အင်္ဂလန်နိုင်ငံက Robyn Cherry ဆိုသူ အမျိုးသမီးဟာ ၂၀၁၀ ခုနှစ်တုန်းက ဆံပင်အလှပြင်ဆိုင်ကိုသွားပြီး ဆံပင်ကို အညိုရောင်ဆိုးခဲ့ပါတယ်။ အဲဒီလို ဆံပင်ဆေးဆိုးခဲ့ခြင်းက သူမရဲ့ဘဝအတွက် မဟာအမှားကြီး ဖြစ်သွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်Robyn က နှစ်လကိုတစ်ခါ ဆံပင်ဆေးဆိုးလေ့ရှိတယ်လို့ ပြောပါတယ်။ ဆံပင်ကို patch test လုပ်ပြီး ၄၈ နာရီစောင့်ရမှာပါ။


အဲဒါကြောင့် Robyn က ဆိုင်မှာ ဆံပင်ကို patch test လုပ်ပြီး ၄၈ နာရီစောင့်ခဲ့ပါတယ်။ ဆံပင်ကို ဆေးမဆိုးခင် တစ်ရက်အလိုမှာဆံပင်အလှပြင်ဆိုင်ကို သွားတဲ့အခါ ဆံပင်က ဓါတ်မတည့်မှုတွေ မရှိဘဲ အဆင်ပြေနေပါသေးတယ်။ အဲဒါကြောင့် hairdresser က နောက်တစ်ရက်မှာ Robyn ကို ပြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်။

Robyn က ဆံပင်ဆေးဆိုးပြီး ဆိုင်ကနေပြန်အထွက် မိနစ်အနည်းငယ်အကြာမှာ ဦးရေပြားက ပူလာသလို ခံစားရလာပါတယ်။ ဒါပေမယ့် Robyn က ပေါ့ပေါ့ပါးပါးပဲ နေလိုက်ပါတယ်။ နောက်တစ်နေ့ မနက်ရောက်တဲ့အခါလည်း ဦးရေပြားက ပူလာပြန်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူမရဲ့မျက်နှာက နှစ်ဆခန့် ရောင်ကိုင်းလာတာကို တွေ့လိုက်ရပါတော့တယ်။


ခေါင်းက ပေါက်ထွက်တော့မယ့်အတိုင်း ခံစားလာရတာဖြစ်လို့ သူမရဲ့အမေက စိုးရိမ်ပြီး ဆေးရုံကို ခေါ်သွားပါတော့တယ်။ ဆေးရုံကို ရောက်တဲ့အခါမှာ မျက်နှာက အလွန်ကို ရောင်ကိုင်းနေတာကြောင့် အသက်ရှူဖို့တောင် ခက်ခဲလာပါတယ်။ မျက်လုံးကလည်း ပိတ်သွားပြီး ဘာဆိုဘာမှ မမြင်ရတော့ပါဘူး။

ဆရာဝန်က Robyn ရဲ့ ဆံပင်တွေကျွတ်သွားပြီး ဦးရေပြားမှာ ရေကြည်ဖုတွေ ဖြစ်နေကြောင်း ပြောပြပါတယ်။ အဲဒီအချိန်မှာ Robyn ဟာ  သေလုမြောပါး ခံစားနေရရှာပါတယ်။ ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ PPD ကြောင့် ဒီလိုဖြစ်ရတယ်လို့ ဆရာဝန်က ပြောပါတယ်။ Patch test ကို ၂၄ နာရီအစား ၄၈ နာရီထားတာကြောင့်လည်း ဒီလိုအခြေအနေ ဆိုးသွားရကြောင်း ပြောပါသေးတယ်။


ဆေးရုံရောက်ပြီး ၁၆ နာရီအကြာမှာတော့ Robyn က အသက်ရှူနိုင်လာပါတယ်။ အဲဒါကြောင့် ဆေးရုံဆင်းလိုက်ပါတယ်။ ဆေးရုံက ဆင်းလာပြီး ၆ နာရီအကြာမှာ အသက်ရှူလို့ မရတော့ဘဲ မျက်နှာက ရောင်ကိုင်းလာပြန်ပါတယ်။ အဲဒါကြောင့် ဆေးရုံကို အမြန်ပြန်သွားရပါတော့တယ်။

ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ PPD ကြောင့် ဒီလိုဓါတ်မတည့်မှုတွေ ဖြစ်လာမယ်လို့ Robyn တစ်ခါမှ မထင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ Robyn က အစားအစာ၊ အဝတ်အစား၊ အရက်တွေနဲ့ ပတ်သက်လာရင်လည်း ဓါတ်မတည့်မှုတွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် စားသောက်ဆိုင်တွေမှာ သွားစားလို့မရတော့သလို အရက်လည်း သောက်လို့မရတော့ပါဘူး။


Robyn က နေရောင်နဲ့ ထိရင်တောင် ဓါတ်မတည့်မှုတွေ ဖြစ်လာပါတယ်။နေရောင်ထဲသွားရင် အရေပြားမှာ ရေကြည်ဖုတွေ ဖြစ်လာပါတယ်။ Robynက ဆံပင်ဆေးဆိုးခဲ့တာအတွက် အလွန်နောင်တရနေပြီး အခြားသူတွေကိုလည်း သူ့လိုမဖြစ်ရအောင် ဆံပင်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို ပြောပြထားပါတယ်။

Zombie(LoveMedia)
Source-Worldofbuzz