၁။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုဘူး

တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ သင့်ကို ပစ်ထားလေလေပါပဲ ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက် နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ ။

၂။ လူ့ခွစာများကို ဝေးဝေးရှောင်ပါ

တစ်ချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ် ပြောနေတတ်တယ်။ ဘုဂလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိ ရှိသလို မဆင်မခြင် စကားပြောတတ်တယ်။ ဒီလို အဆိုးမြင်ဝါဒ ရှိသူများကို ရှောင်ရှားပါ ။ အဆိုးမြင်စိတ် ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲ သင်ယူလေ့လာနေပါ

ပညာလို အိုသည်မရှိ ဆိုသလို ဘယ်အတတ်ပညာမဆို သင်ကြားဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ ငါငယ်သေးလို့ မလိုသေးဘူးဆိုပြီး မတွေးပါနဲ့ ။

၄ ။ အတိတ်က အဖြစ်အပျက်တွေ

အတိတ်အကြောင်းတွေကို အရမ်းမတွေးပါနဲ့ အတိတ်မှာ အမှတ်ရစရာများကြီး ရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ ။နောက်ထပ်ဖြစ်လာမယ့် အတိတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ

ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိပါ ။ ကိုယ့်ကိုယ်ကို အမြဲတမ်း တိုးတက်အောင် ကြိုးစားနေသင့်ပြီး စိတ်ကောင်းကောင်းထားပါ ။

၆။ ထင်ချင်သလို ထင်ကြပါစေ

လူအမျိုးမျိုး စိတ်အထွေးထွေး ရှိတယ် ဆိုသလိုပဲ လူတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတာတွေ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး ။ ကိုယ်အကြောင်းနဲ့ ကိုယ်ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့ အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ သင်အရေးစိုက် မနေပါနဲ့ ရှင် ။

လောကသစ္စာ

ဒေါက်တာဟေမာမွှေး

For Zawgyi

သင့္ေခါင္းထဲက ထုတ္ပစ္သင့္တဲ့အရာ( ၆ ) ခု

၁။ သင့္ကို ဂ႐ုမစိုက္တဲ့သူေတြကို သင္ဂ႐ုစိုက္စရာ မလိုဘူး

တခ်ိဳ႕လူေတြက သူတို႔ကို ဂ႐ုစိုက္ေလေလ သင့္ကို ပစ္ထားေလေလပါပဲ ။ ဒီေတာ့ သူတို႔ကို လိုက္ဂ႐ုစိုက္ ေနမွာထက္ ကိုယ့္ကိုယ္ကို ပိုဂ႐ုစိုက္ပါ ။

၂။ လူ႔ခြစာမ်ားကို ေဝးေဝးေရွာင္ပါ

တစ္ခ်ိဳ႕လူေတြက အျခားသူ ဘာလုပ္လုပ္ အၿမဲအျပစ္ ေျပာေနတတ္တယ္။ ဘုဂလန႔္ တိုက္တတ္တယ္။ ဂ်စ္ကန္ကန္နဲ႔ စိတ္ထဲရွိ ရွိသလို မဆင္မျခင္ စကားေျပာတတ္တယ္။ ဒီလို အဆိုးျမင္ဝါဒ ရွိသူမ်ားကို ေရွာင္ရွားပါ ။ အဆိုးျမင္စိတ္ ဓာတ္က သင့္ကိုပါ ကူးစက္လာေစႏိုင္လို႔ပါ။

၃။ တစ္ခုခုကို အၿမဲ သင္ယူေလ့လာေနပါ

ပညာလို အိုသည္မရွိ ဆိုသလို ဘယ္အတတ္ပညာမဆို သင္ၾကားဖို႔ ဝန္မေလးပါနဲ႔။ ငါ့ အသက္အ႐ြယ္ႀကီးနဲ႔ မသင့္ေတာ္ပါဘူးေလ ငါငယ္ေသးလို႔ မလိုေသးဘူးဆိုၿပီး မေတြးပါနဲ႔ ။

၄ ။ အတိတ္က အျဖစ္အပ်က္ေတြ

အတိတ္အေၾကာင္းေတြကို အရမ္းမေတြးပါနဲ႔ အတိတ္မွာ အမွတ္ရစရာမ်ားႀကီး ရွိခဲ့မွာပါ။ ဒါေပမဲ့ အတိတ္ဆိုတာ အခ်ိန္တစ္ခုမွာ ၿပီးသြားခဲ့ၿပီးသား အျဖစ္အပ်က္ေတြပါ ။ေနာက္ထပ္ျဖစ္လာမယ့္ အတိတ္ေတြကို လွပေနေစဖို႔သာ ႀကိဳးစားပါ ။

၅။ ကိုယ့္ကိုယ္ကို တန္ဖိုးထားပါ

ကိုယ္က်င့္တရားေကာင္းတဲ့သူက ေလာကမွာ တန္ဖိုးအရွိပါ ။ ကိုယ့္ကိုယ္ကို အၿမဲတမ္း တိုးတက္ေအာင္ ႀကိဳးစားေနသင့္ၿပီး စိတ္ေကာင္းေကာင္းထားပါ ။

၆။ ထင္ခ်င္သလို ထင္ၾကပါေစ

လူအမ်ိဳးမ်ိဳး စိတ္အေထြးေထြး ရွိတယ္ ဆိုသလိုပဲ လူတစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားတာေတြ ခံယူခ်က္ေတြနဲ႔ အျမင္ေတြ မတူညီၾကပါဘူး ။ ကိုယ္အေၾကာင္းနဲ႔ ကိုယ္ရွိၾကတာမို႔ ကိုယ္မွန္တယ္လို႔ ယုံၾကည္တဲ့ အရာကို ရဲရဲသာလုပ္ပါ။ အျခားလူေတြ ဘယ္လိုထင္သလဲဆိုတာ သင္အေရးစိုက္ မေနပါနဲ႔ ရွင္ ။

ေလာကသစၥာ

ေဒါက္တာေဟမာေမႊး