တချို့စုံတွဲတွေမှာ ချစ်လျက်နဲ့ လမ်းခွဲတာမျိုးတွေ ရှိပါတယ်။ အဲဒီလို လမ်းခွဲတာက မုန်းလို့မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့လို့ပါ။ မိန်းကလေးတွေက သူတို့ချစ်တဲ့သူအတွက် အရာရာ ဖြည့်ဆည်းပေးချင် ကြပါတယ်။ ဒါပေမယ့် သူချစ်ရတဲ့ အချစ်နဲ့ မတန်တဲ့အခါ ဒီ relationship ကို အဆုံးသတ်လိုက် ပါတော့တယ်။

မိန်းကလေးတွေက သူတို့ချစ်ရတဲ့သူကို ဘာလို့ ထားသွားရလဲ ဆိုတဲ့ အကြောင်းပြချက်တွေကို ဖော်ပြပေးပါမယ်နော်။

၁။ စိတ်ဝင်စားမှု နည်းလာခြင်း

မိန်းကလေးဘက်က ဂရုစိုက်ပေးမယ့် ယောကျ်ားလေးဘက်က မသိကျိုးကျွံပြုလာတဲ့အခါ လမ်းခွဲရတဲ့ အခြေအနေမျိူးတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါနှစ်ခါတော့ မသိသာသေးပါဘူး။ ဒါပေမယ့် ယောကျ်ားလေးဘက်က မိန်းကလေးအပေါ်  စိတ်ဝင်စားမှု နည်းလာတဲ့ အကြိမ်ရေတွေ များလာတဲ့အခါ သိသာလာပါတယ်။ အဲဒီအခါ မိန်းကလေးတွေက သူတို့ကို တန်ဖိုးထားတဲ့သူ၊ သူတို့ ဂရုစိုက်ပေးတာကို အသိအမှတ်ပြုတဲ့သူကိုပဲ ရွေးချယ်သွားတတ်ကြပါတယ်။

၂။ အဆက်အသွယ်ပြတ်ခြင်း

မိန်းကလေးတွေက သူတို့ချစ်ရတဲ့သူကို ကောင်းကောင်းဆိုးဆိုး ပြောပြချင်ကြပါတယ်။ ဒါပေမယ့် တချို့ ယောကျ်ားလေးတွေက နားမထောင်ပေးချင် ကြပါဘူး။ ပြီးတော့ အကြောင်းပြချက်မရှိဘဲ အဆက်အသွယ်တွေ ဖြတ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အက်ကြောင်းတွေ ဖြစ်ပြီး သံသယတွေ များလာပါတယ်။ မိန်းကလေးတွေက သူတို့ကို စိတ်လုံခြုံမှုပေးတဲ့ သူကိုသာ လိုချင်တာပါ။ မယ်မယ်ရရအကြောင်းပြချက် မရှိဘဲ ခဏခဏ အဆက်အသွယ် ဖြတ်နေရင်တော့ ကြာလာရင် စိတ်ပျက်လာတော့မှာပါ။

၃။ အရွဲ့တိုက်ခြင်း

အရွဲ့တိုက်တာက rs တွေကြားမှာ တော်တော်ဆိုးတဲ့ ကိစ္စပါပဲ။ ယောကျ်ားလေးဘက်က မိန်းကလေးကို ဂရုမစိုက်တဲ့အပြင် အရွဲ့တိုက်နေရင်တော့ ဘယ်သူမှ သည်းမခံနိုင်ပါဘူး။ အရွဲ့တိုက်တာက ချစ်သူရည်းစားတွေကို ပြတ်စေရုံတင် မကပါဘူး။ တခြား လူမှုရေးကိစ္စတွေကိုလည်း ထိခိုက်စေပါတယ်။ နေရာတကာ အရွဲ့တိုက်ပြီး သဘောထားသေးသိမ်တဲ့ ယောကျ်ားမျိုးကို မိန်းကလေးတွေက တစ်သက်စာ မရွေးချယ်ချင်ကြပါဘူး။

၄။ တစ်ကိုယ်ကောင်းဆန်ခြင်း

မိန်းကလေးတွေက ကိုယ့်ချစ်သူရဲ့ ဦးစားပေးမှုကို လိုချင်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးဘက်ကိုလည်း မငဲ့၊ ကိုယ်အဆင်ပြေရင်ပြီးရော လုပ်တတ်တဲ့ယောကျ်ားမျိုးက တစ်သက်လုံး လက်တွဲသွားဖို့ မဖြစ်နိုင်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ ယောကျ်ားမျိုးက ဘယ်သူနဲ့တွဲတွဲ အဆင်ပြေမှာလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် သူ့ဘက်ကိုယ့်ဘက် မျှမျှတတ စဉ်းစားပေးဖို့ လိုအပ်ပါတယ်နော်။

Zombie (Lovemedia)

For Zawgyi

မိန္းကေလးေတြ သူတို႔ခ်စ္တဲ့သူကို ဘာ့ေၾကာင့္ထားသြားတာလဲ

တခ်ိဳ႕စုံတြဲေတြမွာ ခ်စ္လ်က္နဲ႔ လမ္းခြဲတာမ်ိဳးေတြ ရွိပါတယ္။ အဲဒီလို လမ္းခြဲတာက မုန္းလို႔မဟုတ္ဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ေတာ့လို႔ပါ။ မိန္းကေလးေတြက သူတို႔ခ်စ္တဲ့သူအတြက္ အရာရာ ျဖည့္ဆည္းေပးခ်င္ ၾကပါတယ္။ ဒါေပမယ့္ သူခ်စ္ရတဲ့ အခ်စ္နဲ႔ မတန္တဲ့အခါ ဒီ relationship ကို အဆုံးသတ္လိုက္ ပါေတာ့တယ္။

မိန္းကေလးေတြက သူတို႔ခ်စ္ရတဲ့သူကို ဘာလို႔ ထားသြားရလဲ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ စိတ္ဝင္စားမႈ နည္းလာျခင္း

မိန္းကေလးဘက္က ဂ႐ုစိုက္ေပးမယ့္ ေယာက်္ားေလးဘက္က မသိက်ိဳးကြၽံျပဳလာတဲ့အခါ လမ္းခြဲရတဲ့ အေျခအေနမ်ိဴးေတြ ျဖစ္လာတတ္ပါတယ္။ တစ္ခါႏွစ္ခါေတာ့ မသိသာေသးပါဘူး။ ဒါေပမယ့္ ေယာက်္ားေလးဘက္က မိန္းကေလးအေပၚ  စိတ္ဝင္စားမႈ နည္းလာတဲ့ အႀကိမ္ေရေတြ မ်ားလာတဲ့အခါ သိသာလာပါတယ္။ အဲဒီအခါ မိန္းကေလးေတြက သူတို႔ကို တန္ဖိုးထားတဲ့သူ၊ သူတို႔ ဂ႐ုစိုက္ေပးတာကို အသိအမွတ္ျပဳတဲ့သူကိုပဲ ေ႐ြးခ်ယ္သြားတတ္ၾကပါတယ္။

၂။ အဆက္အသြယ္ျပတ္ျခင္း

မိန္းကေလးေတြက သူတို႔ခ်စ္ရတဲ့သူကို ေကာင္းေကာင္းဆိုးဆိုး ေျပာျပခ်င္ၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ ေယာက်္ားေလးေတြက နားမေထာင္ေပးခ်င္ ၾကပါဘူး။ ၿပီးေတာ့ အေၾကာင္းျပခ်က္မရွိဘဲ အဆက္အသြယ္ေတြ ျဖတ္တဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ အက္ေၾကာင္းေတြ ျဖစ္ၿပီး သံသယေတြ မ်ားလာပါတယ္။ မိန္းကေလးေတြက သူတို႔ကို စိတ္လုံၿခဳံမႈေပးတဲ့ သူကိုသာ လိုခ်င္တာပါ။ မယ္မယ္ရရအေၾကာင္းျပခ်က္ မရွိဘဲ ခဏခဏ အဆက္အသြယ္ ျဖတ္ေနရင္ေတာ့ ၾကာလာရင္ စိတ္ပ်က္လာေတာ့မွာပါ။

၃။ အ႐ြဲ႕တိုက္ျခင္း

အ႐ြဲ႕တိုက္တာက rs ေတြၾကားမွာ ေတာ္ေတာ္ဆိုးတဲ့ ကိစၥပါပဲ။ ေယာက်္ားေလးဘက္က မိန္းကေလးကို ဂ႐ုမစိုက္တဲ့အျပင္ အ႐ြဲ႕တိုက္ေနရင္ေတာ့ ဘယ္သူမွ သည္းမခံႏိုင္ပါဘူး။ အ႐ြဲ႕တိုက္တာက ခ်စ္သူရည္းစားေတြကို ျပတ္ေစ႐ုံတင္ မကပါဘူး။ တျခား လူမႈေရးကိစၥေတြကိုလည္း ထိခိုက္ေစပါတယ္။ ေနရာတကာ အ႐ြဲ႕တိုက္ၿပီး သေဘာထားေသးသိမ္တဲ့ ေယာက်္ားမ်ိဳးကို မိန္းကေလးေတြက တစ္သက္စာ မေ႐ြးခ်ယ္ခ်င္ၾကပါဘူး။

၄။ တစ္ကိုယ္ေကာင္းဆန္ျခင္း

မိန္းကေလးေတြက ကိုယ့္ခ်စ္သူရဲ႕ ဦးစားေပးမႈကို လိုခ်င္ၾကပါတယ္။ ဒါေပမယ့္ မိန္းကေလးဘက္ကိုလည္း မငဲ့၊ ကိုယ္အဆင္ေျပရင္ၿပီးေရာ လုပ္တတ္တဲ့ေယာက်္ားမ်ိဳးက တစ္သက္လုံး လက္တြဲသြားဖို႔ မျဖစ္ႏိုင္ပါဘူး။ တစ္ကိုယ္ေကာင္းဆန္တဲ့ ေယာက်္ားမ်ိဳးက ဘယ္သူနဲ႔တြဲတြဲ အဆင္ေျပမွာလည္း မဟုတ္ပါဘူး။ အဲဒါေၾကာင့္ သူ႔ဘက္ကိုယ့္ဘက္ မွ်မွ်တတ စဥ္းစားေပးဖို႔ လိုအပ္ပါတယ္ေနာ္။

Zombie (Lovemedia)