ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောလိုက်ပါတယ်။

သမီးကျောင်းပြီးသွားလို့ ဂုဏ်ပြု လက်ဆောင်အဖြစ် ဒီကားကို ပေးမယ်။ သမီး မမွေးခင်ကတည်းက သမီးအတွက် ဆိုပြီး ဝယ်ထားခဲ့တာ။

တခါမှမသုံးပဲ သိမ်းပေးထား တယ်လို့ ဆိုပါတယ်... ဖခင်က သမီးရေ ကားကို အပိုင်မပေးခင် ဒီကား ဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်း ကားဈေးတန်းမှာ သွားပြကြည့်ပါ။

သူ့သမီးက တစ်ပတ်နွမ်း ကားဈေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က ဒေါ်လာ တစ်ထောင် ပေးမယ် လို့ ပြောကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်း နေလို့တဲ့။

ဒါနဲ့ သူ့အဖေက သမီးရေ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။ သမီးက အပေါင်ဆိုင်ကို သွားပြခဲ့ပြီး အဖေရေ သူတို့က ဒေါ်လာတစ်ရာ ပေးမယ်လို့ ပြောကြတယ် လို့ ဆိုပါတယ်။ ဘာလို့လဲ ဆိုတော့ ကားက အိုနေလို့တဲ့။

ဖခင်က သမီးရေ ဒီတစ်ခါတော့ ကားပြပွဲ အသင်းများဆီကို ယူသွားကြည့်ပါလို့ ဆိုပြန်ပါတယ်။ ကားပြပွဲ အသင်းဆီကို ကားကိုပြပြီး သမီးက စိတ်လှုပ်ရှားစွာ ပြန်လာတယ်။

အဖေ အဖေ သူတို့က ကားကို ဒေါ်လာ တစ်သိန်းပေးမယ် ဆိုကြတယ်။ ဘာလို့လဲဆိုတော့ ဒီကားက Nissan Skyline R34 ရောင်းရအကောင်းဆုံးနဲ့ ခုဆို ရှားပါးကားဖြစ်တယ် လို့ ဆိုကြတယ်တဲ့။

ဖခင်က

''သမီးရေ မှန်ကန်တဲ့ နေရာမှာသာ မှန်ကန်တဲ့ တန်ဖိုးထားမှု ခံရတယ်။ မိမိအား တန်ဖိုးမထားကြရင် ဝမ်းမနည်းပါနဲ့ စိတ်မဆိုးပါနဲ့။

ဘာလို့လဲ ဆိုတော့ အဲ့ဒီနေရာက ကိုယ့်အတွက် နေရာမှန် မဟုတ်လို့ပါ။ သင့်ကိုတန်ဖိုးထားတဲ့ နေရာသည် သင်၏ တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာ ဖြစ်သည်။

သင်၏ တန်ဖိုးကို မသိနားမလည်တဲ့ နေရာမှာကြာကြာ မနေပါနဲ့''.. . ဟု ဆိုပါတယ်။

မေတ္တာဖြင့်

Ref: Chicken Soup for the Christian Souls