သင်က ၃လွှာ mask ကို တပ်ရလို့ ငြီးငွေ့လာရင်၊ နည်းပညာမြင့်မြင့်နဲ့ ထုတ်လုပ်ထားတဲ့ mask ကို တပ်ချင်တယ် ဆိုရင်တော့ LG က သင့်အတွက် ယူဆောင်လာပေးပါပြီ။

ကိုရီးယားနိုင်ငံက LG ကုမ္ပဏီက သြဂုတ်လ ၂၇ ရက်နေ့က လေသန့်စင်ပေးတဲ့စနစ် ပါဝင်တဲ့ mask ကို မိတ်ဆက် လိုက်ပါပြီ။ အဲဒီ mask က တခြား mask တွေနဲ့မတူဘဲ လုံးဝ ထူးခြားနေမှာပါ။ "ကျန်းမာတဲ့အနာဂတ်"လို့ အမည်ပေးထားတဲ့ ဒီ mask ကို ဘာလင်မြို့  International Funkausstellung အဆောက်အအုံမှာ စတင်ပြသခဲ့ပါတယ်။

လေသန့်စင်စက် ပါဝင်တဲ့ mask ရဲ့ရည်ရွယ်ချက်တွေကတော့..

အိမ်တွင်းဖြစ် mask တွေရဲ့ အရည်အသွေး မညီမျှမှုတွေ မရှိစေဖို့ 

mask တွေကို ခဏခဏ မစွန့်ပစ်ရစေဖို့ ပါပဲ။

Mask မှာ H13 HEPA filter ၂ ခုကို သုံးထားပါတယ်။ သူ့မှာပါဝင်တဲ့ filter က LG က ထုတ်တဲ့ လေသန့်စင်စက် မှာပါဝင်တဲ့ filter နဲ့ အတူတူပါပဲ။ Mask တပ်ထားတဲ့အခါ လတ်ဆတ်တဲ့လေကို ရရှိနေမှာပါ။

အဲဒီ mask ကို မျက်နှာနဲ့ အံဝင်ခွင်ကျဖြစ်အောင် ထုတ်လုပ်ထားလို့ နှာခေါင်းနဲ့ ပါးတစ်ဝိုက်မှာ လေယိုစိမ့်တာတွေကို နည်းသွားစေပါတယ်။ UV-LED lights တွေကို အသုံးပြုထားတာကြောင့် ပိုးမွှားတွေကိုလည်း သတ်ပြီးသားပါပဲ။ Mask မှာ ပါဝင်တဲ့ 820mAh ဓါတ်ခဲက   ၈နာရီအထိ အသုံးခံပါတယ်။

ဒီ Mask ကို စက်တင်ဘာလဆန်းပိုင်းမှာ ရောင်းချမယ်လို့ LG က ပြောပါတယ်။ ကိုဗစ် 19 ကို ကာကွယ်ဟန့်တား ပေးနိုင်သလား ဆိုတဲ့အကြောင်းကိုတော့ LG က ဘာမှ မပြောသွားပါဘူး။ ဒါပေမယ့် လေသန့်စင်စက် ပါဝင်တဲ့ mask နဲ့ဆိုရင်တော့ လုံးဝကို အထာကျနေမှာ အသေအချာပါပဲ။

Zombie (Lovemedia)

For Zawgyi

ေလသန႔္စင္စင္ပါဝင္တဲ့ Maskကို ထုတ္လုပ္လိုက္တဲ့ LG

သင္က ၃လႊာ mask ကို တပ္ရလို႔ ၿငီးေငြ႕လာရင္၊ နည္းပညာျမင့္ျမင့္နဲ႔ ထုတ္လုပ္ထားတဲ့ mask ကို တပ္ခ်င္တယ္ ဆိုရင္ေတာ့ LG က သင့္အတြက္ ယူေဆာင္လာေပးပါၿပီ။

ကိုရီးယားႏိုင္ငံက LG ကုမၸဏီက ၾသဂုတ္လ ၂၇ ရက္ေန႔က ေလသန႔္စင္ေပးတဲ့စနစ္ ပါဝင္တဲ့ mask ကို မိတ္ဆက္ လိုက္ပါၿပီ။ အဲဒီ mask က တျခား mask ေတြနဲ႔မတူဘဲ လုံးဝ ထူးျခားေနမွာပါ။ "က်န္းမာတဲ့အနာဂတ္"လို႔ အမည္ေပးထားတဲ့ ဒီ mask ကို ဘာလင္ၿမိဳ႕  International Funkausstellung အေဆာက္အအုံမွာ စတင္ျပသခဲ့ပါတယ္။

ေလသန႔္စင္စက္ ပါဝင္တဲ့ mask ရဲ႕ရည္႐ြယ္ခ်က္ေတြကေတာ့..

အိမ္တြင္းျဖစ္ mask ေတြရဲ႕ အရည္အေသြး မညီမွ်မႈေတြ မရွိေစဖို႔ 

mask ေတြကို ခဏခဏ မစြန႔္ပစ္ရေစဖို႔ ပါပဲ။

Mask မွာ H13 HEPA filter ၂ ခုကို သုံးထားပါတယ္။ သူ႔မွာပါဝင္တဲ့ filter က LG က ထုတ္တဲ့ ေလသန႔္စင္စက္ မွာပါဝင္တဲ့ filter နဲ႔ အတူတူပါပဲ။ Mask တပ္ထားတဲ့အခါ လတ္ဆတ္တဲ့ေလကို ရရွိေနမွာပါ။

အဲဒီ mask ကို မ်က္ႏွာနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ ထုတ္လုပ္ထားလို႔ ႏွာေခါင္းနဲ႔ ပါးတစ္ဝိုက္မွာ ေလယိုစိမ့္တာေတြကို နည္းသြားေစပါတယ္။ UV-LED lights ေတြကို အသုံးျပဳထားတာေၾကာင့္ ပိုးမႊားေတြကိုလည္း သတ္ၿပီးသားပါပဲ။ Mask မွာ ပါဝင္တဲ့ 820mAh ဓါတ္ခဲက   ၈နာရီအထိ အသုံးခံပါတယ္။

ဒီ Mask ကို စက္တင္ဘာလဆန္းပိုင္းမွာ ေရာင္းခ်မယ္လို႔ LG က ေျပာပါတယ္။ ကိုဗစ္ 19 ကို ကာကြယ္ဟန႔္တား ေပးႏိုင္သလား ဆိုတဲ့အေၾကာင္းကိုေတာ့ LG က ဘာမွ မေျပာသြားပါဘူး။ ဒါေပမယ့္ ေလသန႔္စင္စက္ ပါဝင္တဲ့ mask နဲ႔ဆိုရင္ေတာ့ လုံးဝကို အထာက်ေနမွာ အေသအခ်ာပါပဲ။

Zombie (Lovemedia)