကာင္ေတြက ဉာဏ္ေကာင္းၿပီး လူေတြရဲ႕အရိပ္အကဲကိုလည္း နားလည္ပါတယ္။ လူေတြအတြက္ သူငယ္ခ်င္းေကာင္းျဖစ္ေစသလို ေပ်ာ္႐ႊင္စရာေတြလည္း ျပဳလုပိေပးတတ္ပါတယ္။ မေလးရွားႏိုင္ငံက ေၾကာင္ေလး Oren အိုရမ္ရဲ႕ ပိုင္ရွင္က Dira ဒိုင္ယာျဖစ္ပါတယ္။
ဒိုင္ယာက မေန႔ညက Twitter မွာ post တစ္ခု တင္ခဲ့ပါတယ္။ အဲဒီ post က လူႀကိဳက္မ်ားတဲ့ post ျဖစ္ခဲ့ပါတယ္။ အဲဒီ post ေလးမွာေတာ့ ေၾကာင္ေလး အိုရမ္က ဒိုင္ယာရဲ႕ေကာင္ေလးနဲ႔ Video call ေခၚတဲ့အေၾကာင္း ေရးထားပါတယ္။ ဒိုင္ယာရဲ႕ေကာင္ေလးက ကားေတြၾကပ္ေနခ်ိန္မွာ ဒိုင္ယာနဲ႔ Video call ေျပာေနခဲ့ပါတယ္။
ဒိုင္ယာက ဘုရားရွိခိုးခ်ိန္ ေရာက္တဲ့အခါ ေၾကာင္ေလး အိုရမ္ကို သူမရဲ႕ေကာင္ေလးနဲ႔ video call ဆက္ေျပာဖို႔ ေျပာလိုက္ပါတယ္။ ေၾကာင္ေလး အိုရမ္က ဓါတ္ပုံေတြ ၾကည့္ရတာ မႀကိဳက္လို႔ ဖုန္းကို သူ႔လက္ေလးနဲ႔ လွမ္း႐ိုက္တတ္ပါတယ္။ ဒါေပမယ့္ ဒိုင္ယာက ေၾကာင္ေလးကို video call ဆက္ေျပာဖို႔ ေျပာတဲ့အခါ ေၾကာင္ေလးက နားေထာင္ပါတယ္။
ဖုန္းေရွ႕မွာ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ဒိုင္ယာရဲ႕ေကာင္ေလးကို အေဖာ္ လုပ္ေပးေနပါတယ္။ အဲဒီေနာက္ video call ေခၚရင္းနဲ႔ ေၾကာင္ေလး အိပ္ေပ်ာ္သြားပါေတာ့တယ္။ ဒိုင္ယာက ဘုရားရွိခိုးၿပီးေတာ့ ေၾကာင္ေလးကို ႏႈိးလိုက္တဲ့အခါ ေၾကာင္ေလးက ခ်က္ခ်င္းထၿပီး ဖုန္းေရွ႕မွာ သြားေန ေနပါတယ္။ လိမၼာလိုက္တာေနာ္။
ေၾကာင္ေလးက အရမ္းလိမၼာၿပီး အမ်ိဳးသမီးေတြကို ခ်စ္ၿပီး ခြၽဲတတ္ေၾကာင္း ဒိုင္ယာက ေျပာျပပါတယ္။ အိုရမ္ကို ခ်စ္လိုက္တာလို႔ ေျပာရင္ လက္ကို လွ်ာနဲ႔လ်က္ေပးတယ္လို႔ ဒိုင္ယာက ေျပာျပပါေသးတယ္။ တကယ္ေတာ့ ေၾကာင္ေလးေတြက အံ့ၾသစရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးေတြပါပဲ။
zombie (lovemedia)
0 Comments