ခြေထောက်မှာ အမည်းစက်တွေ ဖြစ်လာရတဲ့ အကြောင်းအရင်းများနှင့် အမည်းစက်တွေ ပျောက်ကင်းသွားစေမယ့် နည်းလမ်းများ

ခြေထောက်တွေမှာ အမည်းအစက်အပျောက်တွေ ပေါ်လာတာက စိတ်အနှောင့်အယှက် တစ်ခုပါပဲ။ ခြေထောက်မှာ အနီစက်တွေ ထွက်လာတာကို စတော်ဘယ်ရီ ခြေထောက်လို့လည်း ခေါ်ကြပါတယ်။ ဒီလို အစက်အပြောက်တွေက မွေးညင်းပေါက်ကျယ်လို့ ဖြစ်ပြီးတော့ ဘက်တီးရီးယား၊ အဆီနဲ့ ဆဲလ်သေတွေကြောင့်လည်း ဖြစ်ပါတယ်။

ခြေထောက်ကို အမွေးရိတ်ပြီးတဲ့အခါ လေက အဆီနဲ့ ထိတွေ့ဓါတ်ပြုပြီး အမည်းစက်တွေ ဖြစ်လာပါတယ်။ ခြေထောက်ပေါ်က အမည်းစက်တွေက ယားလေ့ယားထတော့ မရှိပေမယ့် တစ်ခါတရံမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေပါတယ်။ ဒါပေမယ့် စတော်ဘယ်ရီခြေထောက်ကနေ ဖြူစင်တဲ့ ခြေထောက် လှလှလေးဖြစ်အောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

ခြေထောက်မှာ အမည်းစက်တွေ ဖြစ်လာရတဲ့ အကြောင်းအရင်းများ..

၁။ ရိတ်ခြင်း

ခြေထောက်ပေါ်က အမည်းစက်တွေက မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ် ဆိုပေမယ့် ခြေထောက်ကို အမွေးရိတ်တာနဲ့လည်း သက်ဆိုင်နေပါသေးတယ်။ Shaving cream ကို မသုံးဘဲ ရိတ်တဲ့အခါ ဒါမှမဟုတ် သင်တုန်းဓါးမအဟောင်းနဲ့ ရိတ်တဲ့အခါ အသားအရေက စပ်လာပါတယ်။ အသားအရေ စပ်လာတာကြောင့် မွေးညင်းပေါက်တွေက မည်းလာပြီး အမည်းစက်တွေ ပေါ်လာရတာပါ။

၂။ မွေးညင်းပေါက်ပိုးဝင်ခြင်း

မွေးညင်းပေါက် ပိုးဝင်ရတဲ့ အဓိက အကြောင်းအရင်းကတော့ သင်တုန်းဓါး ရှလို့ပါ။ အဲဒီကျန မွေးညင်းတွေ ထွက်မလာတော့ဘဲ အမည်းစက်တွေ ဖြစ်ပေါ်လာစေပါတယ်။

၃။ အသားအရေခြောက်ခြင်း

အသားအရေ ခြောက်နေတဲ့အခါ အမည်းစက်တွေက ပိုပြီး ထင်ရှားပါတယ်။ အသားအရေမှာ ရေဓါတ် မရှိတာကြောင့် အမည်းစက်တွေ ပိုတောင် ဖြစ်လာနိုင်ပါသေးတယ်၊

၄။ Keratosis pilaris

Keratosis pilaris ဆိုတာက အသားရေက အကွက်လိုက် အကွက်လိုက် ခြောက်ကပ်နေတဲ့အခြေအနေကို ခေါ်တာပါ။ များသောအားဖြင့် လက်မောင်း၊ ပေါင်၊ ပါးနဲ့ တင်ပါးတွေမှာ တွေ့ရများပါတယ်။ စိုထိုင်းမှုနည်းတဲ့ ဒေသတွေမှာ နေတဲ့အခါ ဒါမှမဟုတ် ဓါတုပစ္စည်းတွေ များများပါဝင်နေတဲ့ ရေကန်မှာ မကြာခဏ ရေကူးတဲ့အခါ အသားတွေက ပက်ကြားအက်သလို ခြောက်လာပါတယ်။ အဲဒီအခါ  အမည်းစက်တွေကလည်း ပိုပြီး ထင်ရှားနေတတ်ပါတယ်။ 

စတော်ဘယ်ရီခြေထောက် မဖြစ်စေမယ့် နည်းလမ်းများ

၁။ စနစ်တကျရိတ်ခြင်း

အမွေးမရိတ်ခင်မှာ အသားအရေကို စိုသွားအောင် shaving cream သို့မဟုတ် ဂျယ်ကို သုံးပါ။ သင်တုန်းဓါးကို သေချာဆေးဖို့နဲ့ မှန်မှန်လဲပေးဖို့လည်း အရေးကြီးပါသေးတယ်။ ရိတ်တဲ့အခါ အပေါ်ကနေ အောက်ကို ရိတ်ချတဲ့နည်းက နည်းလမ်းမှန်ဖြစ်ပြီးတော့ ဓါးလည်း မရှတော့ပါဘူး။

၂။ ဆဲလ်သေများကို ဖယ်ရှားခြင်း

ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးတာက အသားအရေကို ပိုကောင်းစေတဲ့အပြင် မွေးညင်းလေးတွေ အသစ်ထွက်လာဖို့လည်း လွယ်ကူစေပါတယ်။ အမည်းစက်တွေ ဖြစ်မလာအောင်လည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၃။ စနစ်တကျ ကုသမှုခံယူခြင်း

အိမ်တွင်းကုထုံးတွေနဲ့ မပျောက်ဘူး ဆိုရင် ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။ လျှပ်စစ်နဲ့ အမွေးအမျှင်တွေကို ဖယ်ရှားတဲ့နည်းက မွေးညင်းပေါက်တွေကို ကျဉ်းသွားစေပါတယ်။ လေဆာနဲ့ အမွေးအမျှင်တွေကို ဖယ်ရှားတဲ့ နည်းကတော့ စိတ်ချရပြီး အမည်းစက်တွေလည်း ဖြစ်မလာစေတော့ပါဘူး။

အထက်ပါ နည်းလမ်းလေးတွေနဲ့ ယုံကြည်မှုရှိရှိ လှပနိုင်ကြပါစေ။

zombie (lovemedia)