
ယောက်ကျားတစ်ယောက် အိပ်ယာထဲ ဖျားပီးလဲနေရင် သူ့ကို ပြုစုတဲ့သူက သူ့မိန်းမပဲ ဖြစ်လိမ့်မယ်..
မိန်းမတစ်ယောက် အိပ်ယာထဲ ဖျားပီး လဲနေရင် သူ့ကိုပြုစုတဲ့သူက သူမရဲ့ အမေဖြစ်နေဖို့ များတယ်..
ယောက်ကျား လေဖြတ်သွားရင် မိန်းမက ရူးမတတ် ဖြစ်နေပီး ပြုစုလိမ့်မယ်..
မိန်းမ လေဖြတ်သွားရင် ယောက်ကျားကို မြင်တောင် မမြင်ရတော့ဘူး..
ဒါကြောင့် မိန်းမတစ်ယောက် ကျန်းမာဖို့ အရမ်း အရေးကြီးတယ်.. သိပ်လဲ ကြောက်ဖို့ကောင်းတဲ့ လက်တွေ့ ဘဝတစ်ခုပဲ..
ဆေးရုံထဲမှာ လူကြီး အဖိုးကြီးတွေကို တွန်းလှဲတွန်းပေးတာ များသောအားဖြင့် အဖွားကြီးတွေ ဖြစ်လိမ့်မယ်..
ဒါပေမဲ့ အဖွားကြီးတွေကို တွန်းလှဲတွန်းပေးတာ များသောအားဖြင့် သမီး ဒါမှမဟုတ် nurse တွေ ဖြစ်လိမ့်မယ်..
လက်တွေ့ဘဝဟာ တစ်ခါတလေ လက်မခံနိုင်ချင်စရာ ကောင်းလောက်အောင်ကို ရက်စက်လွန်းတယ်..
ဒါကြောင့် မိန်းမတစ်ယောက်..
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ..
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ..
ဒီလောကကြီးမှာ မိမိသာလျှင် တန်ဖိုး အရှိဆုံးပါ..
မိန်းမသားတစ်ယောက်ရဲ့ ရင်ဖွင့်သံ...
crd
0 Comments