အဆစ်ရောင်ခြင်း အမျိုးမျိုးရှိတဲ့ အနက်မှာမှ အရိုးအဆစ်ရောင်ရမ်းနာက တွေ့ရအများဆုံးပါ။ အရိုးနုတွေက အားနည်းလာတဲ့အခါ အဆစ်ရောင်တာ၊ နာတာတွေ ဖြစ်လာပညတယ်။ အိမ်တွင်းဆေးနည်းနဲ့ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်ခြင်းက အဆစ်ရောင်နာကို သက်သာစေမှာပါ။
၁။ စားသောက်မှုပုံစံပြောင်းလဲခြင်း
အဆစ်နာတာကို သက်သာဖို့ဆိုရင် ပထမဆုံးအနေနဲ့ စားသောက်မှုပုံစံကို ပြောင်းဖို့လိုပါတယ်။ အသီးအနှံ၊ ပဲတောင့်ရှည်၊ ဂျုံစတာတွေက အူတွင်းကျန်းမာရေးကို ကောင်းစေပါတယ်။  နို့ထွက်ပစ္စည်းတွေနဲ့ အသားတွေကိုတော့ တတ်နိုင်သလောက် ရှောင်ရမှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝ အစားအစာတွေက အဆစ်ရောင်တာကို သက်သာစေပါတယ်။
၂။ ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
ကိုယ်အလေးချိန် တစ်ပေါင်တိုးတိုင်း ဒူးဆစ်မှာ ဖိအား ၄ ပေါင် တိုးပါတယ်။ အဆစ်တွေမှာ ဖိအားများနေရင် အရိုးနုတွေက လွယ်လွယ်ကျိုးနိုင်ပါတယ်။ ကိုယ်အလေးချိန် တိုးမလာအောင် ထိန်းထားနိုင်ရင် အဆစ်ရောင်တာကို တစ်မျိုးကာကွယ်ပြီးသား ဖြစ်စေမှာပါ။
၃။ အပူအိတ်၊ အအေးအိတ်ကပ်ခြင်း
အဆစ်ရောင်နေတဲ့အခါ အပူအိတ်၊ အအေးအိတ်ကပ်ပေးခြင်းက ထူးထူးခြားခြား အကျိုးရှိစေပါတယ်။ အိတ်လေးတွေ လုပ်ဖို့က လွယ်ပါတယ်။ ချည်သားအိတ် သန့်သန့်ထဲမှာ ပြောင်းဖူး၊ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ အပူချိန်ကို ထိန်းထားနိုင်မယ့် တခြားအရာတွေလည်း ထည့်လို့ရပါတယ်။ အဲဒီအိတ်ကို ခဏကြာအပူပေးပြီး ရေခဲသေ တ္တာထဲမီာ အအေးခံပါ။ အိတ်ကို အပူပေးတဲ့အခါ မိနစ်၂၀ထက် မကျော်သင့်ပါဘူး။
၄။ နှိပ်နယ်ခြင်း
အဆစ်ရောင်တဲ့နေရာကို မပြင်းထန်တဲ့အားနဲ့ နှိပ်ပေးတဲ့အခါ နာကျင်တာသက်သာပြီး သွားရလာရတာ ပိုကောင်းလာပါတယ်။ နှိပ်နယ်ခြင်းက ကောတီဇုန်းဟော်မုန်းကို လျော့စေပါတယ်။
၅။ အိုမီဂါ ၃
အိုမီဂါ ၃ က ခန္ဓါကိုယ်ထဲက ရောင်ရမ်းနာကျင်တာတွေကို လျော့ပါးစေပြီး ကိုယ်ခံအားလည်း ကောင်းစေပါတယ်။အဲဒါကြောင့် အဆစ်ရောင်ရမ်းနာကျင်တာ သက်သာဖို့အတွက် အိုမီဂါ ၃ကို သောက်ပေးသင့်ပါတယ်။ အိုမီဂါ ၃ က အဆီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ အစေ့အဆံ၊ ငါးကြီးဆီတွေကို ပုံမှန်စားသွားရင်  အဆစ်ကျန်းမာရေးကို ထိန်းသိမ်းပြီးသားပါပဲ။ 
၆။ တရားထိုင်ခြင်း
တရားထိုင်တာက စိတ်ဖိစီးမှုကို လျော့စေတဲ့အပြင် နာတာရှည်ရောဂါတွေ၊ အဆစ်ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ မနက်ခင်းတိုင်း ၁၀ မိနစ်ကနေ ၄၅ မိနစ်အထိ ပုံမှန်တရားထိုင်ပေးရင် တစ်နေကုန် လန်းဆန်းတာကို တွေ့ရမှာပါ။ 
၇။ ဗီတာမင် ဒီ
အဆစ်ရောင်ရမ်းနာကျင်ပြီဆိုရင် ဗီတာမင်ဒီကိုလည်း မေ့ထားလို့မရပါဘူး။ ဗီတာမင်ဒီက အရိုးကိုသန်မာစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ မနက်နေရောင်ခြည်မှာ နေပူစာလှုံရင် ဗီတာမင်ဒီ ရရှိပါတယ်။ ကြက်ဥအနှစ်၊ ငါး စတဲ့ ဗီတာမင်ဒီ များများပါတဲ့အစားအစာတွေက အရိုးအဆစ် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ထဲမှာ ဗီတာမင်ဒီကို ပုံမှန်အဆင့်လောက်မှာပဲ ထိန်းသိမ်းထားတာ အကောင်းဆုံးပါ။
၈။ နေရောင်ခြည်
သင်က အဆစ်ရောင်ရမ်း နာကျင်တတ်သူဆိုရင် နေ့တိုင်းနေ့တိုင်း နေရောင်ခြည်ရှိတဲ့ အချိန်မှာ လမ်းလျှောက်ထွက်ပေးဖို့ လိုပါတယ်။ နေရောင်ခြည် ကောင်းကောင်းမရတဲ့ ဒေသတွေ၊ ရာသီဥတု အမြဲစိုထိုင်းတဲ့ဒေသတွေမှာ နေထိုင်တဲ့လူတွေဟာ အဆစ်ရောင်နာ ပိုဖြစ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။
၉။ ဂျင်း
ဂျင်းကလည်း အဆစ်ရောင်နာကို သက်သာစေတဲ့ဆေးပါပဲ။ နေ့စဉ်စားတဲ့ အစားအစာထဲမှာ ဂျင်းကို ထည့်စားရင် ထူးခြားတဲ့ အာနိသင်ကို တွေ့ရမှာပါ။
၁၀။ အက်စတာပင်
အက်စတာပင်ပို သိပ္ပံနာမည်နဲ့ Arnica လို့ခေါ်ကြပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးတွေကတော့ အဆစ်ရောင်နာကို သက်သာစေတာပါ။ Arnica ကို ဂျယ်လ်၊ ခရင်မ်စတဲ့ ကုန်ချောတွေအဖြစ် ထုတ်လုပ်ကြပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူးကတော့ အတူတူပါပဲ။
zombie (Lovemedia)
For Zawgyi
အဆစ်နာကျင်ခြင်းကို သက်သာ​​စေမယ့် လွယ်လွယ်ကူကူနည်းလမ်းများ
၎။ နှိပ်နယ်ခြင်း
၅။ အိုမီဂါ ၃
၆။ တရားထိုင်ခြင်း
၇။ ဗီတာမင် ဒီ
၈။ ​နေ​ရောင်ခြည်
၉။ ဂျင်း
၁၀။ အက်စတာပင်
zombie (Lovemedia)