တစ်ကမ္ဘာလုံးမှာ ကိုဗစ် 19 ဖြစ်နေတာကြောင့် mask တပ်တာက အလွန်ကို အရေးပါတဲ့ နေ့စဉ်အလုပ်ပါပဲ။ Mask တပ်တဲ့အခါ ကြုံတွေ့ရတာ ပြဿနာတွေထဲက တစ်ခုကတော့ မျက်နှာမှာ ဝက်ခြံပေါက် လာတာပါ။ မျက်နှာတစ်ဝက်မှာ mask တပ်ထားပြီး ကျန်တဲ့တစ်ဝက်မှာတော့ ဝက်ခြံတွေ ထွက်လာပါတယ်။

Mask ကို အချိန်အတော်ကြာတပ်ပြီး အသက်ရှူရတဲ့အခါ မျက်နှာမှာ စိုထိုင်းမှု များလာပါတယ်။ အဲဒီစိုထိုင်းမှုကနေ ဝက်ခြံဖြစ်လာတယ် လို့ Dr.Saedi က ရှင်းပြပါတယ်။ ရာသီဥတုပူလာတဲ့အခါ မျက်နှာက ချွေးထွက်လာပြီး အဆီပြန်လာပါတယ်။ အဲဒီအချိန် mask ကို အချိန်ကြာမြင့်စွာ တပ်ထားရတော့ ဝက်ခြံပေါက်ဖို့ အခွင့်အရေးတွေ ပိုများလာပါတယ်။

Mask တပ်ပြီးတော့ ဝက်ခြံတွေ မပေါက်လာစေမယ့် နည်းလမ်းတွေကို lovemedia ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Maskဝယ်တဲ့အခါ

Mask ဝယ်တဲ့အခါ အသက်ကောင်းကောင်း ရှူလို့ရမယ့် mask မျိူးကိုသာ ရှာဝယ်ပါ။ ကျန်းမာရေးဌာနက ခွင့်ပြုထားတဲ့ mask ၊ သဘာဝချည်သားနဲ့ ပြုလုပ်ထားတဲ့ mask တွေကို ရွေးချယ်သင့်ပါတယ်။ ပြီးတော့ mask တပ်တဲ့အခါ အရမ်းတင်းကြပ်နေအောင် မတပ်သင့်ပါဘူး။ အခန့်မသင့်ရင် အသက်ရှူမဝ ဖြစ်တတ်ပါတယ်။

Mask ကို ပုံမှန် လဲပေးဖို့လည်း လိုအပ်ပါသေးတယ်။ Mask ကို မလဲဘဲ သုံးတဲ့အခါ၊ မလျှော်ဘဲသုံးတဲ့အခါ ဝက်ခြံတွေ ဖြစ်လာမှာပါ။ နူးညံ့တဲ့ချည်သားနဲ့ ပြုလုပ်ထားတဲ့ mask တွေက အသားအရေကို ထိခိုက်မှာလည်း မပူရတော့ပါဘူး။

၂။ မိတ်ကပ်လျှော့လိမ်းခြင်း

Mask တပ်ချိန်မှာ မိတ်ကပ်လျှော့လိမ်းတဲ့အခါ ဝက်ခြံတွေကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။ အထူးသဖြင့် ဖောင်ဒေးရှင်းနဲ့ ကွန်ဆယ်လာတို့မှာ အဆီတွေ ပါဝင်တာများပါတယ်။ Mask မတပ်ရင်တောင် မိတ်ကပ်မှာ ပါဝင်တဲ့ အဆီတွေက မွေးညင်းပေါက်တွေကို ပိတ်ပြီး ဝက်ခြံတွေ ဖြစ်လာပါတယ်။ Mask တပ်ထားတဲ့အချိန်မှာ မိတ်ကပ်နဲ့ချွေးနဲ့ရောတဲ့အခါ ဝက်ခြံတွေ ပေါက်လာတော့မှာပါ။

၃။ Skin care ပုံမှန်လုပ်ခြင်း

Moisturizers ကို ရွေးချယ်တဲ့အခါ ပျစ်တဲ့ moisturizer ကို မရွေးချယ်သင့်ပါဘူး။ Light-weight formula နဲ့ ထုတ်လုပ်ထားတဲ့ moisturizers တွေက mask တပ်ထားရင်တောင် တစ်နေကုန် အစိုဓါတ် ရရှိနေမှာပါ။ မျက်နှာကိုလည်း double cleansing လုပ်ပေးသင့်ပါတယ်။

Double cleansing ဆိုတာ Oil-based cleanser နဲ့ Water-based cleanser ၂မျိုးသုံးပြီး Cleansing လုပ်ခြင်းပါ။ ပုံမှန်သစ်နေကျ မျက်နှာသစ်ဆေးနဲ့ မျက်နှာ ၂ ခါ သစ်လိုက်တာက Double cleansing မခေါ်ပါဘူး။ ဘာလို့ Oil-based ရော Water-based ရော သုံးသင့်လဲဆိုရင် မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေဟာ မတူကြလို့ပါ။

ချွေး၊ ဘတ်တီးရီးယား၊ ဆဲလ်သေတွေဟာ Water-based cleanser နဲ့ သစ်လို့ ပြောင်နိုင်ပေမယ့် sebum, pollutants, မိတ်ကပ်နဲ့sunscreen တွေကတော့ Oil-based cleanser အမျိုးအစားနဲ့သစ်မှ အဆီတွေအားလုံး ပျော်ဝင်ပြီး ချွေးပေါက်ထဲက ရှင်းထွက်သွားစေတာပါ။ သစ်တဲ့အခါ Oil-based cleanser နဲ့ ပထမ အရင်သစ်ပြီးမှ Water-based cleanser နဲ့ သေချာပြောင်အောင် ထပ်သစ်ပေးရမှာပါ။

ယောကျာ်းလေးတွေက မိတ်ကပ် မသုံးလို့ Oil-based cleanser သုံးစရာလိုရဲ့လား ဆိုရင်.. အဆီပြန်လွန်းရင်တော့ ထည့်သုံးသင့်ပါတယ်။ အဲဒါဆိုရင်တော့ Mask တပ်ထားလည်း ဝက်ခြံအတွက် စိတ်မပူရတော့ပါဘူးနော်။

Zombie (Lovemedia)

For Zawgyi

Mask တပ္ရသူေတြအတြက္ ဝက္ၿခံမေပါက္ေအာင္ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား

တစ္ကမာၻလုံးမွာ ကိုဗစ္ 19 ျဖစ္ေနတာေၾကာင့္ mask တပ္တာက အလြန္ကို အေရးပါတဲ့ ေန႔စဥ္အလုပ္ပါပဲ။ Mask တပ္တဲ့အခါ ႀကဳံေတြ႕ရတာ ျပႆနာေတြထဲက တစ္ခုကေတာ့ မ်က္ႏွာမွာ ဝက္ၿခံေပါက္ လာတာပါ။ မ်က္ႏွာတစ္ဝက္မွာ mask တပ္ထားၿပီး က်န္တဲ့တစ္ဝက္မွာေတာ့ ဝက္ၿခံေတြ ထြက္လာပါတယ္။

Mask ကို အခ်ိန္အေတာ္ၾကာတပ္ၿပီး အသက္ရႉရတဲ့အခါ မ်က္ႏွာမွာ စိုထိုင္းမႈ မ်ားလာပါတယ္။ အဲဒီစိုထိုင္းမႈကေန ဝက္ၿခံျဖစ္လာတယ္ လို႔ Dr.Saedi က ရွင္းျပပါတယ္။ ရာသီဥတုပူလာတဲ့အခါ မ်က္ႏွာက ေခြၽးထြက္လာၿပီး အဆီျပန္လာပါတယ္။ အဲဒီအခ်ိန္ mask ကို အခ်ိန္ၾကာျမင့္စြာ တပ္ထားရေတာ့ ဝက္ၿခံေပါက္ဖို႔ အခြင့္အေရးေတြ ပိုမ်ားလာပါတယ္။

Mask တပ္ၿပီးေတာ့ ဝက္ၿခံေတြ မေပါက္လာေစမယ့္ နည္းလမ္းေတြကို lovemedia ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ Maskဝယ္တဲ့အခါ

Mask ဝယ္တဲ့အခါ အသက္ေကာင္းေကာင္း ရႉလို႔ရမယ့္ mask မ်ိဴးကိုသာ ရွာဝယ္ပါ။ က်န္းမာေရးဌာနက ခြင့္ျပဳထားတဲ့ mask ၊ သဘာဝခ်ည္သားနဲ႔ ျပဳလုပ္ထားတဲ့ mask ေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။ ၿပီးေတာ့ mask တပ္တဲ့အခါ အရမ္းတင္းၾကပ္ေနေအာင္ မတပ္သင့္ပါဘူး။ အခန႔္မသင့္ရင္ အသက္ရႉမဝ ျဖစ္တတ္ပါတယ္။

Mask ကို ပုံမွန္ လဲေပးဖို႔လည္း လိုအပ္ပါေသးတယ္။ Mask ကို မလဲဘဲ သုံးတဲ့အခါ၊ မေလွ်ာ္ဘဲသုံးတဲ့အခါ ဝက္ၿခံေတြ ျဖစ္လာမွာပါ။ ႏူးညံ့တဲ့ခ်ည္သားနဲ႔ ျပဳလုပ္ထားတဲ့ mask ေတြက အသားအေရကို ထိခိုက္မွာလည္း မပူရေတာ့ပါဘူး။

၂။ မိတ္ကပ္ေလွ်ာ့လိမ္းျခင္း

Mask တပ္ခ်ိန္မွာ မိတ္ကပ္ေလွ်ာ့လိမ္းတဲ့အခါ ဝက္ၿခံေတြကို ကာကြယ္ၿပီးသားလည္း ျဖစ္ေစပါတယ္။ အထူးသျဖင့္ ေဖာင္ေဒးရွင္းနဲ႔ ကြန္ဆယ္လာတို႔မွာ အဆီေတြ ပါဝင္တာမ်ားပါတယ္။ Mask မတပ္ရင္ေတာင္ မိတ္ကပ္မွာ ပါဝင္တဲ့ အဆီေတြက ေမြးညင္းေပါက္ေတြကို ပိတ္ၿပီး ဝက္ၿခံေတြ ျဖစ္လာပါတယ္။ Mask တပ္ထားတဲ့အခ်ိန္မွာ မိတ္ကပ္နဲ႔ေခြၽးနဲ႔ေရာတဲ့အခါ ဝက္ၿခံေတြ ေပါက္လာေတာ့မွာပါ။

၃။ Skin care ပုံမွန္လုပ္ျခင္း

Moisturizers ကို ေ႐ြးခ်ယ္တဲ့အခါ ပ်စ္တဲ့ moisturizer ကို မေ႐ြးခ်ယ္သင့္ပါဘူး။ Light-weight formula နဲ႔ ထုတ္လုပ္ထားတဲ့ moisturizers ေတြက mask တပ္ထားရင္ေတာင္ တစ္ေနကုန္ အစိုဓါတ္ ရရွိေနမွာပါ။ မ်က္ႏွာကိုလည္း double cleansing လုပ္ေပးသင့္ပါတယ္။

Double cleansing ဆိုတာ Oil-based cleanser နဲ႔ Water-based cleanser ၂မ်ိဳးသုံးၿပီး Cleansing လုပ္ျခင္းပါ။ ပုံမွန္သစ္ေနက် မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာ ၂ ခါ သစ္လိုက္တာက Double cleansing မေခၚပါဘူး။ ဘာလို႔ Oil-based ေရာ Water-based ေရာ သုံးသင့္လဲဆိုရင္ မ်က္ႏွာမွာရွိတဲ့ အညစ္အေၾကးေတြဟာ မတူၾကလို႔ပါ။

ေခြၽး၊ ဘတ္တီးရီးယား၊ ဆဲလ္ေသေတြဟာ Water-based cleanser နဲ႔ သစ္လို႔ ေျပာင္ႏိုင္ေပမယ့္ sebum, pollutants, မိတ္ကပ္နဲ႔sunscreen ေတြကေတာ့ Oil-based cleanser အမ်ိဳးအစားနဲ႔သစ္မွ အဆီေတြအားလုံး ေပ်ာ္ဝင္ၿပီး ေခြၽးေပါက္ထဲက ရွင္းထြက္သြားေစတာပါ။ သစ္တဲ့အခါ Oil-based cleanser နဲ႔ ပထမ အရင္သစ္ၿပီးမွ Water-based cleanser နဲ႔ ေသခ်ာေျပာင္ေအာင္ ထပ္သစ္ေပးရမွာပါ။ 

ေယာက်ာ္းေလးေတြက မိတ္ကပ္ မသုံးလို႔ Oil-based cleanser သုံးစရာလိုရဲ႕လား ဆိုရင္.. အဆီျပန္လြန္းရင္ေတာ့ ထည့္သုံးသင့္ပါတယ္။ အဲဒါဆိုရင္ေတာ့ Mask တပ္ထားလည္း ဝက္ၿခံအတြက္ စိတ္မပူရေတာ့ပါဘူးေနာ္။

Zombie (Lovemedia)