သွေးကြောပိတ်ခြင်းက သက်ကြီးရွယ်အိုတွေမှာပဲ ဖြစ်တတ်တယ်လို့ လူအများစုက ထင်မြင်နေကြပါတယ်။ ဒါပေမယ့် သွေးကြောပိတ်ခြင်းက အသက် ၂၀ ပတ်ဝန်းကျင်အရွယ်တွေ မှာလည်း ဖြစ်တတ်ပါတယ်။ သွေးကြောပိတ်ခြင်းရဲ့ လက္ခဏာတွေကို ကြိုတင်သိထားဖို့က အရေးကြီးပါတယ်။

၁။ ခြေသလုံး၊ ပေါင်နဲ့ တင်ပါးတွင် နာကျင်ခြင်း


လမ်းလျှောက်နေသလိုအချိန်မျိုးမှာ ခြေထောက်ထဲက စူးခနဲနာကျင်တာမျိုးက သွေးကြောပိတ်ခြင်းရဲ့လက္ခဏာတစ်ခုပါပဲ။ ခြေထောက်မှာ သွေးတွေ ကောင်းကောင်းမစီးဆင်းနိုင်တော့တဲ့အခါ အဲဒီလက္ခဏာပြတတ်ပါတယ်။ နောက်ထပ်လက္ခဏာတွေကတော့ ကြွက်သားနာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ပါပဲ။

၂။ ရင်ဘတ်အောင့်ခြင်း


ရင်ဘတ်အောင့်ခြင်းက နှလုံးဆီကို သွေးရောက်မှုနည်းသွားလို့ပါ။ အဲဒီအခါ ရင်ဘတ်ထဲမှာ တင်းကျပ်လာပြီး မောပန်းအားကုန်သလို ဖြစ်လာပါတယ်။ ရင်ဘတ်အောင့်ခြင်းက နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၃။ အမြင်အာရုံ ခဏတာ ပျောက်ဆုံးခြင်း


မျက်လုံးနဲ့ ဦးနှောက်ကို သွေးတွေပို့ပေးတဲ့ သွေးလွှတ်ကြောတွေ ပိတ်တဲ့အခါ အမြင်အာရုံ ခဏတာ ပျောက်ဆုံးတာ၊ ဝေဝါးသွားတာ ဖြစ်တတ်ပါတယ်။ သွေးကြောက လုံးဝပိတ်သွားတဲ့အခါ လေဖြတ်တတ်တဲ့အထိ ဖြစ်တတ်ပါတယ်။ အဲဒီကြောင့် ဒီလိုလက္ခဏာပြလာရင် အလွန်ကို သတိထားသင့်ပါတယ်။

၄။ ခါးနာခြင်း


ခါးနာခြင်းကလည်း မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပါပဲ။ ခါးဆီကိုသွားတဲ့ သွေးကြောတွေ နည်းသွားတဲ့အခါ ကျောရိုးဆစ်တွေက နာကျင်လာပါတယ်။

၅။ အသက်ရှူမဝခြင်း


နှလုံးက သွေးတွေကို လုံလုံလောက်လောက် မညှစ်ထုတ်နိုင်တော့တဲ့အခါ အသက်ရှူမဝဖြစ်လာပါတယ်။ ဒါပေမယ့် လူအများက အသက်ရှူမဝတာကို စိုးရိမ်ရတဲ့လက္ခဏာလို့ မထင်ကြပါဘူး။

၆။ ခြေထောက်နှင့် လက်များ အေးလာခြင်း


သွေးကြောတွေက ကျဉ်းမြောင်းသွားပြီး ခြေချောင်းတွေဆီကို သွေးရောက်ရှိမှု နည်းသွားတဲ့အခါ ခြေထောက်တွေ အေးလာတတ်ပါတယ်။ ခြေထောက်တွေက ရုတ်တရက်ကြီး သိသိသာသာ အေးစက်လာရင် ဦးနှောက်၊ နှလုံးနဲ့ လေဖြတ်ရောဂါကိုပါ ဖြစ်စေနိုင်လို့ ဆရာဝန်ဆီကို အမြန်သွားပြသင့်ပါတယ်။

၇။ မောပန်းနွမ်းနယ်ခြင်း၊ မူးခြင်း


မောပန်းနွမ်းနယ်ခြင်းကလည်း နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါရဲ့လက္ခဏာတစ်ခုပါပဲ။ ခန္ဓါကိုယ်မှာ အောက်ဆီဂျင် အလုံအလောက်မရတဲ့အခါ ဖြစ်တတ်ပြီး အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။

ဘာတွေက သွေးကြောတွေကို ပိတ်စေတာလဲ။

-သွေးထဲက ကိုလက်စထရော level မညီမျှတဲ့အခါ ဖြစ်ပါတယ်။

-သွေးတဲ့အခါမှာလည်း သွေးကြောတွေ ပိတ်သွားတတ်ပါတယ်။ သွေးပေါင်ချိန်က ၁၄၀/၉၀ ထက် မပိုသင့်ပါဘူး။


-ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို တင်းကျပ်လာစေပြီး ပျက်စီးစေပါတယ်။ ကိုလက်စထရော level လည်း မြင့်လာစေတဲ့အပြင် သွေးတိုးရောဂါလည်း ရလာမှာပါ။ ဆေးလိပ်သောက်ခြင်းက ခန္ဓါကိုယ်ထဲက တစ်ရှူးတွေဆီကို အောက်ဆီဂျင် အလုံအလောက် မရစေပါဘူး။

-အဝလွန်ခြင်း ကလည်း သွေးကြောပိတ်ခြင်းကို ဖြစ်စေပါတယ်။

Zombie (LoveMedia)