ကိုဗစ်-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈) ခုနှင့်

- ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ( မော်လမြိုင်)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇) ခု၊

စုစုပေါင်း (၈၂၅) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။

၂။ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲ စစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြု လူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည် ဖြစ်ပါသည်။

Ministry_of_Health_and_Sports

MoHS