​ခေါင်းကိုက်ခြင်းက အ​ကြောင်း အမျိုးမျိုး​ကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊ ​သွေးတိုးခြင်း၊ ရာသီဥတု အ​ခြေအ​နေ စတဲ့အ​ကြောင်းအချက်​တွေ​ကြောင့် ​ခေါင်းကိုက်နိုင်ပါတယ်။ ဆံပင်စည်း​နှောင်တဲ့ ပုံစံ​​ကြောင့်လည်း ​ခေါင်းကိုက်နိုင်ပါတယ်။ တချို့ ဆံပင်စည်းတဲ့ပုံစံက ဦး​ခေါင်းခွံကို ဖိအားသက်​​ရောက်​စေပြီး နာကျင်​​​စေပါတယ်။

၁။ ပိုနီ​​တေးလ်

ဆံပင်ရဲ့​ မွေးညင်း​ပေါက် ​အောက်က​နေရာနဲ့ ဦး​​ရေပြားနေရာ​တွေမှာ အကြမ်းမခံနိုင်တဲ့ နာဗ်​ကြော​လေး​တွေ ရှိပါတယ်။ အဲဒီ နာဗ်​​ကြော​လေး​တွေက နာကျင်မှုကို ခံစားနိုင်ပါတယ်။ ပိုနီ​တေးလ် ဆံပင်စည်းနည်းက နာဗ်​​ကြော​ပေါင်းများစွာကို ချက်ချင်း တင်းသွား​​စေပါတယ်။ မိန်းက​လေး​ တော်​တော်များဟာ ပိုနီ​တေးလ် ဆံပင်စည်းပြီး​နောက် ​ခေါင်းကိုက်ခြင်းကို ခံစားရတယ်လို့ ဆိုပါတယ်။

၂။ ​နဖူးစည်း

နဖူးစည်းကို ဖက်ရှင်အ​နေနဲ့ စည်းကြပါတယ်။ နဖူးစည်းကို တင်းတင်းကြပ်ကြပ်နဲ့ အချိန်ကြာကြာ စည်းထားမယ်ဆိုရင် ​ခေါင်းကိုက်လာ​တော့မှာပါ။ နဖူး​​​ပေါ်၊ ဦး​​ရေပြားပေါ်မှာ ဖိအားများ​နေလို့ပါ။ ဖက်ရှင် တစ်ခု​နေနဲ့ လှ​ပေမယ့် အချိန်ကြာကြာ​တော့ နဖူးစည်းကို မစည်းသင့်ပါဘူး။

၃။ တင်းကြပ်​သော ကျစ်ဆံမြီး

ကျစ်ဆံမြီးကို တင်းတင်းကြပ်ကြပ် စည်းထားရင်လည်း ​ခေါင်းကိုက်​စေပါတယ်။ ဆံပင်ကို အလွန်တင်းတင်း ဆွဲထားတာ​​ကြောင့် ဦး​​ရေပြားပေါ်မှာ ဖိအား​တွေ ပိုများ​နေပါတယ်။ ဒီဆံပင်ကျစ်နည်းက ဆံပင်​တွေကိုလည်း ပျက်စီး​စေပါတယ်။ အထူးသဖြင့် အမျိုးသမီး​တွေက ဓမ္မတာလာတဲ့ အခါကျရင် ဦး​​ရေပြားက ထိလွယ်နာလွယ်တာ​ကြောင့် တင်းကျပ်တဲ့ ဆံပင်စည်းနည်းကို ​ရှောင်သင့်ပါတယ်။

၄။ ဆံပင် ဆွဲဆန့်ခြင်း

ဆံပင်ကို တင်းတင်းကျပ်ကျပ် ဆွဲဆန့်ထားပြီး​တော့ ပြင်ဆင်ထားရင် အလွန်ကြည့်လို့ လှပါတယ်။ ဒါ​ပေမယ့် ဆံပင် ဆွဲဆန့်တာကလည်း ပြင်းထန်တဲ့​ ခေါင်းကိုက်ခြင်းကို ဖြစ်​စေပါတယ်။ ဆံပင်ကို ခဏခဏ ဆွဲဆန့်​နေရင် ဆံပင်လည်း ပျက်စီးလာ​တော့မှာပါ။ 

​ခေါင်းမကိုက်​အောင် ဆံပင် ဘယ်လိုစည်းမလဲ။

- နာကျင်​နေတဲ့ ဦး​ရေပြား​နေရာကို ညင်ညင်သာသာ နှိပ်နယ်​ပေးပြီး အသက်ဝဝ ရှူပါ။

- မလိုအပ်တဲ့ ဆံပင် အလှဆင်ပစ္စည်း​တွေကို မသုံးပါနဲ့။

- ဆံပင်ကို တင်းတင်းကြပ်ကြပ် မစည်းဘဲ ​လျော့​လျော့စည်းတာက ပိုပြီး လှပ​စေတဲ့အပြင် ဦး​ရေပြားလည်း မနာ​တော့ပါဘူး။ ​

- အိပ်​​ရေးဝဝအိပ်ပါ။

zombie (Lovemedia)

For Zawgyi

​ေခါင္းကိုက္​ျခင္းကို ျဖစ္​ေစတဲ့ ဆံပင္စည္းနည္းပုံစံမ်ား

​ေခါင္းကိုက္ျခင္းက အ​ေၾကာင္း အမ်ိဳးမ်ိဳး​ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈ၊ ​ေသြးတိုးျခင္း၊ ရာသီဥတု အ​ေျခအ​ေန စတဲ့အ​ေၾကာင္းအခ်က္​ေတြ​ေၾကာင့္ ​ေခါင္းကိုက္ႏိုင္ပါတယ္။ ဆံပင္စည္း​ေႏွာင္တဲ့ ပုံစံ​​ေၾကာင့္လည္း ​ေခါင္းကိုက္ႏိုင္ပါတယ္။ တခ်ိဳ႕ ဆံပင္စည္းတဲ့ပုံစံက ဦး​ေခါင္းခြံကို ဖိအားသက္​​ေရာက္​ေစၿပီး နာက်င္​​​ေစပါတယ္။

၁။ ပိုနီ​​ေတးလ္

ဆံပင္ရဲ႕​ ေမြးညင္း​ေပါက္ ​ေအာက္က​ေနရာနဲ႔ ဦး​​ေရျပားေနရာ​ေတြမွာ အၾကမ္းမခံႏိုင္တဲ့ နာဗ္​ေၾကာ​ေလး​ေတြ ရွိပါတယ္။ အဲဒီ နာဗ္​​ေၾကာ​ေလး​ေတြက နာက်င္မႈကို ခံစားႏိုင္ပါတယ္။ ပိုနီ​ေတးလ္ ဆံပင္စည္းနည္းက နာဗ္​​ေၾကာ​ေပါင္းမ်ားစြာကို ခ်က္ခ်င္း တင္းသြား​​ေစပါတယ္။ မိန္းက​ေလး​ ေတာ္​ေတာ္မ်ားဟာ ပိုနီ​ေတးလ္ ဆံပင္စည္းၿပီး​ေနာက္ ​ေခါင္းကိုက္ျခင္းကို ခံစားရတယ္လို႔ ဆိုပါတယ္။

၂။ ​နဖူးစည္း

နဖူးစည္းကို ဖက္ရွင္အ​ေနနဲ႔ စည္းၾကပါတယ္။ နဖူးစည္းကို တင္းတင္းၾကပ္ၾကပ္နဲ႔ အခ်ိန္ၾကာၾကာ စည္းထားမယ္ဆိုရင္ ​ေခါင္းကိုက္လာ​ေတာ့မွာပါ။ နဖူး​​​ေပၚ၊ ဦး​​ေရျပားေပၚမွာ ဖိအားမ်ား​ေနလို႔ပါ။ ဖက္ရွင္ တစ္ခု​ေနနဲ႔ လွ​ေပမယ့္ အခ်ိန္ၾကာၾကာ​ေတာ့ နဖူးစည္းကို မစည္းသင့္ပါဘူး။

၃။ တင္းၾကပ္​ေသာ က်စ္ဆံၿမီး

က်စ္ဆံၿမီးကို တင္းတင္းၾကပ္ၾကပ္ စည္းထားရင္လည္း ​ေခါင္းကိုက္​ေစပါတယ္။ ဆံပင္ကို အလြန္တင္းတင္း ဆြဲထားတာ​​ေၾကာင့္ ဦး​​ေရျပားေပၚမွာ ဖိအား​ေတြ ပိုမ်ား​ေနပါတယ္။ ဒီဆံပင္က်စ္နည္းက ဆံပင္​ေတြကိုလည္း ပ်က္စီး​ေစပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီး​ေတြက ဓမၼတာလာတဲ့ အခါက်ရင္ ဦး​​ေရျပားက ထိလြယ္နာလြယ္တာ​ေၾကာင့္ တင္းက်ပ္တဲ့ ဆံပင္စည္းနည္းကို ​ေရွာင္သင့္ပါတယ္။

၄။ ဆံပင္ ဆြဲဆန္႔ျခင္း

ဆံပင္ကို တင္းတင္းက်ပ္က်ပ္ ဆြဲဆန္႔ထားၿပီး​ေတာ့ ျပင္ဆင္ထားရင္ အလြန္ၾကည့္လို႔ လွပါတယ္။ ဒါ​ေပမယ့္ ဆံပင္ ဆြဲဆန္႔တာကလည္း ျပင္းထန္တဲ့​ ေခါင္းကိုက္ျခင္းကို ျဖစ္​ေစပါတယ္။ ဆံပင္ကို ခဏခဏ ဆြဲဆန္႔​ေနရင္ ဆံပင္လည္း ပ်က္စီးလာ​ေတာ့မွာပါ။ 

​ေခါင္းမကိုက္​ေအာင္ ဆံပင္ ဘယ္လိုစည္းမလဲ။

- နာက်င္​ေနတဲ့ ဦး​ေရျပား​ေနရာကို ညင္ညင္သာသာ ႏွိပ္နယ္​ေပးၿပီး အသက္ဝဝ ရႉပါ။

- မလိုအပ္တဲ့ ဆံပင္ အလွဆင္ပစၥည္း​ေတြကို မသုံးပါနဲ႔။

- ဆံပင္ကို တင္းတင္းၾကပ္ၾကပ္ မစည္းဘဲ ​ေလ်ာ့​ေလ်ာ့စည္းတာက ပိုၿပီး လွပ​ေစတဲ့အျပင္ ဦး​ေရျပားလည္း မနာ​ေတာ့ပါဘူး။ ​

- အိပ္​​ေရးဝဝအိပ္ပါ။

zombie (Lovemedia)