အိမ်ထောင်သက်တမ်း ရင့်ကျက်လာတဲ့ ဇနီးမယား တစ်ယောက်ဟာ ကိုယ့်ယောင်္ကျားရဲ့ အကြောင်းကို သူမွေးထားတဲ့ အမေထက် ပိုသိတယ်။ အကြည့်တစ်ချက် ၊ စကားတစ်ခွန်း ကိုယ်အမူအယာ အပြောင်းအလဲကအစ ဘယ်ခြေကို လှမ်းပြီး ဘယ်ကမ်း ကပ်မလဲ ဆိုတာ ပါသိတယ်။

ပါးစပ် ဟ လိုက်တာနဲ့ အူဘယ်နှစ်ခွေတင် မကဘူး ရင်ထဲက အသည်း နှလုံး ကျောက်ကပ်ထိပါ မြင်တာ။ စကားတွေ တောပြော တောင်ပြော ပြောချင်ရာပြော တစ်လုံးချင်း မှတ်ပြီး ဘာသာတွေ ပြန်နေတဲ့ သူတွေ။

ရယ်စရာ ပြောပြော အတည်ပြောပြော ရင်ထဲ အကုန် သိမ်းပြီး အကန့်တွေ ခွဲထည့်နေကျ။ လိုအပ်လာရင် ဘယ်အချိန်က ဘယ်မှာ ဘယ်လို ပြောခဲ့တာ ဆိုတာကအစ အတိအကျ ပြန်ပြောနိုင်ကြသူချည်းပဲ။ တခြား လူတွေကိုသာ အမှတ်မထားရင်နေမယ်.. ကိုယ့်လင် ပြောတာ အကုန် အမှတ်ရတယ်။ မမှတ်မိဘူး ဆိုတာ အလကား.. မမှတ်မိချင်လို့သာ မမှတ်မိတာ။ မှတ်မိချင်တာ အကုန် မှတ်မိတဲ့ သူတွေချည်းပဲ။

ဟာ... မိန်းမကလဲကွာ မဟုတ်ပါဘူးကွာ.. မလုပ်ပါဘူးကွာ.. ဆိုတာကို မျက်စေ့မှိတ် ယုံနေကြတာ မဟုတ်ဖူး။ တစ်ခါတစ်လေ ပလစ်လို့ရလို့ ပလစ် ပေးထားတာ။ တစ်ခါတစ်လေကျ ငါ့ကို လိမ်နေတာ ဆိုတာ သိသိနဲ့ တမင် အလိမ်ခံ နေကြရတာ။

လိမ်စမ်း ကြိုက်သလောက် ဆိုပြီး တစ်ခါတစ်လေ မျက်လုံးလေးမှေး လက်လေးပိုက်ပြီး ခပ်မဲ့မဲ့ပြုံးရင်း ကြည့်နေတတ် ကြသေးတာ။ ကိုယ့်ယောင်္ကျား ချောက်ထဲ လှမ်းသလား.. အပေါက်ထဲ လှမ်းသလား သိပ်သိတာပေါ့။ အေး.. သိပ် စိတ်နာလာရင် အဲ့ချောက်တွေ အဲ့ အပေါက်တွေထဲ တွင်းဆုံးကျအောင် ကူတွန်းပေးချင် ပေးကြအုံးမှာ။

ပြောချင်တာက ငါ့မိန်းမ မသိလောက်ပါဘူးလို့ ထင်မနေကြနဲ့ လို့။ သိတယ်.. သိတယ် အကုန်သိတယ်။ မသိချင်ယောင်ဆောင်တာနဲ့ မသိချင်လို့ ပလစ်ထားတာပဲ ရှိတယ်လို့။

Ma Natthamee