သင်က လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ဘဲ ကိုယ်အလေးချိန် လျော့ချချင်တယ် ဆိုရင် ၂၁ ရက် လမ်းလျှောက် plan ကို ကြိုးစားကြည့်သင့်ပါတယ်။ လမ်းလျှောက်ခြင်းက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေး ကိုလည်း အလွန်အထောက်အကူပြုပါတယ်။

Week 1

Day 1 - မနက်မှာ ၅ မိနစ်ကြာ၊ ညနေမှာ ၅ မိနစ်ကြာ လမ်းလျှောက်ပါ။

Day 2 - မနက်မှာ ၇ မိနစ်ကြာ၊ ညနေမှာ ၇ မိနစ်ကြာ လမ်းလျှောက်ပါ။

Day 3 - ၃ ရက်မြောက်နေ့မှာတော့ မနက်ကို ၉ မိနစ်ကြာ၊ ညနေပိုင်းမှာ ၉ မိနစ်ကြာ လမ်းလျှောက်ရမှာပါ။

Day 4 - လေးရက်မြောက်နေ့မှာ တစ်နေ့ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို ၁၀ မိနစ်ကြာ လမ်းလျှောက်ပေးရမှာပါ။

Day 5 - မနက်မှာ ၁၂ မိနစ်ကြာ၊ ညနေမှာ ၁၂ မိနစ်ကြာ လမ်းလျှောက်ပါ။

Day 6 - လမ်းလျှောက်လာတာ တစ်ပတ်ပြည့်ခါနီးပြီ ဆိုတော့ မနက်ကို ၁၅ မိနစ်၊ ညနေကို ၁၅ မိနစ်ကြာ လျှောက်ရမှာ ဖြစ်ပါတယ်။

Day 7 - လမ်းလျှောက်တာ တစ်ပတ်ပြည့်ပြီ ဆိုတော့ မနက်မှာ ၁၈ မိနစ်၊ ညနေမှာ ၁၈ မိနစ်လမ်းလျှောက်ရမှာပါ။ Week 2 ကို ဆက်သွားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။

Week 2

Day 8 - လမ်းလျှောက်စ ပထမ ၂ မိနစ်ကို ပုံမှန်လျှောက်ပြီး ၁၀ မိနစ်ကို ခပ်မြန်မြန်၊ နောက်ဆုံး ၂ မိနစ်ကို ပုံမှန်ပြန်လျှောက်ရမှာပါ။

Day 9 - ၉ ရက်မြောက်နေ့မှာ မိနစ်၂၀ ကြာ ခပ်သွက်သွက် လမ်းလျှောက်ရမှာပါ။

Day 10 - လမ်းလျှောက်စ ပထမ ၅ မိနစ်ကို ပုံမှန်လျှောက်ပြီး ၁၂ မိနစ်ကို ခပ်မြန်မြန်၊ နောက်ဆုံး ၅ မိနစ်ကို ပုံမှန်ပြန်လျှောက်ရမှာပါ။

Day 11 - ၁၀ ရက်မြောက်နေ့မှာ ၁၀မိနစ်ကြာ ခပ်သွက်သွက် လမ်းလျှောက်ပါ။

Day 12 - ပထမ ၅ မိနစ်ကို ပုံမှန်လျှောက်ပြီး ၁၅ မိနစ်ကို ခပ်မြန်မြန်လျှောက်ပါ။ နောက်ဆုံး ၅ မိနစ်ကို ပုံမှန်ပြန်လျှောက်ရမှာပါ။

Day 13 - ရှေ့က ရက်တွေ လိုပါပဲ။ ၁၃ ရက်မြောက်နေ့မှာတော့ မိနစ် ၂၀ ကြာ ပုံမှန်လမ်းလျှောက်ရမှာပါ။

Day 14 - လမ်းလျှောက်လာတာ နှစ်ပတ်ပြည့်ခါသွားပါပြီ။  ပထမ ၅ မိနစ်ကို ပုံမှန်လျှောက်ပြီး ၁၈ မိနစ်ကို ခပ်သွက်သွက်လမ်းလျှောက်ပါ။ နောက်ဆုံး ၅ မိနစ်ကို ပုံမှန်ပြန်လျှောက်ရမှာပါ။

Week 3

Day 15 - လမ်းလျှောက်လာခဲ့တာဟာ တတိယပတ်ကို ရောက်လာပါပြီ။ လှေကားကို ဆင်းလိုက်၊ တက်လိုက် ၁၀မိနစ်ကြာ လုပ်ပါ။ ၂ မိနစ်ကိုတော့ ပုံမှန်ပဲ လမ်းလျှောက်ပါ။

Day 16 - Week 2 တုန်းကလို မိနစ်၂၀ ကြာ ပုံမှန်အတိုင်းလမ်းလျှောက်ရမှပါ။

Day 17 - လှေကားပေါ်ကို ဆင်းလိုက်၊ တက်လိုက် ၁၂မိနစ်ကြာ လုပ်ပြီး ကျန်တဲ့ ၂မိနစ်ကို ပုံမှန်အတိုင်းပဲ လမ်းလျှောက်ပါ။

Day 18 - ဒီနေ့ကတော့ တခြားရက်တွေနဲ့ မတူတော့ပါဘူး။ ၂၅မိနစ်ကြာ လမ်းလျှောက်ရမှာဖြစ်ပြီး ထိုင်ထ ၂၅ ကြိမ် ပြုလုပ်ရမှာပါ။

Day 19 - မိနစ် ၂၀ကြာ လှေကားကို ဆင်းလိုက်တက်လိုက်လုပ်ပြီး ၃မိနစ်ကို ပုံမှန်နှုန်းနဲ့ လမ်းလျှောက်ပါ။

Day 20 - ၂၅ မိနစ်ကြာ လမ်းလျှောက်ပါ။

Day 21 - ဒီနေ့ကတော့ လမ်းလျှောက်လာတာ နောက်ဆုံးနေ့ပါပဲ။ မိနစ် ၂၀ကြာ မြန်မြန်လမ်းလျှောက်ပြီး ၃ မိနစ်ကြာ ပုံမှန်အတိုင်း လမ်းလျှောက်ပါ။

လမ်းလျှောက်တာက အသက်အရွယ်မရွေး သင့်တော်တဲ့ လေ့ကျင့်ခန်းပါပဲ။ တစ်နေ့ကို မိနစ် ၂၀ ကြာ လမ်းလျှောက်ပေးရင် တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ပေါင် ကျပါတယ်။

Zombie (Love Media)