ကိုဗစ် 19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၂၀-၈-၂၀၂၀) ရက်နေ့ အတွက် ကိုဗစ် 19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၈၁၁) ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ် 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိပါသည်။
၂။ (၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၀၉) ဦးရှိပြီ ဖြစ်ပါသည်။
၃။ (၂၀-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် 19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာမှုများ အနေဖြင့် -
• အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၀၉၆) ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၆၀) ခု၊
• ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၇၉) ခု၊
• ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ( မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၇၆) ခု၊
• စုစုပေါင်း (၁,၆၁၁) ခုအား စစ်ဆေးခဲ့ပါသည်။
source - Ministry of Health and Sports
0 Comments