Ex ဆိုတဲ့ အသံကြားတာနဲ့ တချို့က အရမ်းမုန်းကြသလို တချို့ကလည်း အရမ်း လွမ်းကြပါတယ်။ လမ်းခွဲပြီ ဆိုတာနဲ့ ex နဲ့ပတ်သက်တဲ့အရာရာ မှန်သမျှကို မျက်စိရှေ့ကနေ ပျောက်ကွယ်သွားအောင် လုပ်တဲ့သူတွေ များပါတယ်။ သင်ရဲ့ Exဓါတ်ပုံကို အခုထိ သိမ်းထားသေးပါသလား။ သိမ်းထားတယ် ဆိုရင်တော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်လို့ ရပါပြီ။
သြဂုတ်လ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံက လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မှာတော့ ထူးထူးခြားခြား ပြိုင်ပွဲလေးတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အင်ဒိုးနီးရှားနိုင်ငံ၊ Jawa Tengah ပြည်နယ်၊ Magelang မြို့နယ်ထဲက ရွာသားတွေက ပုံမှန်လုပ်နေကျ မျိုးချစ်စိတ်တွေ ဖြစ်ပေါ်စေတဲ့ ပြိုင်ပွဲအစား လူငယ်တွေ စိတ်ဝင်စားစေတဲ့ ပြိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ပြိုင်ပွဲမှာတော့ ကိုယ့်ရဲ့ရည်းစားဟောင်းရဲ့ဓါတ်ပုံကို အကြာကြီး ကြည့်ရမှာပါ။ အကြာဆုံး ကြည့်နိုင်သူကတော့ ပြိုင်ပွဲမှာ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ဖျော်ဖြေမှု သက်သက်ပဲ ဖြစ်တယ်လို့ ပွဲစီစဥ်သူက ပြောပါတယ်။ Covid 19ကြောင့် ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတွေ ပြုလုပ်လို့ မရပါဘူး။ အဲဒါကြောင့် အားလုံးကို ပျော်စေချင်လို့ပါ လို့ သူက ပြောပါတယ်။

ပြိုင်ပွဲဝင်တွေကတော့ သူ့ရဲ့ သူငယ်ချင်းတွေပါပဲ။ ပြိုင်ပွဲ ကျင်းပနေတဲ့နေရာကတော့ အိမ်မှာပါ။ ဒါပေမယ့် လာကြည့်တဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ နောက်ဆုံးမှာတော့ ex ရဲ့ပုံကို အကြာဆုံး ကြည့်နိုင်သူကို ဆုပေးခဲ့တဲ့ အကြောင်း ရေးသားထားပါတယ်။ သင်လည်း ex ကို လွမ်းနေတယ် ဆိုရင် သူ့ဓါတ်ပုံကို မြန်မြန်သာ ကြည့်လိုက်ပါတော့နော်။
zombie (Lovemedia)
For Zawgyi
EXရဲ့ ဓါတ်ပုံကို အချိန်အကြာဆုံးကြည့်နိုင်ရင် ဆုရမယ့်ပြိုင်ပွဲ
zombie (Lovemedia)
0 Comments