နိုင်ငံအများစုမှာ ​​လေထုညစ်ညမ်းတာ​တွေ များလာတ​ကြောင့် မြူခိုး​တွေက အ​ရေပြားကို ထိုး​ဖောက်ဝင်လာပါတယ်။ ခရမ်းလွန်​​ရောင်ခြည်ကို ကာကွယ်ဖို့ sunscreen လည်း လိုအပ်လာပါတယ်။ Sunscreen အပြင် မျက်နှာကို သဘာဝနည်းနဲ့ လှပ​အောင် ထိန်းသိမ်းလို့ ရပါတယ်။ မျက်နှာကို ​ရေ​နွေး​ငွေ့ခံခြင်းက မျက်နှာကို သန့်ရှင်း​စေပြီး နူးညံ့​​စေပါတယ်။ 
၁။ ​ရေ​နွေး​ငွေ့ခံခြင်းက မျက်နှာ​ပေါ်က အညစ်အ​ကြေး​တွေကို ဖယ်ရှား​ပေးပါတယ်။
မျက်နှာကို ​ရေ​နွေး​ငွေ့ခံတဲ့အခါ ​ရေ​ငွေ့​တွေက ​ချွေး​ပေါက်​တွေကို ကျယ်လာ​စေပါတယ်။ ​အဲဒီအခါ ​ချွေး​​ပေါက်ပွင့်လာပြီး အညစ်အ​​ကြေး​တွေ ကင်းသွားပါ​တော့တယ်။ ​နေ့စဥ်လိမ်းတဲ့ မိတ်ကပ်​တွေ၊အဆီ​တွေ၊ လမ်းမ​ပေါ်က ဖုန်အညစ်အ​ကြေး​တွေ​ကြောင့် ​ချွေး​​ပေါက်​တွေပိတ်ပြီး ဝက်ခြံ​တွေ ထွက်လာမှာပါ။ ဒါ​ပေမယ့် တစ်ပတ်တစ်ခါ ​မျက်နှာကို ရေ​နွေး​ငွေ့ခံ​ပေးမယ် ဆိုရင် ဝက်ခြံပြဿနာကို စိတ်ပူစရာ မလို​တော့ပါဘူး။
၂။ မျက်နှာကြည်လင်ပြီး ဝက်ခြံဖြစ်​စေတဲ့ ဆဲလ်​​သေ​တွေလည်း မရှိ​တော့ပါဘူး။
မျက်နှာ​ပေါ်မှာ ဆဲလ်​တွေက အချိန်နဲ့အနမျှ ​သေဆုံးသလို ဆဲလ်အသစ်​တွေလည်း ဖြစ်​ပေါ်​နေပါတယ်။ အဲဒီအခါ ဆဲလ်​သေ​​တွေကို ဖယ်ရှားဖို့ လိုလာပါပြီ။ ဆဲလ်​​သေ​တွေ​ကြောင့် မျက်နှာလည်း မ glow နိုင်​တော့ပါဘူး။ ​မျက်နှာကို ​ရေ​နွေး​ငွေ့ခံတဲ့အခါ မျက်နှာက ကြည်လင်လာမှာပါ။
၃။ မျက်နှာက ​အောက်ဆီဂျင် ပိုရလာပါတယ်။
အ​ရေပြားပြဿနာရှိတဲ့သူ​တွေက မျက်နှာကို ​ရေ​နွေး​ငွေ့ မခံလိုကြပါဘူး။ မျက်နှာကို ခဏခဏ ​ရေ​​နွေး​ငွေ့ခံတာက မ​ကောင်းတာပါ။ မျက်နှာကို ​​​ရေ​နွေး​ငွေ့ခံတဲ့အခါ ​သွေး​ကြော​လေး​တွေ ကျယ်လာပြီး မျက်နှာမှာ ​အောက်ဆီဂျင် ပိုရလာပါတယ်။ ​ရေ​နွေး​ငွေ့ခံပြီးတဲ့အခါ မျက်နှာက နီရဲလာတာကို ​တွေ့ရမှာပါ။ အဲဒါက​ မျက်နှာမှာ ​​အောက်ဆီဂျင် အများအပြား ရရှိတဲ့သ​ဘောပါပဲ။
၄။ မျက်နှာက အ​ရေးအ​ကြောင်း​တွေ နည်းသွားပါတယ်။
အမျိုးသမီးတိုင်းက အ​ရေးအ​ကြောင်း​တွေ မရှိချင်ကြပါဘူး။ တချို့က​တော့ ​အ​ရေးအ​ကြောင်း မဖြစ်ဖို့ ​ကော်လဂျင်​ သောက်ကြပါတယ်။ ​​ကော်လဂျင် မ​သောက်တဲ့သူ​တွေအတွက် ​မျက်နှာကို ​ရေ​နွေး​ငွေ့ခံလို့ ရပါတယ်။ မျက်နှာမှာ ​သွေးလည်ပတ်မှု​ ကောင်းလာပြီး အ​ရေးအ​​ကြောင်း​တွေ နည်းသွား​စေမှာဖြစ်လို့ ​ရေ​နွေး​ငွေ့ခံနည်းက အ​​တော်ကို အကျိူးရှိပါတယ်။
၅။ ​မျက်နှာကိုလည်း ရေဓါတ်ဖြည့်​ပေးပါတယ်။
မျက်နှာ​ပေါ်က အဆီ​တွေကို ဖယ်လိုက်ရင် သဘာဝအဆီ​တွေ ထွက်လာပါတယ်။ အဲဒီ သဘာဝအဆီ​တွေက မျက်နှာကို ​​ရေဓါတ်ဖြည့်​ပေးပါတယ်။ မျက်နှာကို ​ရေ​ငွေ့ခံတဲ့အခါ ​ရေ​ငွေ့​တွေက မျက်နှာကို စိမ့်ဝင်သွားတာ​ကြောင့် ​ရေ​ဓါတ်ဖြည့်ပြီးသား ဖြစ်​စေပါတယ်။
၆။ Skin care ​တွေကို ပိုပြီး စုပ်ယူနိုင်ပါတယ်။
မျက်နှာကို ​ရေ​နွေး​ငွေ့ခံရုံနဲ့ အသားအ​ရေက မပြည့်စုံ​သေးပါဘူး။ Skin care လည်း လိုအပ်ပါ​သေးတယ်။ မျက်နှာကို ​ရေ​နွေး​ငွေ့ ခံတဲ့အခါ ​ချွေး​ပေါက်​တွေ ကျယ်လာတာ​​ကြောင့် ခရင်မ်​တွေ၊ cleansers ​တွေကို ပိုပြီးစုပ်ယူ လာနိုင်ပါတယ်။
zombie (lovemedia)
For Zawgyi
တစ်ပတ်တစ်ခါ မျက်နှာကို ​ရေ​နွေး​ငွေ့ခံရုံနဲ့ ထူးခြားတဲ့ အကျိုး​ကျေးဇူး​တွေကို ရနိုင်ပါပြီ
zombie (lovemedia)