👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့ တူတယ်။ အဖျားငွေ့ငွေ့လေး ရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက် မပျက်ဘူး ။ စားနိုင် သောက်နိုင်တယ် ။
👉( 4 ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။ လည်ချောင်းနည်းနည်း ပိုနာလာမယ် ။ အစားအသောက် ပျက်လာမယ် ။ ခေါင်းတွေ ကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။
👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။ အစားအသောက် စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။
👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲ ရှိနေဦးမယ် ။ လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာ ခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။
👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် ။
👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလို ဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်
အရေးပေါ် အခြေအနေမှာတော့ ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။ မျက်နာတွေ ပြာလာမယ် ။ မျက်လုံးတွေ ပြာလာမယ် ။ ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။
အတိုချုပ်ပြောရရင်
လူတစ်ယောက်ဟာ ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့ မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်
👉80% က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉20% က ရောဂါ ပြင်းထန်တတ်ကြပါတယ်
ဒေါက်တာ ဇင်မင်းထွန်း
ကိုးကား _ စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ
For Zawgyi
ကိုဗစ်ဗိုင်းရပ် ကူးစက်ခံရရင် ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်
👉( 1 - 3 ) ရက်
👉( 4 ) ရက်‌မြောက်နေ့
👉 ( 5 ) ရက်မြောက်နေ့
👉 ( 6 ) ရက်မြောက်နေ့
👉 ( 7 ) ရက်မြောက်နေ့
👉 ( 8 ) ရက်မြောက်နေ့
အတိုချုပ်ပြောရရင်
ဒေါက်တာ ဇင်မင်းထွန်း