ဒီခေတ်ထဲမှာ အချစ်စစ်ကို ရှာတွေ့ဖို့ ခက်သွားပါပြီ။ ရည်းစားဘဝကနေ လက်ထပ်ဖို့ အဆင်သင့် ဖြစ်နေတဲ့သူတွေကို တွေ့ရတာ ကြည်နူးစရာပါပဲ။ စုံတွဲတွေကြားမှာ သစ္စာရှိတယ် ဆိုတာ ရှားပါးပါတယ်။ လူတစ်ယောက်အပေါ် သစ္စာရှိတယ် ဆိုတာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။

သစ္စာရှိခြင်းဟာ ဘဝကို ပိုပြီး လှပစေပါတယ်။ အဲဒါကြောင့် သင်တကယ်ယုံကြည်ရပြီး သင့်တစ်ယောက်တည်းကိုသာ ချစ်တဲ့သူကို တွေ့ရင်တော့ တစ်သက်တာ သစ္စာရှိဖို့ တွေဝေမနေပါနဲ့တော့။


1. သင့်အပေါ် မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်။


သူ့ဘဝရဲ့စက္ကန့်တိုင်းဟာ သင့်အတွက် အဆင်သင့်ဖြစ်နေတယ်ဆိုရင် သင့်အပေါ် တစ်သက်လုံးသစ္စာရှိမယ့်သူပါ။ သူ့ဘဝရဲ့အချိန်တွေကို သင့်ထံပေးရမှာ ပျော်နေတာပါ။ သင်နဲ့ စကားပြောရတာကလွဲပြီး တခြားအရာတွေကို စိတ်မဝင်စားတော့တာပါ။

2. သူ့ဘဝနဲ့ရင်းပြီး သင့်ကိုချစ်တယ်။


သူ့တစ်ဘဝလုံးကို သင့်ထံပေးထားတဲ့သူဟာ သင့်ကိုတကယ်ချစ်ပြီး ကာကွယ်ပေးသွားမယ့်သူပါ။ တန်ဖိုးရှိတဲ့ အချိန်တွေကို သင်နဲ့အတူ ကုန်ဆုံးဖို့ ဘယ်အရာနဲ့မဆို အာမခံပေးနိုင်ပါတယ်။ သူ့ဘဝရဲ့ အနာဂတ် အစီအစဉ်တိုင်းမှာ သင်ပါဝင်ပါတယ်။


3. သင့်အပြုံးက အရေးကြီးပါတယ်။


သင့်ကို နာကျင်အောင်လုပ်မိလို့ စိတ်မကောင်းဖြစ်ပြီး မအိပ်နိုင်ဖြစ်သွားတဲ့သူကို ယုံကြည်လို့ရပါတယ်။ အိပ်ယာမဝင်ခင်မှာ သင့်ကိုပြုံးသွားအောင် လုပ်နိုင်တဲ့သူက သင့်ကိုဘယ်တော့မှ စိတ်အနှောင့်အယှက်ပေးမယ့်သူ မဟုတ်ပါဘူး။


4. သင့်ရည်မှန်းချက်တွေ ဖြစ်မြောက်လာအောင် တိုက်တွန်းတယ်။

သင့်ဘက်က နားလည်မှုပေးတဲ့အခါ သူ့ဘက်ကလည်း တစ်ဘဝစာ ကတိတွေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့ပျော်ရွှင်မှုအတွက် သင်ဘာမဆိုလုပ်ပေးမယ် ဆိုတာလည်း သူသိပါတယ်။ အဲဒီအခါ သင့်ရည်မှန်းချက်နဲ့ သူ့ရည်မှန်းချက်တွေက ထပ်တူထပ်မျှ အရေးကြီးတယ် ဆိုတာ သူ သဘောပေါက်သွားပါတယ်။ အဲဒါကြောင့် သင့်ရည်မှန်းချက်တွေ ဖြစ်လာအောင် တိုက်တွန်းအားပေးမှာပါ။

Zombie(LoveMedia)