သဲစိတ်မကောင်းလို့ အဘွားကို တွေ့ရင် အသီးတွေ အားပေးကြပါနော်...
လမ်းသွားရင်း အသီးဝယ်သွားပါအုံး ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တာ အဘွားအိုတစ်ယောက် ဖြစ်နေတယ်..

သဲလဲ အသီးအားပေးရင်း မေးကြည့်လိုက်တယ် အဘွား ဘယ်ကလဲ ဆိုတော့ မြောက်ဥက္ကလာကတဲ့..
အဝေးကြီး လာရောင်းတာ ပြန်ရင် Taxi နဲ့ပြန်တယ်တဲ့.. ဈေးကြီးလိုက်တာတဲ့.. အဘွားက ပြောတယ်

အဘွားရဲ့အသက်က ၈၈ နှစ်ပါ..
ပြီးတော့ အဘွား နေမကောင်းဘူးတဲ့.. မိုးကရွာတော့ ရောင်းမကောင်းဘူးတဲ့...
အဲ့ဒါနဲ့ အဘွားကို ပုံရိုက်ပြီး ပုံတင်ဖို့ ခွင့်တောင်းခဲ့တယ်

အဘွားကို သဲတက်နိုင်သလောက် အသီးဖိုး ပိုပေးလိုက်တော့ အဘွားက ပန်းသီးလေးတစ်လုံး ယူသွားပါတဲ့..


၂၃ လမ်းနဲ့ ၂၄ လမ်းကြားမှာရောင်းပါတယ် သိမ်ကြီးဈေး ဂမုန်းပွင့်နား...

အဘွား အသီးရောင်းတဲ့နေရာ ပုံမှာ ပြထားပါတယ်
အဘွားရဲ့ အသီးလေးတွေ တွေ့ရင် အားပေးပါ...

Phyu Thae Oo