အိမ်အတွင်းပိုင်းကို နေချင့်စဖွယ် နိဗ္ဗာန်ဘုံလေးအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အရေးပေါ်ထွက်ပေါက်ကနေ လျှို့ဝှက်အခန်းထိ ဖန်တီးနိုင်သလို အိမ်နောက်ဖေး ကွက်လပ်လေးကိုလည်း သာသာယာယာ ကမ်းခြေအဖြစ် ပြောင်းလဲလို့ ရပါတယ်။
ဘယ်သူမဆို ကိုယ့်ရဲ့အိမ်လေးကို ရုပ်ရှင်ထဲကရှုခင်းတွေ၊ အိပ်မက်ထဲကနေရာတွေနဲ့ တူချင်ကြမှာပါ။ စိတ်ကူးလှလှလေးတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ မတည်ဆောက်တဲ့အိမ်က ပျော်ရွှင်ဖွယ်အိမ်လေး မဖြစ်နိုင်ပါဘူး။ အခုဖော်ပြမယ့် ဒီဇိုင်းလေးတွေအတိုင်း ဖန်တီးလိုက်ရင် အိမ်လေးမှာ အသုံးမဝင်တဲ့ နေရာလွတ်တောင် ကျန်မှာ မဟုတ်ပါဘူးနော်။
1. သင်စိတ်ကူးယဉ်သမျှက တကယ် ဖြစ်လာနိုင်ပါတယ်။ လှေကားရဲ့ဘေးမှာ ကြိုးပုခက်လေး တပ်ဆင်ထားနိုင်ပါတယ်။
2. မျက်နှာကျက် စာကြည့်တိုက် ပါဝင်တဲ့ သီးသန့်နေရာလေးက ရုံးခန်းနဲ့တောင် တူနေဦးမှာပါ။
3. အိမ်နောက်ဖေး ကွက်လပ်လေးကိုလည်း သာသာယာယာ ကမ်းခြေလေးဖြစ်အောင် ဖန်တီးလိုရပါတယ်။
4. လှေကားကို အလှမွေးငါးကန်နဲ့အလှဆင်ခြင်းဟာ စိတ်ဝင်စရာကောင်းတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးလေးပါ။
5. နံရံကို လှပသေသပ်စွာ ဆေးသုတ်ထားတာကလည်း ဆွဲဆောင်မှု ရှိပါတယ်။
6. လှေကားအောက်က နေရာလွတ်လေးကိုလည်း ခွေးလေးတွေအတွက် အထူးအိမ်လေးအဖြစ် ဖန်တီးနိုင်ပါတယ်။
7. လျှို့ဝှက်ထွက်ပေါက်ကနေလည်း လျှို့ဝှက်အခန်းလေးဆီကို ခေါ်ဆောင်ပေးဦးမှာပါ။
8. လှလှပပ တည်ဆောက်ထားတဲ့ S ပုံစံ ရေနွေးငွေ့အခန်းထဲမှာ လဲလျောင်းအနားယူလို့ ရပါတယ်။ ရေချိုးလို့လည်း ရပါတယ်။
9. ရေချိုးခန်းထဲကို ဝင်ဝင်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားမယ့် ဒီဇိုင်းလေးနော်။
10. မီးလင်းဖိုကိုလည်း လှလှပပ အလှဆင်နိုင်ပါတယ်။
11. ပရစ်ဇမ်တုံးတွေရဲ့ သက်တံရောင်စဉ်တွေက ဧည့်ခန်းထဲက ကော်ဖီစားပွဲကို လင်းလက်တောက်ပ စေမှာပါ။
12. သင်ဟာ စကိတ်ဘုတ်တွေကို သဘောကျတတ်သူ ဆိုရင် ဒီစကိတ်ဘုတ် အခန်းလေးက သင့်အတွက်ပါ။
13. စက်ဘီးအဟောင်းလေးကလည်း မျက်နှာသစ် ကန်အသစ်လေး ဖြစ်သွားမှာပါ။
14. ပုန်းလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်တဲ့ လှေကားအောက်က နေရာလေးမှာ ပစ္စည်းလေးတွေကို သိမ်းထားနိုင်ပါတယ်။
15. အခန်းထောင့်လေးကို နွေးနွေးထွေးထွေးနဲ့ ပုံပြင်တွေဖတ်လို့ ကောင်းမယ့်နေရာအဖြစ် ပြောင်းလဲလိုက်ပါ။ ကလေးတိုင်း သဘောကျမှာတော့ အသေအချာပါပဲ။
16. သင့်အခန်းရဲ့ ကြမ်းပြင်ကိုလည်း ထင်ယောင်ထင်မှားဖြစ်သွားအောင် ဖန်တီးလိုက်ပါဦးနော်။
17. မျက်နှာကျက်မှာ တိမ်ပုံစံမီးအိမ်ကို တပ်ဆင်ခြင်းဖြင့် ညဘက်ကောင်းကင်ကြီးကို ခံစားနိုင်ပါတယ်။
18. ဖန်သားကြမ်းပြင်ကလည်း သင်ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နိဗ္ဗာန်ဘုံနဲ့ နီးလာသလို ခံစားရအောင် ခေါ်ဆောင်ပေးသွားမှာပါ။
19. အလှမွေး ငါးကန်ကော်ဖီစားပွဲလေးက ဧည့်ခန်းကို ဆွဲဆောင်မှု ရှိစေပါတယ်။
20. ဘုရားကျောင်းတွေမှာ တပ်သလို မှန်ရောင်စုံပြူတင်းပေါက် သို့မဟုတ် တံခါးပေါက်က သင့်အိမ်ကို ရောင်စုံဖြာပြီး လှပစေမှာ သေချာပါတယ်။
သင့်အိမ်ကို ပုံစံသစ်နဲ့ ပြုပြင်တည်ဆောက်မယ်ဆိုရင် ဘယ်ဒီဇိုင်းလေးကို သဘောကျလဲ..
Zombie(LoveMedia)
0 Comments