ကမ္ဘာပေါ်မှာ တစ်ခါတရံ ယုံကြည်ရခက်လောက်တဲ့ တိုက်ဆိုင်မှုတွေ၊ ကံကောင်းမှုတွေ ရှိပါတယ်။ တချို့ကံကောင်းတဲ့ အဖြစ်အပျက်တွေက သေချာစီစဉ်ပြီး လုပ်ထားသလားလို့တောင် ထင်ရစေပါတယ်။ ကမ္ဘာပေါ်က အလွန့်အလွန် ကံကောင်းတဲ့ အဖြစ်အပျက်လေးတွေကို အတူတူ ဖတ်ကြည့်လိုက်ရအောင်။
၁။ Lena Pahlsson
Lena Pahlsson က လွန်ခဲ့တဲ့ ၁၆ နှစ်က ပျောက်သွားတဲ့ လက်ထပ်လက်စွပ်ကို သူမ စိုက်ထားတဲ့ ဥယျာဉ်ခြံထဲကနေ ပြန်တွေ့ခဲ့ပါတယ်။ ပြန်တွေ့တဲ့ပုံကလည်း ထူးထူးဆန်းဆန်းပါပဲနော်။ လက်ထပ်လက်စွပ်က မုန်လာဥဝါမှ စွပ်မိနေတာပါ။
၂။ Steve Flaig
Steve က အမေမရှိဘဲ ကြီးပြင်းလာရပြီးတော့ အမေဖြစ်သူကို နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့ပါတယ်။ ရှာတဲ့အခါမှာ သူ့အမေရဲ့မိသားစုနာမည်ကို မှားပြီး ရှာနေတာပါ။ တိုက်ဆိုင်မှု တစ်ခုကနေ သူ့အမေနဲ့ ပြန်ဆုံဖြစ်ခဲ့ပါတယ်။ Steve က စတိုးဆိုင်ခွဲတစ်ခုမှာ အလုပ်လုပ်ပြီး သူရဲ့သူဌေးက အခက်အခဲတွေ့နေကြောင်း Steve ကို ပြောပြပါတယ်။ သူဌေးက Steve အမေရဲ့ မိသားစုနာမည်ကို မှတ်မိပါတယ်။ အဲဒီကနေတစ်ဆင့် Steve ရဲ့အမေဟာ သူဌေးပိုင်တဲ့ စတိုးဆိုင်ခွဲတစ်ခုမှာ အလုပ်လုပ်နေကြောင်း သိလိုက်ရပါတော့တယ်။
၃။ Virginia Fike
Virginia က ထီထိုးတဲ့အခါတိုင်း ဂဏန်းတွဲ တစ်ခုတည်းကိုပဲ အမြဲထိုးပါတယ်။ ပထမဆုံးဂဏန်းက သူ့မိဘတွေ လက်ထပ်တဲ့နှစ်ဖြစ်ပြီး ဒုတိယဂဏန်းက မိဘတွေ လက်ထပ်စဉ်က အသက်ပါ။ ၂၀၁၂ မှာ Virginia က အဲဒီဂဏန်းတွေပါတဲ့ ထီလက်မှတ် ၂ စောင်ဝယ်လိုက်ပါတယ်။ ၂ စောင်လုံးက ထီပေါက်ပြီး Virginia တစ်ယောက် ဒေါ်လာသန်းချီ ရသွားပါတော့တယ်။
၄။ Tsutomu Yamaguchi
Tsutomu Yamaguchi က ဂျပန်နိုင်ငံမှာ နူးကလီးယား တိုက်ခိုက်မှုနှစ်ခါဖြစ်ခဲ့စဉ်က အသက်ရှင်ခဲ့တဲ့ တစ်ယောက်တည်းသော သူပါပဲ။ နူးကလီးယား တိုက်ခိုက်မှုဖြစ်စဉ်က Tsutomu က စီးပွားရေးကိစ္စနဲ့ ဟီရိုရှီးမားကို ရောက်နေပါတယ်။ နူးကလီးယား ပေါက်ကွဲတဲ့နေရာနဲ့ ၃ ကီလိုမီတာပဲ ဝေးပါတယ်။ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်ရှင်ခဲ့ပါတယ်။ ၃ ရက် အကြာမှာတော့ သူအလုပ်လုပ်တဲ့ နာဂါဆာကီကို ပြန်လာခဲ့ပါတယ်။ နာဂါဆာကီမှာလည်း နူးကလီးယား ပေါက်ကွဲပြန်ပါတယ်။ ဒါပေမယ့် ကံအကောင်းဆုံး လူသား Tsutomu ကတော့ အသက်ရှင်ခဲ့ပါတယ်။
၅။ Harrison Odjegba Okene
Harrison က သင်္ဘောပေါ်မှာ ထမင်းချက်တဲ့အလုပ် လုပ်ပါတယ်။ သင်္ဘော စတင်နစ်မြှုပ်တဲ့အချိန်မှာ Harrison က ရေချိုးခန်းထဲမှာ ရှိနေပြီး အချိန်မီ ပြန်ထွက်လို့ မရတော့ပါဘူး။ ကံကောင်းချင်တော့ လေအိတ်ရှိတဲ့ အင်ဂျင်ခန်းထဲကို သွားလို့ရလိုက်ပါတယ်။ ကယ်ဆယ်သူတွေက Harrison ကို ၃ရက်အတွင်း ပြန်တွေ့ခဲ့ပါတယ်။ ၁၂ ယောက် ပါဝင်တဲ့အဖွဲ့မှာ Harrison တစ်ယောက်ပဲ အသက်ရှင်ခဲ့တာပါ။
၆။ Joan Ginther
အရောင်းဝန်ထမ်း တစ်ယောက်က Joanကို 5.4 မီလီယမ် ဒေါ်လာတန်ဖိုးရှိတဲ့ ထီလက်မှတ် ရောင်းလိုက်ပါတယ်။ ထီပေါက်ပြီး ၁၀ နှစ်အကြာမှာ ဒေါ်လာ ၂ မီလီယမ် ထီပေါက်ပြန်ပါတယ်။ နောက်ထပ် ၃ နှစ်အကြာမှာတော့ ဒေါ်လာ ၃ မီလီယမ် ထီပေါက်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Joan တစ်ယောက် ဒေါ်လာ ၁၀ မီလီယမ် ထပ်ပေါက်ပါတယ်။
၇။ Juliane Koepcke
1971 ခုနှစ်မှာ လေယာဉ်တစ်စီးက အမေဇုန်မြစ် တည့်တည့်ပေါ်ကို ပျက်ကျပါတယ်။ အဲဒီ လေယာဉ်ပျက်ကျမှုမှာ Juliane အသက်ရှင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ Juliane ဟာ ဒဏ်ရာတွေ များစွာရနေပေမယ့် ပျက်ကျတဲ့ လေယာဉ်ထဲကနေ ထွက်လာနိုင်ခဲ့ပါတယ်။ Juliane က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မတွေ့မချင်း တောထဲမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရက်အနည်းငယ်ကြာ နေခဲ့ရပါတယ်။ လေယာဉ်တစ်စီးလုံးမှာ Juliane တစ်ယောက်ပဲ အသက်ရှင်ခဲ့တာပါ။
၈။ Maarten de Jonge
ဒတ်ချ်လူမျိုး စက်ဘီးစီးသမား Marrtenက မလေးရှား လေကြောင်းလိုင်းနှစ်ခုမှာ လေယာဉ်လက်မှတ်တွေ ဝယ်ခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ထွက်ခါနီးမှ လက်မှတ်တွေကို ဖျက်လိုက်ပါတယ်။ သူ မစီးဖြစ်လိုက်တဲ့ လေယာဉ်တစ်စီးက အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျောက်သွားပါတယ်။ နောက်ထပ် လေကြောင်းလိုင်းကတော့ ၂၀၁၄ ခုနှစ်နွေရာသီမှာ ပိတ်ပစ်လိုက်ပါတယ်။
၉။ Reshma Begum
Reshma က ၁၈ ထပ်ရှိတဲ့ Rana Plaza ထဲက စက်ရုံတစ်ခုမှာ အထည်ချုပ်ဝန်ထမ်း လုပ်ပါတယ်။ Reshma က ပေါက်ကွဲမှုကနေ အသက်ရှင်ပေမယ့် အုတ်ကျိူးအုတ်ပဲ့တွေ ကြားမှာ ပိတ်မိနေပါသေးတယ်။ ကံကောင်းချင်တော့ အုတ်ကျိုးအုတ်ပဲ့တွေ ကြားမှာမှ ရေနဲ့ စားစရာတွေကို ရှာတွေ့ခဲပါတယ်။ အဲဒီရေနဲ့ စားစရာတွေက သူမကို ကယ်ဆယ်ရေးတွေ မတွေ့သေးခင်အထိ ၁၇ ရက်ကြာ အသက်ဆက် ပေးခဲ့ပါတယ်။
၁၀။ Frane Selak
ခရိုအေးရှားလူမျိုး ဂီတဆရာ Frane Selak က ရေကန်ထဲကို ပြုတ်ကျသွားတဲ့ ရထားကနေ မသေဘဲ လွတ်မြောက်လာသူပါ။ အဲဒီနောက် ကားမှောက်ပါသေးတယ်။ ကားမှောက်တော့လည်း မသေပါဘူး။ လေယာဉ်ပျက်ကျတဲ့အခါမှာလည်း ကောက်ရိုးပုံထဲကျပြီး မသေပါဘူး။ လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည် ၁၉ ယောက်ကတော့ သေသွားပါတယ်။ Frane က ကားခဏခဏ မှောက်ပေမယ့် အသက်ရှင်ပါသေးတယ်။ နောက်ဆုံးမှာတော့ Frane က ဒေါ်လာတစ်မီလီယမ် ထီပေါက်သွားပါတယ်။
zombie (Lovemedia)
0 Comments