ခုနောက်ပိုင်း Facebook ပေါ်မှာ မိန်းကလေးတစ်ချို့ ထင်ပေါ်ချင်လာကြတယ်။ ခုခေတ် စကားအရဆို Cele ဖြစ်ချင်လာကြတာထင်တယ်။ မြန်မာ အမျိုးသမီးလေးတွေ ဖြစ်ပြီး ဖာဆန်ဆန် စကားလုံးတွေ (Sex) ရေးတင်နေကြတယ်။ ဒီလို ရေးတင်တဲ့ Post တွေအောက်မှ တစ်ချို့အမျိုးသားများက ဝန်းရံကြတယ် (Like ပေးတယ် ပေါ့ဗျာ)။

အဲ့ဒီလိုဆို အဲလို ဖာဆန်ဆန် Post တင်တဲ့ အမျိုးသမီးက ပျော်နေတယ်။ ဒါဟာ မြန်မာအမျိုးသမီး မိန်းမပျို တစ်ယောက်အနေနဲ့ ဂုဏ်ယူရမှာမျိုး မဟုတ်ပါဘူး။ တစ်လွဲ ဆံပင်ကောင်း ဆိုသလို ဂုဏ်ယူနေကြတယ်။

ကိုယ့်သုံးတဲ့ စကားလုံးဟာ ကိုယ့်သိက္ခာ မိဘသိက္ဓာ ဘယ်လောက်ထိ ထိခိုက်မလဲဆိုတာ မတွေးကြတော့ဘဲ Cele ဖြစ်ချင်နေကြတာတော့ တကယ် စိတ်မကောင်းစရာပဲ။ ကိုယ်ဒီလို ရေးတင်လို့ ကိုယ့်ကို ဘယ်လိုတွေ ထင်ကြမလဲ ဘယ်လိုမျိုး ကိုယ့်ကိုမြင်သွားကြမလဲ ဆိုတာ အရှက်တရားရော အကြောက်တရားပါ မရှိကြတော့ဘူး…။

ကျနော်တို့က မြန်မာလိုရေးတင်တာ ဟုတ်ပေမယ့် တစ်ဖက် နိုင်ငံသားတွေထဲက မြန်မာစာရေးတတ် ဖတ်တတ်တဲ့လူတွေ မြင်တွေ့သွားရင် မြန်မာ အမျိုးသမီးတွေက ဒီလို ရေးတယ်လား ဆိုတဲ့ အတွေးမျိုးဝင်ပြီး မြန်မာအမျိုးသမီးတွေကို အထင်သေး သွားနိင်ပါတယ်။

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး မပုတ်စေပါနဲ့ဗျာ။ (ရိုင်းသွားရင် ခွင့်လွှတ်ပေးပါ) ကျနော်ကတော့ အကောင့်ထဲ ဖာဆန်ဆန်တွေ ရေးနေတာမြင်ရင် Un ပါတယ် blockပါတယ်။

Khoon Nay Thway