ရက်လွန်အစားအစာတွေကို စားသောက်တာက အလွန်ကို အန္တရာယ် များပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေက နှစ်ပေါင်းများစွာ များစွာ ကြာအောင်ထားပြီးမှ စားရင်တောင် ဘာမှအန္တရာယ် မဖြစ်ပါဘူးနော်။

၁၀။ ဆန်

ဆန်ကို သိုလှောင်ထားဖို့ အကောင်းဆုံးအပူချိန်ကတော့ ၄.၅'C ဖြစ်ပါတယ်။ ဆန်ကို ပလက်စတစ်ပုံး သို့မဟုတ် ဖန်ဘူးတွေထဲ ထည့်သိမ်းထားတာ ပိုကောင်းပါတယ်။ လေ့လာချက်တွေအရ ပြုတ်ဆန်နဲ့ ဆန်ချောကို နှစ်ပေါင်း ၃၀ကြာ သိမ်းထားရင်တောင် အာဟာရဓါတ်တွေ မဆုံးရှုံးသွားဘူးလို့ ပြောပါတယ်။

၉။ နို့မှုန့်

ကျန်းမာရေးနဲ့ သင့်တော်တဲ့ ထောက်ခံချက်တွေရှိတဲ့ နို့မှုန့်တွေကို လေလုံတဲ့ဘူးထဲမှာ သိမ်းထားရင် နှစ်ပေါင်းများစွာကြာအောင် သုံးလို့ရပါတယ်။

၈။ပဲငံပြာရည်အနောက်

ဘူးကို သေသေချာချာ ပိတ်ထားရင် ၃ နှစ်အထိ ထားနိုင်ပါတယ်။ ဒါပေမယ့် ပဲငံပြာရည်ရဲ့ အရည်အသွေး၊ သိမ်းထားတဲ့အခန်းရဲ့ အပူချိန်တို့အပေါ်လည်း မူတည်ပါသေးတယ်။

၇။ မေပယ်သကာ

မန်ဆာချူးဆက်မေပယ် ထုတ်လုပ်သူများအသင်းရဲ့ အဆိုအရ ဘူးအဖုံး မဖွင့်ရသေးတဲ့ မေကယ်သကာကို အချိန်အကန့်အသတ်မရှိ သိမ်းထားလို့ ရပါတယ်။ ဘူးအဖုံးကို ဖွင့်လိုက်တယ် ဆိုရင်တောင် ရေခဲသေ တ္တာထဲမှ သိမ်းထားရင် နှစ်ပေါင်းများစွာ သုံးလို့ရပါတယ်။

၆။ ပဲကတ္တီပါအခြောက်

ပဲကတ္တီပါခြောက်ကို နှစ်ပေါင်း ၃၀ကြာ သိမ်းထားရင် ပုံသဏ္ဍာန်တော့ ပြောင်းရင် ပြောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် အရေးပေါ် အခြေအနေမှာ သုံးလို့ရသေးတယ် လို့ Brigham Young University က သုတေသီတွေက ပြောပါတယ်။ တခြားပဲတွေကို နှစ်ပေါင်း ၃၀ကြာအောင် သိမ်းထားရင်လည်း အသုံးပြုလို့ ရပါသေးတယ်။

၅။ ဆား

ဆားက တကယ်တော့ သတ္ထုဓါတ် ပါဝင်တဲ့အရာပါ။ အဲဒါကြောင့် ပုပ်သိုးသွားဖို့ မဖြစ်နိုင်ပါဘူး။ ဆားက ရေကို လျင်လျင်မြန်မြန် စုပ်ယူနိုင်ပါတယ်။ ဒါပေမယ့်  ဆားက ဆားအဖြစ် အမြဲကျန်ရစ်ပါတယ်။ ဒါပေမယ့် အိုင်အိုဒင်းဆားက တစ်နှစ်ပဲ သက်တမ်း ရှိပါတယ်။ စားပွဲတင်ဆားကိုတော့ အချိန်ကြာကြာ သိမ်းထားနိုင်ပါတယ်။

၄။ အရက်အပြင်းစားများ

ဗော့ဒ်ကာ၊ ဝီစကီ၊ ရမ်၊ ကော့ညက်တို့မှာ expiration date မရှိပါဘူး။ အေးပြီး အလင်းရောင် မရတဲ့နေရာမှာ အလုံပိတ်ပုလင်းတွေနဲ့ ပိတ်ထားဖို့ပဲ လိုတာပါ။

၃။ ရှာလကာရည်

အဖြူရောင်ရှာလကာရည်မှာလည်း expiration date မရှိပါဘူး။ ဒါပေမယ့် သင့်တော်တဲ့ အပူချိန်မှာ သေသေချာချာ သိမ်းထားဖို့တော့ လိုပါတယ်။ ရှာလကာရည်ကို အချိန်ကြာကြာ သိမ်းထားချင်ရင်တော့ အေးပြီးအလင်းရောင် မရတဲ့နေရာမှာ သိမ်းထားလို့ ရပါတယ်။

၂။ သကြား

သကြားကို လေလုံတဲ့ဘူးထဲမှာ သိမ်းထားတဲ့အခါ အချိန်အကန့်အသတ်မရှိ အသုံးပြုလို့ရပါတယ်။ သကြားက ရေတွေကို စုပ်ယူပြီး ခဲသွားရင်တောင် အာနိသင်က ပျောက်မသွားပါဘူး။

၁။ပျားရည်

ပျားရည်ကိုလည်း နှစ်ပေါင်းများစွာ သိမ်းထားလို့ရပါတယ်။ ပျားရည်ထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်နိုင်ဖို့ အလွန့်အလွန်ကို ခက်ခဲပါတယ်။

Zombie(LoveMedia)