ဘဝမှာ မထင်မှတ်ထားတဲ့ တွန်းအားတွေကလည်း ကိုယ့်ကိုအောင်မြင်စေ ပါတယ်။ Twitter အသုံးပြုသူ အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ ဘဝအကြောင်းကို Twitter မှာ ဖော်ပြခဲ့ပါတယ်။ Romiza ရိုမီဇာဟာ အထက်တန်းကျောင်းကတည်းက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။

အစပိုင်းမှာတော့ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း အဆင်ပြေခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ SPM ကနေ ကျောင်းပြီးခဲ့ကြပြီး ရိုမီဇာက 6As နဲ့ သူမရဲ့ချစ်သူက 4As ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရိုမီဇာအပေါ်  သူမရဲ့ချစ်သူက ဖောက်ပြန်ပြီး တခြားမိန်းကလေးနဲ့ တွဲပါတယ်။ ဒါပေမယ့် အဲဒီ မိန်းကလေးကလည်း တခြားတစ်ယောက်နဲ့ လက်ထပ်သွားပါတယ်။

ရိုမီဇာက သူတို့နှစ်ယောက် မပြတ်စဲဖို့အတွက် ကောင်လေးရဲ့မိဘတွေနဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရိုမီဇာက ကောင်လေးရဲ့အမေနဲ့ အဆင်ပြေသလို ရှိပေမယ့် ကောင်လေးရဲ့အစ်မက ရိုမီဇာကို သဘောမကျလှပါဘူး။ ကောင်လေးရဲ့အစ်မက ရိုမီဇာကို ဆင်းရဲလို့ သူတို့နဲ့ အဆင့်အတန်း မတူဘူးလို့ ပြောပါတယ်။

ရိုမီဇာရဲ့ မိဘတွေက လမ်းဘေးမှာ ဈေးရောင်းကြပါတယ်။ ရိုမီဇာက အဲဒီလို ရင့်ရင့်သီးသီး အပြောခံရပေမယ့် သူ့ချစ်သူနဲ့ ဆက်တွဲတုန်းပါပဲ။ ဆက်တွဲပေမယ့် သူတို့နှစ်ယောက်ရဲ့ အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။ ရိုမီဇာက အဲဒီအချိန်မှာ ကျောင်းတက်နေပေမယ့် သူမရဲ့ချစ်သူက သူမဆီကနေ ပိုက်ဆံတွေ ချေးပါတယ်။

သူမရဲ့ချစ်သူက အဲဒီပိုက်ဆံတွေကိုချေးပြီး တခြား ကောင်မလေးနဲ့ ခရီးတွေ ထွက်လိုက်ပါသေးတယ်။ အဲဒါကြောင့် ရိုမီဇာက သူ့ကိုလမ်းခွဲလိုက်ပြီး သူ့ဘဝအတွက် ကြိုးစားခဲ့ပါတယ်။ ငါးနှစ်လုံး ရည်းစားမထားတော့ဘဲ ကြိုးကြိုးစားစား အလုပ်လုပ်လိုက်တဲ့အခါ အိမ်တစ်လုံး၊ မလေးရှားရင်းဂစ် ၂၃၃၈၈၈ တန်တဲ့ Brand new Mercedes-Benz CLA AMG ကားတစ်စီးကို ဝယ်နိုင်သွားပါတယ်။

ဒါ့အပြင် ပုံတွေထဲမှာဆိုရင် တန်ဖိုးကြီးတဲ့ brand အိတ်တွေကိုပါ တွေ့ရမှာပါ။ ရိုမီဇာက အခုဆိုရင် အောင်မြင်တဲ့ ဘဏ္ဍာရေး အကြံပေးတစ်ယောက် ဖြစ်နေပါပြီ။ ရိုမီဇာက တခြားသူတွေကို ကိုယ့်ဘဝကိုယ် အားမငယ်ဘဲ ပန်းတိုင်ကို ရောက်အောင် ကြိုးစားဖို့ အားပေးထားပါတယ်။

Zombie(LoveMedia)

Source-Worldofbuzz