ယခုပုံကြီး ပြပြီး နှာခေါင်းတို့ဖတ် ယူရင် မသက်သာဘူး (သဘောက သေအောင်နာမယ်) ဆိုတာမျိုး ခြောက်လှန့်ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒါကြောင့် အကူးစက်မခံရအောင် ဘယ်သွားသွား နှာခေါင်းစီးတပ်ပါ ဆိုတာမျိုး ပြောချင်တာလို့ အကောင်းဘက်က တွေးပေးလို့ ရပေမယ့်၊ တကယ့် မြေပြင်မှာ လုပ်နေရတဲ့ သူတွေအဖို့ ဒီလိုမျိုး ခြောက်လုံးတွေကြောင့် လန့်နေတဲ့လူတွေနဲ့ ကြုံရတဲ့အခါ သေချင်စော်နံသွားရ ပါတယ်။

နှာခေါင်းတို့ဖတ် ယူတာ မနာပါဘူး။ မျက်ရည် ကျတယ် ဆိုတာ နှာခေါင်းထဲ တို့ပတ်တံ ထည့်တဲ့အခါ နှာခေါင်းအဆုံးနဲ့ တို့ပတ်တံထိရင် မျက်ရည်ထွက် တာပါပဲ။ မိကျောင်းမျက်ရည် သဘောမျိုးပါ။ နာလို့ ကျတာမဟုတ်ပါ။ ခံစားချက် မပါပါ။ ယားကျိကျိတော့ ဖြစ်မှာပါ။ အသည်းနုတဲ့လူဆို နည်းနည်းတော့ နာတယ်လို့ ခံစားရမှာပါ။ နည်းနည်းလေးပါပဲ။

အခုတော့ ဘူမသိ ကိုးမသိ ဒီပုံကြီးတင် ထင်ရာပြောကြတော့...

(၁) Q ဝင်ရမယ်ဆိုပြီး ခရီးသွားတွေကို စိစစ်ရတဲ့ အဖွဲ့တွေမှာ ဒုက္ခရောက်ကြရပါတယ်။ Q ထဲသွားရမယ့် လူတွေမှာလည်း ငါတို့တော့ ဒါမျိုး အချောင်းကြီး နှာခေါင်းတဆုံးထိုး၊ အမျိုးမျိုးသော ဒုက္ခတွေ ခံရတော့မှာပဲ ဆိုတဲ့စိတ်နဲ့ အော်ဟစ်၊ ကလန်ကဆန် လုပ်ကြတာမျိုးတွေ ရှိပါမယ်။ နှစ်ဖက်လုံး အင်မတန် ဒုက္ခများကုန်ကြရပါတယ်။

(၂) တို့ဖတ်ယူတဲ့ ဓာတ်ခွဲသမားတွေလည်း ဒုက္ခများတာပါပဲ။ ဘယ်လိုပဲ မနာပါဘူးပြောထားထား တို့ဖတ်တံ ကိုင်လိုက်တာနဲ့ သံသယလူနာက ကြောက်နေပါပြီ။ ကြောက်တော့ ရုန်းတယ်။ လက်နဲ့ပုတ်ထုတ်တယ်။ ဓာတ်ခွဲသမားကို တွန်းလွှတ်ကြတယ်။ တချို့ ငိုယိုကြတယ်။ သူတို့တွေ အဲဒီလို တလွဲ ဗဟုသုတနဲ့ အမျိုးမျိုးသော ဒရာမာတွေ ခင်းနေကြတာကို၊ ဒီရာသီပူပူကြီးမှာ ပီပီအီးထဲကနေ စောင့်နေရတဲ့ ဓာတ်ခွဲသမားများ သေချင်စော်နံ ကုန်ကြပါတယ်။

ဒါကြောင့် ကိုတတ်ပ၊ မတတ်ပများ ခင်ဗျာ၊ မဟုတ်သုက္ခ ဗဟုသုတများကိုဖြန့်တော် မမူကြပါနဲ့။ ခရီးသွား ပြည်သူလူထုများ ခင်ဗျာ- ခါးလေးကို မတ်ပြီး ထိုင်လိုက်ပါ။ ခေါင်းလေးကို မော့ထားလိုက်ပြီး ပါးစပ်ကို ဟပေးလိုက်ရင် ခဏနဲ့ အာခေါင်တို့ဖတ် ပြီးပါတယ်။ လုံးဝ မနာပါ။

နှာခေါင်းလဲ ထိုနည်းလည်းကောင်းပါ။ အာခေါင်လို မသိလိုက်ဘာသာ ပြီးသွားတာ မဟုတ်ပေမယ့် နာကျင်မှုကို ၁ ကနေ ၁၀ အတွင်း ပြောပါဆို အသည်းနုသူတွေအတွက် ၃ လောက်ပါပဲ။

ကျွန်တော့်ကို လာလာမေးကြတဲ့ သူတွေအတွက် ဒီစာလေး ရေးပေးလိုက်တာပါ။ ကျေးဇူးပြု၍ မဟုတ်တဲ့ ဗဟုသုတတွေ ဖြန့်ပြီး မြေပြင်မှာ တကယ် ဆောင်ရွက်နေရသူတွေကို ဒုက္ခမရောက်ပါစေနဲ့လား ခင်ဗျာ။

မေတ္တာဖြင့်

အောင်မျိုးသူလွင်

For Zawgyi

ႏွာေခါင္းတို႔ဖတ္ယူတာ မနာပါဘူး

ယခုပုံႀကီး ျပၿပီး ႏွာေခါင္းတို႔ဖတ္ ယူရင္ မသက္သာဘူး (သေဘာက ေသေအာင္နာမယ္) ဆိုတာမ်ိဳး ေျခာက္လွန္႔ၾကတယ္။ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္က ဒါေၾကာင့္ အကူးစက္မခံရေအာင္ ဘယ္သြားသြား ႏွာေခါင္းစီးတပ္ပါ ဆိုတာမ်ိဳး ေျပာခ်င္တာလို႔ အေကာင္းဘက္က ေတြးေပးလို႔ ရေပမယ့္၊ တကယ့္ ေျမျပင္မွာ လုပ္ေနရတဲ့ သူေတြအဖို႔ ဒီလိုမ်ိဳး ေျခာက္လုံးေတြေၾကာင့္ လန႔္ေနတဲ့လူေတြနဲ႔ ႀကဳံရတဲ့အခါ ေသခ်င္ေစာ္နံသြားရ ပါတယ္။

ႏွာေခါင္းတို႔ဖတ္ ယူတာ မနာပါဘူး။ မ်က္ရည္ က်တယ္ ဆိုတာ ႏွာေခါင္းထဲ တို႔ပတ္တံ ထည့္တဲ့အခါ ႏွာေခါင္းအဆုံးနဲ႔ တို႔ပတ္တံထိရင္ မ်က္ရည္ထြက္ တာပါပဲ။ မိေက်ာင္းမ်က္ရည္ သေဘာမ်ိဳးပါ။ နာလို႔ က်တာမဟုတ္ပါ။ ခံစားခ်က္ မပါပါ။ ယားက်ိက်ိေတာ့ ျဖစ္မွာပါ။ အသည္းႏုတဲ့လူဆို နည္းနည္းေတာ့ နာတယ္လို႔ ခံစားရမွာပါ။ နည္းနည္းေလးပါပဲ။

အခုေတာ့ ဘူမသိ ကိုးမသိ ဒီပုံႀကီးတင္ ထင္ရာေျပာၾကေတာ့...

(၁) Q ဝင္ရမယ္ဆိုၿပီး ခရီးသြားေတြကို စိစစ္ရတဲ့ အဖြဲ႕ေတြမွာ ဒုကၡေရာက္ၾကရပါတယ္။ Q ထဲသြားရမယ့္ လူေတြမွာလည္း ငါတို႔ေတာ့ ဒါမ်ိဳး အေခ်ာင္းႀကီး ႏွာေခါင္းတဆုံးထိုး၊ အမ်ိဳးမ်ိဳးေသာ ဒုကၡေတြ ခံရေတာ့မွာပဲ ဆိုတဲ့စိတ္နဲ႔ ေအာ္ဟစ္၊ ကလန္ကဆန္ လုပ္ၾကတာမ်ိဳးေတြ ရွိပါမယ္။ ႏွစ္ဖက္လုံး အင္မတန္ ဒုကၡမ်ားကုန္ၾကရပါတယ္။

(၂) တို႔ဖတ္ယူတဲ့ ဓာတ္ခြဲသမားေတြလည္း ဒုကၡမ်ားတာပါပဲ။ ဘယ္လိုပဲ မနာပါဘူးေျပာထားထား တို႔ဖတ္တံ ကိုင္လိုက္တာနဲ႔ သံသယလူနာက ေၾကာက္ေနပါၿပီ။ ေၾကာက္ေတာ့ ႐ုန္းတယ္။ လက္နဲ႔ပုတ္ထုတ္တယ္။ ဓာတ္ခြဲသမားကို တြန္းလႊတ္ၾကတယ္။ တခ်ိဳ႕ ငိုယိုၾကတယ္။ သူတို႔ေတြ အဲဒီလို တလြဲ ဗဟုသုတနဲ႔ အမ်ိဳးမ်ိဳးေသာ ဒရာမာေတြ ခင္းေနၾကတာကို၊ ဒီရာသီပူပူႀကီးမွာ ပီပီအီးထဲကေန ေစာင့္ေနရတဲ့ ဓာတ္ခြဲသမားမ်ား ေသခ်င္ေစာ္နံ ကုန္ၾကပါတယ္။

ဒါေၾကာင့္ ကိုတတ္ပ၊ မတတ္ပမ်ား ခင္ဗ်ာ၊ မဟုတ္သုကၡ ဗဟုသုတမ်ားကိုျဖန႔္ေတာ္ မမူၾကပါနဲ႔။ ခရီးသြား ျပည္သူလူထုမ်ား ခင္ဗ်ာ-ခါးေလးကို မတ္ၿပီး ထိုင္လိုက္ပါ။ ေခါင္းေလးကို ေမာ့ထားလိုက္ၿပီး ပါးစပ္ကို ဟေပးလိုက္ရင္ ခဏနဲ႔ အာေခါင္တို႔ဖတ္ ၿပီးပါတယ္။ လုံးဝ မနာပါ။

ႏွာေခါင္းလဲ ထိုနည္းလည္းေကာင္းပါ။ အာေခါင္လို မသိလိုက္ဘာသာ ၿပီးသြားတာ မဟုတ္ေပမယ့္ နာက်င္မႈကို ၁ ကေန ၁၀ အတြင္း ေျပာပါဆို အသည္းႏုသူေတြအတြက္ ၃ ေလာက္ပါပဲ။

ကြၽန္ေတာ့္ကို လာလာေမးၾကတဲ့ သူေတြအတြက္ ဒီစာေလး ေရးေပးလိုက္တာပါ။ ေက်းဇူးျပဳ၍ မဟုတ္တဲ့ ဗဟုသုတေတြ ျဖန႔္ၿပီး ေျမျပင္မွာ တကယ္ ေဆာင္႐ြက္ေနရသူေတြကို ဒုကၡမေရာက္ပါေစနဲ႔လား ခင္ဗ်ာ။

ေမတၱာျဖင့္

ေအာင္မ်ိဳးသူလြင္