ယခုခေတ်မှာ မျက်နှာ V shape ပုံစံတွေက ခေတ်စားလာပါတယ်။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကတော့ ခွဲစိတ်စရာ မလိုဘဲ မျက်နှာကို V shape ပေါ်စေပါတယ်။ ဒါ့အပြင် လည်ပင်းနာတာ၊ ခေါင်းကိုက်တာတွေကိုလည်း ကာကွယ်ပေးတဲ့ လေ့ကျင့်ခန်းလေးတွေပါ။

၁။ လက်မနှစ်ခုကို မေးစေ့အောက်မှာထားပါ။ အဲဒီနောက် မေးရိုးတစ်လျှောက် နားအထိရောက်အောင်  လက်မနဲ့ ပင့်တွန်းပေးပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို ၁၀ခါလုပ်ပေးရမှာပါ။ အကျိုးကျေးဇူး အနေနဲ့ကတော့ မေးရိုးကို သန်မာစေပြီး မေးရိုးနားက အဆီတွေကို ကျစေပါတယ်။

၂။ စားပွဲတစ်လုံးပေါ်မှာ တံတောင်ဆစ်ကို ထောက်ထားပြီးတော့ မေးရိုးအောက်မှာ လက်သီးဆုပ်ကို ထားပါ။ ပြီးရင်တော့ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၊ ပိတ်လိုက်ပါ။ ပါးစပ်ကို အချိန်အနည်းငယ်ကြာအောင် ဖွင့်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်ကြိမ်လျှင် ၁၀ ခါနဲ့ ၃ ကြိမ်လုပ်ပေးရမှာပါ။ မေးရိုးပုံစံ ပေါ်လာပြီးတော့ မျက်နှာကြွက်သားတွေကို သန်မာစေပါတယ်။

၃။ နှုတ်ခမ်းကို ပိတ်ထားပြီး အပေါ်နှုတ်ခမ်းအားနဲ့ မေးရိုးကို အပေါ်မ တင်ရမှာပါ။ မေးရိုးကို ၁၀ စက္ကန့်ကြာအောင် မတင်ရမှာပါ။  ကြွက်သားတွေကို ဆွဲဆန့်သလို ခံစားရစေပါတယ်။ တစ်ကြိမ်လျှင် ၁၅ ခါနဲ့ ၃ ကြိမ်ပြုလုပ်ပေးလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ မေးရိုးပေါ်လာစေပြီး မေးစေ့အောက်ဘက်က အဆီတွေကို ကျစေပါတယ်။

၄။ ဒီလေ့ကျင့်ခန်းကတော့ ပါးစပ်ကို ဟနိုင်သမျှ ကျယ်ကျယ်ဟရမှာပါ။ ဒါမှမဟုတ်  အင်္ဂလိပ်အက္ခရာ အိုနဲ့ အီးကို အားရပါးရအသံကျယ်ကျယ်ဆိုလို့လည်းရပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်ကြိမ်လျှင် ၁၅ ခါနဲ့ ၃ ကြိမ်ပြုလုပ်ပေးရမှာပါ။ မျက်နှာကြွက်သားတွေ သန်မာလာပြီး မေးအဆီတွေ ကျသွားတာကတော့ သူ့ရဲ့ အကျိုးကျေးဇူးတွေပါပဲ။

၅။ မျက်နှာနဲ့ ကြမ်းပြင်ကို အပြိုင်အနေအထားမှာ ထားပါ။ ပြီးရင်တော့ ကြွက်သားတွေ ကျုံ့လာတယ်လို့ ခံစားရတဲ့အထိ မျက်နှာကို ဖြည်းဖြည်းချင်း နောက်ဆုတ်ပါ။ပြီးရင်တော့ မူလအနေအထားအတိုင်းပြန်နေပါ။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်ကြိမ်လျှင် ၁၀ ခါနဲ့ ၃ ကြိမ်ပြုလုပ်ပေးရမှာပါ။ အကျိုးကျေးဇူးအနေနဲ့ကတော့ မေးအောက်က အဆီတွေကျသွားပြီး V shape လေး ပေါ်လာမှာဖြစ်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ခြဲစိတ္စရာမလို မ်က္ႏွာကို V shape ေပၚေစမယ့္ ေလ့က်င့္ခန္း (၅) ခု

ယခုေခတ္မွာ မ်က္ႏွာ V shape ပုံစံေတြက ေခတ္စားလာပါတယ္။ အခုေဖာ္ျပေပးမယ့္ ေလ့က်င့္ခန္းေတြကေတာ့ ခြဲစိတ္စရာ မလိုဘဲ မ်က္ႏွာကို V shape ေပၚေစပါတယ္။ ဒါ့အျပင္ လည္ပင္းနာတာ၊ ေခါင္းကိုက္တာေတြကိုလည္း ကာကြယ္ေပးတဲ့ ေလ့က်င့္ခန္းေလးေတြပါ။ 

၁။ လက္မႏွစ္ခုကို ေမးေစ့ေအာက္မွာထားပါ။ အဲဒီေနာက္ ေမး႐ိုးတစ္ေလွ်ာက္ နားအထိေရာက္ေအာင္  လက္မနဲ႔ ပင့္တြန္းေပးပါ။ ဒီေလ့က်င့္ခန္းကို တစ္ေန႔ကို ၁၀ခါလုပ္ေပးရမွာပါ။ အက်ိဳးေက်းဇူး အေနနဲ႔ကေတာ့ ေမး႐ိုးကို သန္မာေစၿပီး ေမး႐ိုးနားက အဆီေတြကို က်ေစပါတယ္။

၂။ စားပြဲတစ္လုံးေပၚမွာ တံေတာင္ဆစ္ကို ေထာက္ထားၿပီးေတာ့ ေမး႐ိုးေအာက္မွာ လက္သီးဆုပ္ကို ထားပါ။ ၿပီးရင္ေတာ့ ပါးစပ္ကို ျဖည္းျဖည္းခ်င္း ဖြင့္လိုက္၊ ပိတ္လိုက္ပါ။ ပါးစပ္ကို အခ်ိန္အနည္းငယ္ၾကာေအာင္ ဖြင့္ေပးရမွာပါ။ ဒီေလ့က်င့္ခန္းကိုေတာ့ တစ္ႀကိမ္လွ်င္ ၁၀ ခါနဲ႔ ၃ ႀကိမ္လုပ္ေပးရမွာပါ။ ေမး႐ိုးပုံစံ ေပၚလာၿပီးေတာ့ မ်က္ႏွာႂကြက္သားေတြကို သန္မာေစပါတယ္။

၃။ ႏႈတ္ခမ္းကို ပိတ္ထားၿပီး အေပၚႏႈတ္ခမ္းအားနဲ႔ ေမး႐ိုးကို အေပၚမ တင္ရမွာပါ။ ေမး႐ိုးကို ၁၀ စကၠန႔္ၾကာေအာင္ မတင္ရမွာပါ။  ႂကြက္သားေတြကို ဆြဲဆန႔္သလို ခံစားရေစပါတယ္။ တစ္ႀကိမ္လွ်င္ ၁၅ ခါနဲ႔ ၃ ႀကိမ္ျပဳလုပ္ေပးလို႔ ရပါတယ္။ ဒီေလ့က်င့္ခန္းကေတာ့ ေမး႐ိုးေပၚလာေစၿပီး ေမးေစ့ေအာက္ဘက္က အဆီေတြကို က်ေစပါတယ္။

၄။ ဒီေလ့က်င့္ခန္းကေတာ့ ပါးစပ္ကို ဟႏိုင္သမွ် က်ယ္က်ယ္ဟရမွာပါ။ ဒါမွမဟုတ္  အဂၤလိပ္အကၡရာ အိုနဲ႔ အီးကို အားရပါးရအသံက်ယ္က်ယ္ဆိုလို႔လည္းရပါတယ္။ ဒီေလ့က်င့္ခန္းကိုေတာ့ တစ္ႀကိမ္လွ်င္ ၁၅ ခါနဲ႔ ၃ ႀကိမ္ျပဳလုပ္ေပးရမွာပါ။ မ်က္ႏွာႂကြက္သားေတြ သန္မာလာၿပီး ေမးအဆီေတြ က်သြားတာကေတာ့ သူ႔ရဲ႕ အက်ိဳးေက်းဇူးေတြပါပဲ။ 

၅။ မ်က္ႏွာနဲ႔ ၾကမ္းျပင္ကို အၿပိဳင္အေနအထားမွာ ထားပါ။ ၿပီးရင္ေတာ့ ႂကြက္သားေတြ က်ဳံ႕လာတယ္လို႔ ခံစားရတဲ့အထိ မ်က္ႏွာကို ျဖည္းျဖည္းခ်င္း ေနာက္ဆုတ္ပါ။ၿပီးရင္ေတာ့ မူလအေနအထားအတိုင္းျပန္ေနပါ။ ဒီေလ့က်င့္ခန္းကိုေတာ့ တစ္ႀကိမ္လွ်င္ ၁၀ ခါနဲ႔ ၃ ႀကိမ္ျပဳလုပ္ေပးရမွာပါ။ အက်ိဳးေက်းဇူးအေနနဲ႔ကေတာ့ ေမးေအာက္က အဆီေတြက်သြားၿပီး V shape ေလး ေပၚလာမွာျဖစ္ပါတယ္။

Zombie (Lovemedia)